Related Posts Plugin for WordPress, Blogger...

Thursday, July 4, 2013

ပေါက်ကွဲစေသောပစ္စည်းများရောင်းချသူ မန်းတွင် ဖမ်းမိ



မန္တလေး၊ ဇူလိုင် ၎

မန္တလေးမြို့ယနေ့မနက်တွင် ပေါက်ကွဲစေသော လျှပ်စစ်ဒီတိုနေတာများ ရောင်းနေသူအား ဖမ်းဆီးရမိကြောင်း မန်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက်တွင် ပုသိမ်ကြီးမြို့နယ်၊ ကျွဲနဖားကျေးရွာရှိ ကို---နေအိမ်သို့ ကို-- မှ လျှပ်စစ်ဒီတိုနေတာများ လာရောက်
ရောင်းချနေကြောင်း သတင်းရရှိသဖြင့် နယ်မြေရဲစခန်း(အုန်းချော)မှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးရာ သက်သေများရှေ့တွင်ရှာဖွေဖမ်းဆီးရာ D2စာတမ်းပါ လက်စွဲစက္ကူအိပ်အတွင်း အလျား
၇စင်တီမီတာ၊ လုံးပတ် ၁.၅စင်တီမီတာ၊ (၁၁)စင်တီမီတာအရှည် ၀ါယာကြိုးအသေးနှစ်ချောင်းတပ်လျှပ် လျှပ်စစ်ဒီတိုနေတာ ကပ်သီးယမ်းတောင့် (၁၁၉၀)တောင့်နှင့် မြန်မာငွေစက္ကူ ကျပ်
၂၀၅၅၀၀၀အား ရှာဖွေတွေ့ရှိခဲ့သဖြင့် သိမ်းဆည်းပြီး ကို--အား စစ်ဆေးမေးမြန်းရာ ၄င်းပစ္စည်းများမှာ ရှမ်း/မြောက် မန်ပန်ကျေးရွာနေ ကို-----နှင့်ဆက်သွယ်ရ်ျ လားရှိုးမြို့
ကားဂိတ်မှ တစ်ဆင့်ပေးပို့ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပုသိမ်ကြီးမြို့နယ်၊ နယ်မြေရဲစခန်း(အုန်းချော)မှ(ပ) ၈၄/၂၀၁၃၊ ပေါက်ကွဲ - ၅အရ အမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း ရဲမှတ်တမ်းများမှသိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U