Related Posts Plugin for WordPress, Blogger...

Saturday, November 1, 2014

ရန်ကုန်နှင့် မန္တလေး နည်းပညာတက္ကသိုလ်ဝင်ခွင့် အနိမ့်ဆုံးရမှတ် ၄၈၀ သတ်မှတ်

သိပံ္ပနှင့် နည်းပညာဝန် ကြီးဌာနလက်အောက်ရှိ ရန်ကုန် နှင့် မန္တလေး နည်းပညာတက္က သိုလ် (COE) ၀င်ခွင့်အမှတ်ကို ယခုပညာသင်နှစ်တွင် အနည်း ဆုံးရမှတ် ၄၈၀ နှင့် ကျန် နည်းပညာ တက္ကသိုလ်များအ တွက်ဝင်ခွင့်ကို ရမှတ် ၃၈၀ သတ်မှတ်၍ ခေါ်ယူသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

‘‘ဒီနှစ်ဆယ်တန်းအောင်တဲ့ ကျောင်းသူ၊ ကျောင်းသားအကုန် လုံးကို စက်မှုနှင့်သက်မွေးပညာ ဦးစီးဌာနရဲ့ နည်းပညာတက္ကသိုလ် အားလုံးမှာ BE ခြောက်နှစ်ဆိုပြီး တော့ ဒီနှစ်ကစပြီး ခေါ်ယူမှာဖြစ် ပါတယ်’’ဟု ရန်ကုန်နည်းပညာ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက် တာအေးမြင့်က ပြောကြားခဲ့ သည်။

ရန်ကုန်နှင့်မန္တလေးနည်း ပညာတက္ကသိုလ်များကို အဆင့်မြင့်နည်းပညာတက္ကသိုလ်အဖြစ်ဖွင့်လှစ်ထားပြီး တက်ရောက်ခွင့်ရရှိသည့် ကျောင်းသူ၊ ကျောင်းသားများကို ပညာသင်နှစ်ခြောက်နှစ် သင်ကြားပေးပြီး အင်ဂျင်နီယာဘွဲ့(BE) ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ယခုနှစ်မှစ၍ ကျန်နည်းပညာတက္ကသိုလ်များတွင်ပါ ပညာသင်နှစ်တစ်နှစ်တိုး၍ စုစုပေါင်း ခြောက်နှစ်တက်ရောက်ကာ အင်ဂျင်နီယာဘွဲ့(BE) ရရှိမည်ဖြစ်သည်။

ရန်ကုန်နှင့် မန္တလေးနည်း ပညာတက္ကသိုလ်များတွင် စာသင်နှစ်တစ်နှစ်လျှင် ကျောင်းသူ၊ ကျောင်းသားဦးရေ ၃၀၀ ကို လက်ခံပြီး အင်ဂျင်နီယာဘာသာ ရပ် ၁၁ ခုနှင့် ဗိသုကာ ဘာသာရပ် ၁ ခု စုစုပေါင်းဘာသာရပ် ၁၂ ခု သင်ကြားပေးလျက်ရှိသည်။

နည်းပညာ တက္ကသိုလ်ရှိ ဘာသာရပ်များအနက် နှစ်စဉ် ဦးစားပေး ဘာသာရပ်အနေဖြင့် ဗိသုကာဘာသာရပ် (Architect ure)၊ မြို့ပြအင်ဂျင်နီယာဘာသာ ရပ် (Civil) တို့တွင် တက်ရောက်လိုသူ များပြားလေ့ရှိသောကြောင့် ၀င် ခွင့်အမှတ်များပြားလေ့ရှိသည်။

သိပံ္ပနှင့် နည်းပညာဝန်ကြီး ဌာနက ဖွင့်လှစ်ထားသော နည်း ပညာတက္ကသိုလ် ၂၉ ခုတွင် အင် ဂျင်နီယာဘွဲ့များပေးအပ်၍ နည်း ပညာကောလိပ်များအား အစိုးရ နည်းပညာသိပ္ပံအဖြစ် ပြောင်းလဲ ကာ AGTI သင်တန်းများ ပို့ချ မည်ဖြစ်သည်။

နည်းပညာတက္ကသိုလ်များ ၏ ၀င်ခွင့်အတွက် တက္ကသိုလ် ၀င်ခွင့်လမ်းညွှန်မှ တစ်ဆင့် လျှောက်လွှာခေါ်ယူ၍ အစိုးရ နည်းပညာသိပံ္ပများ၏ ၀င်ခွင့် အတွက်နိုင်ငံပိုင်သတင်းစာများမှ တစ်ဆင့်လျှောက်လွှာခေါ်ယူမည် ဖြစ်သည်။ အစိုးရနည်းပညာသိပံ္ပ မရှိသော ဒေသမှ ကျောင်းသား များအနေဖြင့် နီးစပ်ရာအစိုးရ နည်းပညာသိပံ္ပတွင် တက်ရောက် နိုင်မည်ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U