Related Posts Plugin for WordPress, Blogger...

Thursday, July 4, 2013

မော်တော်ယာဉ် နံပါတ်ပြားများ အင်္ဂလိပ်အက္ခရာ ပြောင်းမည်


မော်တော်ယာဉ် နံပါတ်ပြားများကို မြန်မာအက္ခရာ လုံးဝ အသုံးမပြုတော့ဘဲ အင်္ဂလိပ်အက္ခရာများ အဖြစ် ပြောင်းလဲ တပ်ဆင်မည်ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာန (က.ည.န) က ထုတ်ပြန် ကြေညာသည်။

၎စ/၈၀၀၀ နံပါတ်မှစ၍ 4F – 8000 အဖြစ် ပြောင်းလဲ ထုတ်ပေးမည်ဖြစ်ပြီး ကနဦး ယာဉ်မှတ်ပုံတင် လာရောက် ပြုလုပ်သည့် မော်တော်ယာဉ် အားလုံးကို ယခုကဲ့သို့ ပြောင်းလဲ တပ်ဆင်မည်ဟု ကုန်းလမ်း ပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာန၏ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

ယခုလက်ရှိတွင် ‘၃စ’ နံပါတ်များ တပ်ဆင်နေပြီဖြစ်သည်။

အငှားယာဉ်များကိုမူ ဃဃ-၂၅၀၀ မှစ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အမည် အင်္ဂလိပ်အက္ခရာ အတိုကောက် စာလုံး စတစ်ကာကပ်ခြင်း စတင် မည်ဖြစ်ကြောင်း က.ည.န ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အမည် အင်္ဂလိပ် အက္ခရာ အတိုကောက် စာလုံး စတစ်ကာ စာလုံးများအဖြစ် ကချင်ပြည်နယ် (KCN)၊ ကရင်ပြည်နယ် (KYN)၊ ကယားပြည်နယ် (KYH)၊ ချင်းပြည်နယ် (CHN)၊ စစ်ကိုင်းတိုင်း (SGG)၊ တနင်္သာရီတိုင်း (TNI)၊ ပဲခူးတိုင်း (BGO)၊ မကွေးတိုင်း (MGY)၊ မန္တလေးတိုင်း (MDY)၊ မွန်ပြည်နယ်(MON)၊ ရခိုင်ပြည်နယ် (RKE)၊ ရန်ကုန်တိုင်း (YGN)၊ ရှမ်းပြည်နယ် (SHN)၊ ဧရာဝတီတိုင်း (AYY) ဟူ၍ သတ်မှတ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆက်လက် ဖော်ပြထားသည်။

“ဒီလိုလုပ်လိုက်တော့ နိုင်ငံခြားသားတွေလည်း အက္ခရာ ဖတ်တတ်သွားပေ မယ့် နယ်က အင်္ဂလိပ်စာ မတတ်တဲ့သူတွေ ကားနံပါတ် မှတ်ဖို့တော့ ဘယ်အဆင်ပြေမလဲ” ဟု မော်တော်ယာဉ် ဝယ်ရောင်း လုပ်ငန်းရှင် ဦးမင်းမင်းက ဆိုသည်။

အငှားယာဉ် မဟုတ်သည့် မော်တော်ယာဉ်များကို တိုင်းဒေသကြီးနှင့် ပြည် နယ်အမည် အင်္ဂလိပ် အက္ခရာ အတိုကောက် စာလုံး စတစ်ကာ ကပ်ခြင်း ကိုမူ ဇူလိုင်လ ၈ ရက်နေ့မှ စတင်ပြုလုပ်မည် ဖြစ်ကြောင်း က.ည.န က ကြေ ညာသည်။
 
Sayar Chan (Mandalay Image)

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U