Related Posts Plugin for WordPress, Blogger...

Thursday, July 4, 2013

၂၀၁၃ အာဇာနည်နေ့ အထိမ်းအမှတ် ဥသြဆွဲ ဂုဏ်ပြုခြင်း ပြန်လည် ဖော်ထုတ်ရန် ရှိ၊ မရှိနဲ့ ပတ်သတ်လို့ လူထုပုံရိပ်ဂျာနယ်မှ အောက်ပါပုဂ္ဂိုလ်များကို ဆက်သွယ်မေးမြန်း ရာတွင် ယခုကဲ့သို့ ဖြေဆိုထားသည်။



အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးပြီးသော အာဇာနည်များ အတွက် လက်ရှိ တာဝန်ရှိသူများရဲ့ အဖြေစကားများ.....

ဦးဇော်ဌေး ( သမ္မတရုံးညွန်ကြားရေးမှူး )
========================
“ အဲဒီဥသြဆွဲမယ့်ကိစ္စနဲ့ပတ်သတ်ပြီးတော့မှ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်ကိုပဲ
မေးရမှာပါ ”

ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ် ( သမ္မတပြောရေးဆိုခွင့်ရှိသူ )
==================================
“ ဦးကျော်ဆန်းလက်ထက်တုန်းကမဆွဲဘူးလို့ဖြေခဲ့တာက ပြန်ကြားရေးဝန်ကြီး
အနေနဲ့ ဖြေခဲ့တာမဟုတ်ပါဘူး။ ဒီဥသြဆွဲမယ့်ကိစ္စက ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းအစိုးရကိုပဲ မေးမှရမှာပါ။ ”

ရန်ကုန်အစိုးရရုံး
==========
“မသိဘူး။ အဲကိစ္စက မြို့တော်ဝန်ကိုပဲ လွဲထားတဲ့အတွက် မြို့တော်ဝန်ကိုပဲမေးရမှာ”

ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန်းဆွေ
=========================
“ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ရုံးကို အဲဒီကိစ္စကို လွှဲထားတယ်။”

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ၏ ကိုယ်ရေးအရာရှိ
===============================
“ အဲဒီကိစ္စကိုမသိဘူး။ ပြောခွင့်လည်း မရှိဘူး”

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U