Related Posts Plugin for WordPress, Blogger...

Thursday, July 4, 2013

သာသနာစောင့်ဥပဒေ ကဲကဲ လက်ခံကြမလား....



မျိုးစောင့်ဥပဒေနဲ့ပတ်သက်တဲ့ကိစ

္စ အရေးကြီးနေချိန်မှာ သာသနာစောင့်ဥပဒေလို့ ပြောမိတဲ့ ဦးဇင်းတော့ အဆဲခံရတော့မယ်ဆိုတာ သေခြာပါတယ်..မတတ်နိုင်ဘူး ကိုယ်တိုင် ကြုံတွေ့ခံစားနေရတာနဲ့ ပတ်သက်ပီး သာသနာတော်အတွက် လိုအပ်နေတာလေးတွေ တွေ့ရလို့ ကိုယ်သိသလောက် တတ်သလောက် တင်ပြလိုက်တာပါ၊ ခုလို ပွင့်လင်းမြင်သာတဲ့ခေတ်မှာ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိတာပဲ...ဝေဘန်ချင်တဲ့သူ ဝေဘန်ကြ...ကဲ့ရဲ့ချင်တဲ့သူ ကဲ့ရဲ့ကြ။ အားမနာလို့ ဆဲမယ်ဆိုလဲ ဆဲကြ..အဲဒီအတွက် နကမ္ပတိ တစ်ချက်ကလေးမှ တုန်လှုပ်မည်မဟုတ်ပါ...
သာသနာစောင့်ဥပဒေဆိုလို့ ဥပဒေကို အတော်တတ်သိနားလည်လို့ ရေးလိုက်တာမထင်ကြပါနဲ့...ဥပဒေ ကျောင်းသား မဟုတ်သလို ဥပဒေကို လေ့လာလိုက်စားနေသူလဲ မဟုတ်ပါဘူး...ဖလော်ဆော်ဖီတက်နေတဲ့ ဖလော်ဆော်ဖာ ကကြီးခကွေးအဆင့်ပဲ ရှိပါတယ်..
သာသနာစောင့်ဥပဒေလို့ အမည်တပ်လိုက်တာဟာ မိမိကိုယ်တိုင် တွေ့ကြုံနေတာလေးကို အခြေခံပီး ဝေဘန်ဆွေးနွေးကြည့်တာပါ....ခုလို ပွင့်လင်းမြင်သာတဲ့ ခေတ်ကြီးမှာ သာသနာတော်အတွင်း သီတင်းသုံးနေကြတဲ့ သံဃာတော်များနဲ့ပတ်သက်ပီး အဘက်ဘက်က အခွင့်အရေး ဆုံးရှုံးနေတာလေးတွေကို သတိပြုစေချင်လို့ပါ...

ဒီလိုပါ ဦးဇင်းတို့ မြန်မာပြည်မှာ လွတ်လပ်စွာ ပြောဆိုခွင့် ရေးသားထုတ်ဝေခွင့် ..လွတ်လပ်စွာဆန္ဒပြခွင့် စတဲ့ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေလို့ နှစ်ပေါင်းများစွာ အော်ဟစ်တောင်းဆိုခဲ့ကြတယ်..သံဃာတွေလဲ အာပြဲအောင် အော်ခဲ့တယ်..သင်္ကန်းပြဲ ဒူးကွဲခံပီး ပြေးလွှား တောင်းဆိုခဲ့တယ်..အခု ပွင့်လင်းလာတဲ့ခေတ်မှာ လူတွေအတွက် အတော်အတန်အသင့် ဆန္ဒပြခွင့်တွေ ရနေပါတယ်.. ဦးဇင်းတို့ သံဃာတွေအတွက် ဆန္ဒပြခွင့် ဆိုတာ ဘယ်မှာလဲ...ဆန္ဒပြလို့ မီးလောင်ဗုံးစာမိတော့ ဘယ်သူက ဘာတတ်နိုင်ကြလို့လဲ...ခံသာ ခံလိုက်ကြရတာ ကိုယ့်ကိုယ် မတရားလုပ်တဲ့ တရားခံကို ဥပဒေအရ အရေးယူတာ မတွေ့ မမြင်ကြရဘူး..
ဥပဒေမှာ ဘယ်လိုရှိတာဆိုတာတော့ မသိပါဘူး...ဦးဇင်း လတ်တလော သတင်းရေးပီး တောင်းဆိုနေတဲ့ ရန်ကုန်မြို့ ၊ သင်္ဃန်းကျွန်း မိကျောင်းကန်က မတရားအဖျက်ဆီးခံ အသိမ်းဆီးခံ ကျောင်ကန် ဘုရား သိမ် ဇရပ်များနဲ့ ဘိုးဘွားပိုင်မြေများ ပြန်လည်ရရှိရေး ဆန္ဒပြခွင့်တောင်းတော့ သင်္ဃန်းကျွန်းမြို့နယ်မှုးက သံဃာတော်တွေမပါစေနဲ့၊ သံဃာမပါ စေရပါဘူးလို့ ခွင့်ပြုချက်တောင်းတဲ့ သူတွေက လက်မှတ်ထိုးမှ ဆန္ဒပြခွင့် ခွင့်ပြုချက်ထုတ်ပေးတယ် .....ကဲ အဲဒါသာကြည့်တော့ ကိုယ့်ကျောင်းကိုယ့်ကံ မတရားသိမ်းဆီးခံရလို့ ဆန္ဒပြချင်တာတောင် ပြခွင့် မရှိဘူးဆိုတော့ ကွယ်လွန်သွားတဲ့ ကဗျာဆရာကြီး ဦးတင်မိုးပြောသလို ပြောရရင် ကျုပ်တို့ သံဃာတွေမှာ လွတ်လပ်စွာ ထုတ်ဖော်ဆန္ဒပြခွင့်နဲ့ ပတ်သက်ပီး လူ့အခွင့်အရေး မပြောနဲ့ ခွေး အခွင့်အရေးတောင်မရှိဘူးလို့ ပြောရမယ်..ခွေးကမှ သူ့အစာ သူများ လုသွားရင် ဟောင်ခွင့်ရှိတယ်..သူခြံထဲ အခြားတစ်ကောင် ၀င်လာရင် ဟောင်ခွင့်ရှိတယ်..ဦးဇင်းတို့ သံဃာတွေမှာ မတရားသဖြင့် ခံရတာတောင် ပြောခွင့် ဆိုခွင့် မရှိဘူးဖြစ်နေပါတယ်..

နောက်ပီး သာသနာမှာ ကိုယ့်ကိုယ် ဘယ်ဒကာက လှူထားတဲ့မြေပေါ်မှာဖြစ်ဖြစ် သာသနာရေးဌာနက ခွင့်ပြုချက်မရှိရင် ကျောင်းတည်ထောင်ခွင့်မရှိပါဘူး..သာသနာ့မြေ မကျဘဲ ကျောင်းတည်ထောင်လို့ကတော့ ဘယ်လောက်ပဲ သာသနာတော်အတွက် ဒကာဒကာမတွေအတွက် တန်ဘိုးရှိနေပါစေ...အဖျက်ဆီးခံရပီသာမှတ်..သာဓကတွေ များစွာရှိခဲ့ပါတယ်..ဒဂုံတောင်ပိုင်း၊ ဒဂုံမြောက်ပိုင်းက ကျူးကျောင်းတွေဖျက်ဆီးခဲ့တယ်..ရိုးရိုးဖျက်ဆီးတာမဟုတ်ပါဘူး...ရက်အကန့်သတ်ပေးပီး သတ်မှတ်ရက်ကျော်တာနဲ့ တိုက်ကြီးတိုက်ငယ် ကျောင်းကြီး ကျောင်းငယ် အားလုံး ဘိုရိုဇာနဲ့ ထိုးပစ်လိုက်တာပါ...ခံခဲ့ရတဲ့ သံဃာတော်တွေ အများကြီးရှိပါတယ်..မကြာခင်ကဆို နေပြည်တော်ဝန်းကျင်က ကျောင်းတစ်ချို့ကို ဖျက်ဆီးခဲ့တာ တတိုင်းပြည်လုံးသိပါတယ်..အဲဒီမှာလဲ ရိုးရိုးဖျက်ဆီးတာမဟုတ်ပါဘူး မီးလောင်စာကြွေး ပစ်လိုက်တာပါ...သံဃာကို တကယ်လေးစားတဲ့သူက သင်္ကန်းအစုတ်ကို မီးရှို့ရမှာတောင် မ၀ံ့ရဲတာ ဒီလိုလုပ်ဝံ့တာ အတော်ကို ချီးကျူးစရာကောင်းပါတယ်..
ဒီနေရာမှာ ပြောစရာရှိလာပါတယ်...လူတစ်ချို့ နေစရာမရှိလို့ မြေလွတ်တနေရာမှာ ကျူးကျော် နေထိုင်တာကို ပိုင်ရှင်က ဖယ်စေလိုရင် သို့မဟုတ် အိမ်ငှားကို အိမ်ရှင်ကဖယ်စေလိုရင် အချိန်ကာလ ကြည့်ရပါသေးတယ်..တစ်လ ကြိုတင်အကြောင်းကြာတာတို့ မိုးတွင်းကာလ အိမ်ပြောင်းဖို့ အခက်ခဲရှိရင် စောင့်ရတာတို့ ..၀ါတွင်း ဖြစ်ရင်စောင့်ရတာတို့ အဲလို လူမှုရေးအရ နားလည်မှု ပေးကြရပါတယ်..တစ်ချို့ဆိုရင် ကျူးကျော်မိသားစုကိုတောင် လတ်တလော.စားဝတ်နေရေး အတွက် စေတနာရှိသလောက် စာနာမှု အထောက်ပံ့ ပေးပါသေးတယ်...တလောကဆိုရင် မိကျောင်းကန်က အငှားစိုက်ပျိုးရေးသမားတွေကို အစားနေရာပေးခဲ့တာ ကြားလိုက်ပါတယ်..
.ဦးဇင်းတို့ သာသနာမှာ အဲဒီလို လူမှုရေး အတိုင်းအတာလောက်တောင် ငဲ့ငြာမှု မရှိပါဘူး...သာသနာရေးဌာနက တရားမ၀င်လို့ ဖျက်ခဲ့တာလဲ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေပဲ ရှိပါတယ်..တခြား ဘာသာတွေရဲ့ သာသနာ့အဆောက်အဦးတွေ ဖျက်တာ မကြားမိခဲ့ပါဘူး..သာသနာရေး ခွင့်ပြုချက်ဆိုတာ ဗုဒ္ဓဘာသာနဲ့ပဲ ဆိုင်တာလားဆိုတာတော့ သေခြာမသိပါဘူး...သာသနာရေးဌာနအနေနဲ့ တရားမ၀င်လို့ ဖျက်တာဆိုရင် တရားဝင်လျက်နဲ့ မတရားအဖျက်ဆီးခံ အသိမ်းဆီးခံရတဲ့ သာသနာ့မြေတွေ ပြန်လည်ရရှိရေးအတွက်ကို တာဝန်ခံသင့်ပါတယ်....တာဝန်ယူသင့်ပါတယ်..ဒါကတစ်ချက်ပါ..

နောက်ပီး သံဃာတော်တွေ ရွေးကောက်ပွဲမှာ မဲပေးခွင့် မရှိပါဘူး....ဒါကိုတော့ နိုင်ငံရေးမို့ သံဃာနဲ့ မဆိုင်ဘူးလို့ ပြောကြတာ လက်ခံပါတယ်..ဒါပေမဲ့ ဒီလိုစဉ်းစားကြည့်စေချင်ပါတယ်..သံဃာဆိုတာလဲ လူပါပဲ လူတစ်ယောက်အနေနဲ့ ကိုယ့်တိုင်းပြည်ကို အုပ်ချုပ်မဲ့ အဖွဲ့အစည်းကို ရွေးချယ်ပေးခွင့် မရှိတာ လူ့အခွင့်အရေးနဲ့ ညီသလား မေးချင်ပါတယ်...
ဒီအဖွဲ့က ကောင်းတယ်၊ မှန်တယ်..တိုင်းပြည်အတွက် အကျိုးရှိနိုင်တယ်..ဒီအဖွဲ့က မကောင်းဘူး မမှန်ဘူး၊ တိုင်းပြည်အတွက် အကျိုးမရှိနိုင်ဘူးဆိုတဲ့ ရွေးချယ်ခွင့်လေးတောင် မပေးနိုင်တာ ဘာ့ကြောင့်လဲ...လူသားတစ်ယောက် အနေနဲ့ အမှန်အမှား၊ အကျိုးရှိ အကျိုးမဲ့ကို ခွဲခြားပီး မဲပေးတာ သာသနာတော် ၀ိနည်းနဲ့ကြည့်ရင် အပြစ်အတော်ကြီးတယ်လို့ ထင်ပါသလား..ဘယ် ၀ိနည်းသိက္ခာပုဒ်အရ ပြောတာပါလဲ..၊ မြတ်စွာဘုရားက အမှန် အမှား အကောင်းအဆိုးကို ခွဲခြားသိစေချင်လို့ တရားတော်တွေ ဟောကြားခဲ့တာပဲ...တကယ်ဆိုရင် လူသာမန်တွေထက်စာရင် သံဃာတော်တွေမဲပေးမဲ့ အဖွဲ့အစည်းဟာ ပိုပီး မှန်ကန်တဲ့ တိုင်းပြည်ကို ပိုပီး အကျိုးဖြစ်စေမဲ့ အဖွဲ့အစည်းဖြစ်ပါလိမ့်မယ်..လူတွေကသာ ရာထူးယူမယ်..လစာယူမယ်...အခွင့်ရေးယူမယ်..နိုင်ငံရေးအမြတ်ထုတ်မယ်၊ စီးပွားရေး အင်းအား ကောင်းအောင်လုပ်မယ်.. ဒီအတွက် လက်သင့်ရာ မဲပေးကြမယ်....သံဃာတွေက အဲလို မျှော်လင့်ချက်နဲ့ မဲပေးမှာမဟုတ်ပါဘူး....ဒါလည်းတစ်ချက်ပါ..
ဒီအချက်တွေကို ကြည့်ရင် သာသနာတော်မှာ နေတဲ့ သံဃာတော်တွေဟာ ဒီမိုကရေစီခေတ်ရောက်ခါမှ ပိုပီး လူ့အခွင့်အရေး ဆုံးရှုံးသလိုဖြစ်မနေဘူးလား၊ လူ့အခွင့်အရေးနဲ့ပတ်သက်ပီး ပြောနေတဲ့ ဆရာ၊ ဆရာမကြီးများ ဒီအချက်ကို ထည့်မတွက်မိကြဘူးလားခင်များ.. .ဥပဒေပညာရှင်ကြီးများကိုလည်း ဦးဇင်းတို့အတွက် ခင်များတို့ရဲ့ ဥပဒေက အတော် တရားတာပဲလို့ ပြောလိုက်ချင်ပါတယ်..ခင်များတို့ကိုယ်တိုင် သင်္ကန်းဝတ်နဲ့ ဆန္ဒပြပီး မီးလောင်ဖုံးဒဏ် ခံရမှ၊ ဒါမှမဟုတ် သင်္ကန်းဝတ်ပီး ကိုယ်ပိုင်ကျောင်း အသိမ်းဆီးခံရ၊ အဖျက်ဆီးခံရမှ လူ့အခွင့်အရေးလို့ အော်ကြမှာလားခင်များ....
နောက်ထပ်ပြောစရာတွေကတော့ အများကြီးရှိပါသေးတယ်..များနေရင် ထုံသွားလိမ့်မယ်..နောက်တစ်ခါ ကြုံမှ စပ်မိစပ်ရာ ရေးပါတာပေါ့..အခုတော့ သာသနာတော်မှာနေတဲ့ ဦးဇင်းတို့ သံဃာတွေအတွက် ဥပဒေအရ ဆုံးရှုံးနစ်နာမှုတွေ ရှိနေတယ်ဆိုတာကို အကင်းလောက်တင်ပြပီး ရပ်လိုက်ပါတော့မယ်..
အခုလို ဆုံးရှုံးမှုတွေအတွက် သာသနာတော်ကို စောင့်ရှောက်ဖို့ ဘယ်လို ဥပဒေမျိုးလိုအပ်နေတယ်ဆိုတာတော့ ဥပဒေပညာရှင်များကပဲ နာမည်ပေး ကင်ပွန်းတပ်ကြပါခင်များ........
 
 
Sayar Chan(Mandalay Image)

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U