Related Posts Plugin for WordPress, Blogger...

Saturday, November 1, 2014

လူ့အခွင့်အရေးကော်မရှင် နဲ့ ကိုပါကြီးအမှု


မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က  ကိုပါကြီးသေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ စီစဉ်တာတွေ ညှိနှိုင်းတာတွေ လုပ်နေပြီလို့ သိရပါတယ်။

ဒါဟာ ကော်မရှင်ရဲ့ သက်တမ်းအတွင်း  လူစိတ်ဝင်စားမှုအများဆုံးအမှု ဖြစ်ဖွယ်ရှိပါတယ်။

သမ္မတရုံးက လူ့အခွင့်အရေးကော်မရှင်ကို ကိုပါကြီးသေဆုံးမှုအကြောင်း စုံစမ်းပြီး အမြန် တင်ပြဖို့ ညွှန်ကြားထားပါတယ်တဲ့။
ဒီအကြောင်း အစိုးရရဲ့ သတင်းထုတ်ပြန်ချက်ကို သောကြာနေ့ထုတ် အစိုးရသတင်းစာများမှာ ဖော်ပြထားပါတယ်။

နာမည်ကြီးတဲ့ဒီအမှုကြောင့် ကော်မရှင်ကို အများပြည်သူ ပိုပြီး သတိထားမိလာကြမှာ အသေအချာပါပဲ။
ကော်မရှင် ဘယ်လောက်အထိ လုပ်နိုင်သလဲ၊ ယုံကြည်ရမလဲ၊   မြန်မြန်ဆန်ဆန် လုပ်နိုင်သလား၊ ရဲရဲဝံ့ဝံ့ လုပ်နိုင်သလား၊ ရေလိုက်ငါးလိုက်ပဲ လုပ်မှာလား၊
ကြိုးစားပမ်းစား လုပ်မှာလား၊ လူ့အခွင့်အရေးအမည်ခံလား၊ စစ်တပ်ကို ကြောက်နေရ - အစိုးရကို ကြောက်နေရတဲ့ သာမန်ကော်မရှင်လား၊ အများပြည်သူ အားကိုးချင်စိတ် ရှိလာမယ့် ကော်မရှင်လား
 ဆိုတာတွေကို လေ့လာနိုင်တဲ့အမှု ဖြစ်လာပါလိမ့်မယ်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U