Related Posts Plugin for WordPress, Blogger...

Sunday, November 2, 2014

ကိုပါကြီးအမှု စနစ်တကျစုံစမ်းစစ်ဆေးဖို့ ရန်ကုန်မှာ တောင်းဆိုမယ်

မွန်ပြည်နယ်ကကိုပါကြီး သေဆုံးမှုနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ ရန်ကုန်မှာ တောင်းဆိုကြမယ်လို့
ဒီမိုကရေစီအရေးနဲ့လူ့အခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။



  • (ကိုပါကြီးကွယ်လွန်သွားတယ်ဆိုတဲ့သတင်းထွက်လာပြီးနောက်ပိုင်း အွန်လိုင်းမှာ တွေ့နေရတဲ့ ပိုစတာတခု)

သေဆုံးမှုနဲ့ ပတ်သက်တဲ့ အသေးစိတ် စုံစမ်းစစ်ဆေးမှုလုပ်ဖို့၊ တရားမျှတမှု ရရှိဖို့၊ ရုပ်အလောင်းကို မိသားစုံထံ လွှဲအပ်ဖို့
တောင်းဆိုကြမယ်လို့ Generation Wave အဖွဲ့က ကိုမိုဃ်းသွေးက ပြောပါတယ်။

ကြာသပတေးနေ့ညနေပိုင်းမှာတော့ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးရဲ့လက်ထောက်တဦးက မြန်မာစာနယ်ဇင်းကောင်စီကို ကြေညာချက်တစောင် ပေးပို့လာပါတယ်။
အောက်တိုဘာ ၄ ရက်နေ့က ကျိုက်မရောမှာ ကိုပါကြီးကို ပစ်လို့ ကွယ်လွန်သွားတယ်ဆိုတဲ့အကြောင်း ဖော်ပြထားတယ်လို့
ဧရာဝတီ အင်္ဂလိပ်ပိုင်းသတင်း http://www.irrawaddy.org/burma/demonstration-call-investigation-journalists-killing.html  မှာ ရေးထားပါတယ်။

 စနေ  ညနေ ၄ နာရီ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ အထက်ပါအတိုင်း တောင်းဆိုမယ်လို့ ကိုနေမျိုးဇင်ကလည်း ပြောပါတယ်။ သူတို့ တောင်းဆိုကြမယ့်  အဓိက အချက် နှစ်ခုက -
(၁) ကိုပါကြီး ရဲ့ ရုပ်အလောင်းကို အများပြည်သူသို့ ထုတ်ပြန်ပြသပေးရေး။
(၂) ကိုပါကြီး သေဆုံးမှုကို နိုင်ငံတကာ ဆေးမှုခင်း အဖွဲ့၊ ပြည်တွင်းက လူမှုအဖွဲ့အစည်း ကျွမ်းကျင်သူများ အကူအညီနဲ့ စနစ်တကျ စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး စစ်ဆေးခွင့် ရရှိရေးတို့
ဖြစ်ကြောင်း သူက ဆိုပါတယ်။

အာဏာပိုင်တွေအတွက် မေးခွန်းတချို့ကိုလည်း တရားဝင် အိတ်ဖွင့် ပေးစာအဖြစ် ဖေါ်ပြ မေးမြန်းမှာဖြစ်ပါတယ် တဲ့။

သူတို့ ပြင်ဆင်ထားတဲ့ မေးခွန်းအများအပြားထဲမှာ

 -  ဘယ်သူက ကိုပါကြီးကို ဘယ်ဥပဒေ နဲ့ ဘယ်နေ့က ဘယ်နေရာမှာ ဘယ်လို အမိန့်အာဏာကို အသုံးပြုပြီး ဘယ်လို ဖမ်းသွားခဲ့သလဲ?

 -  လူတစ်ယောက်ကို ဖမ်းဆီးပြီး လျို့ဝှက်ထိမ်းသိမ်း တတ်တဲ့ ဖက်ဆစ်ခေတ် စစ်အာဏာရှင် ခေတ်က အတိုင်း ဘယ်သူက အမိန့်ပေးလို့ ဘယ်စစ်အရာရှိက ဘယ်တပ်စခန်း အချုပ်မှာ ဘယ်လို စစ်ကြောရေး အဖွဲ့တွေနဲ့ ဘယ်လောက် စစ်ကြောသလဲ၊

 -  ရှေ့နေ တွေ့ခွင့် ပေးခဲ့ပါသလား။ သူ့ မိသားစုနဲ့ ဆက်သွယ်ခွင့် ပေးခဲ့ပါသလား။ ဥပဒေ အကြံဥာဏ်ပေးသူနဲ့ တွေ့ခွင့် ရခဲ့ပါသလား။

ဆိုတဲ့ ၃ ခုကို ထိပ်ဆုံးမှာ တွေ့ရပါတယ်။

ကိုနေမျိုးဇင် ဖေ့စ်ဘုတ်မှာတော့ စနေနေ့မှာ ဆန္ဒပြမယ်လို့ ရေးပါတယ်။
ကိုမိုဃ်းသွေးကတော့ တနင်္ဂနွေနေ့မှာ ဆန္ဒပြမယ်လို့ ရေးပါတယ်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U