Related Posts Plugin for WordPress, Blogger...

Sunday, November 2, 2014

ရန်ကုန်မှာ အဝတ်အစားချွတ်ပြီး စစ်ဆေးမှုကို ရဲတပ်ဖွဲ့ စုံစမ်းမည်




ရန်ကုန်က ရဲတပ်ကြပ်ကြီး ၁ ယောက် နဲ့ အရပ်ဘက်အုပ်ချုပ်ရေးမှူး ၂ ယောက်ရဲ့ မဖွယ်မရာပြုမူမှုအကြောင်း စုံစမ်းစစ်ဆေးနေပြီလို့ သိရပါတယ်။
ရွှေပြည်သာမြို့နယ်မှာ အောက်တိုဘာ ၂၉ ရက်နေ့က ပေါ်ပေါက်ခဲ့တဲ့အမှု လို့ ဆိုတယ်။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရဲ့ သောကြာနေ့ ထုတ်ပြန်ချက်မှာ အဲဒီလို ရေးထားပါတယ်။

လူငယ်တယောက်ကို အဝတ်အစား ချွတ်ပြီး စစ်ဆေးမေးမြန်းတဲ့ ဓာတ်ပုံတချို့ Facebook ထဲ ရောက်လာပြီး နောက်ပိုင်းမှာ ချက်ချင်း ထွက်ပေါ်လာတဲ့ ကြေညာချက်ပါ။

ဒီသတင်းအတွက် စုံစမ်း စစ်ဆေးနေပြီလို့ ဆိုတဲ့  ရဲတပ်ဖွဲ့ကို ချီးကျူးရမှာဖြစ်ပါတယ်။

စုံစမ်း စစ်ဆေးမှုအခြေအနေ ဘယ်လို ရှိမလဲ၊ အဆုံးသတ် ဘယ်လိုဖြစ်မလဲ ဆိုတာကို စောင့်ကြည့်မယ့်သူတွေ ရှိနေပါလိမ့်မယ်။

ရဲတပ်ဖွဲ့ကတော့ ဖြစ်ပျက်လာတာတွေကို "တိတိကျကျ၊ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန်" ဆောင်ရွက်မယ့်သဘောမျိုး ဒီထုတ်ပြန်ချက်မှာ ထင်ဟပ်နေသလိုပါပဲ။

ထုတ်ပြန်ချက်ကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။

၂၉.၁၀.၂၀၁၄ ရက်နေ့တွင် Facebook လူမှုကွန်ယက်စာမျက်နှာများတွင် “လူ့ကျင့်ဝတ်နဲ့မညီတဲ့ တရားဥပဒေနဲ့ မကိုက်ညီတဲ့စစ်ဆေးမှု” ဟူသော
ခေါင်းစဉ်ဖြင့် ဇီးကုန်း၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်မြို့မှာ လူငယ်ချင်းရန်ဖြစ်တဲ့
အမှုကို လူ့ကျင့်ဝတ်နဲ့မလျှော်ညီဘဲ လူ့အခွင့်အရေးကို ချိုးဖောက်ပြီး နယ်ထိန်း
အောင်မြင့်စိုး၊ ရာအိမ်မှူး သန်းထိုက်အောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဌေးမြင့်
တို့က လူငယ်တစ်ယောက်ကိုအ၀တ်အစားတွေ့အတင်းချွတ်ခိုင်းပြီး စစ်ဆေးနေကြောင်း၊
၎င်းလူငယ်မှာ ရန်ပွဲထဲတွင်လည်းမပါဝင်ကြောင်း၊
ယင်းကဲ့သို့လုပ်ရပ်မျိုး လုပ်ဆောင်နေသူတွေကို ထိထိရောက်ရောက်အရေးယူဖို့တောင်းဆိုကြောင်း
ဓါတ်ပုံမှတ်တမ်းများနှင့်တကွ ဖော်ပြထားရှိသည်ကိုတွေ့ရှိရပါသည်။

၎င်းဖြစ်စဉ်မှ ရဲတပ်ကြပ်ကြီး အောင်မြင့်စိုး၏ပါဝင်ပတ်သက်မှုကို စုံစမ်း
စစ်ဆေးရေးခုံရုံးဖွဲ့စည်းကာ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ရဲစည်းကမ်း
ထိန်းသိမ်းရေးဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U