Related Posts Plugin for WordPress, Blogger...

Wednesday, July 31, 2013

၂၆နှစ်တာ ရှာဖွေခြင်း



နွေကို တစ္စေလိုထင်တဲ့ဒေသ
နငယ်လေးရဲ့ အလယ်ပိုင်းမှာ
အပူနဲ့အပြိုင် နေနဲ့အပြိုင်
မျော်လင့်ခြင်း ခေတ်ပြိုင်တွေ နဲ့ ကုန်သွယ်ရေး မစည်ပင်ခင် မြို့ကလေးမကြီးမားသေးခင်မှာ
အဖေနဲ့အမေရဲ့ ငါးယောက်မြောက်
ကာရံလေး ကျွန်တော်က
၉ လ ပိုင်း ၄ ရက်နေ့မှာ
မီသားစုထဲမှာ
အငယ်တကာ့ အငယ်ဆုံး
အရွယ်အပိုင်းအခြားလေးအဖြစ်
သီးသီးခြားခြား
မွေးဖွားလာတာပေါ့

အဖေက ငါးဆယ်နီး အမေက လေးဆယ်နီးမှာ
ငါးယောက်မြှောက် ဂျုနီယာလှအောင်ကလေးက
တစ်နှစ်သား မှ နှစ်နှစ်သား
ကမ္ဘာကြီးမြေကြီးပေါ် ခြေတစ်ဖက်က နောက်တစ်ဖက် စမ်းချလို့
အညာနွေကိုအံတု ရင်း
လူပျိုအရွယ် အကိုတွေလက်ပေါ်
မတူညီတဲ့ ရင်ခုန်သံ အပိုင်းအစတွေရဲ့ကြားမှာ
ယုယုယယထိန်းကျောင်းခံရင်း
မျော်လင့်ခြင်း ကာလာအစုံနဲ့
တစ်တစ်ရစ်ရစ် ကြီးပြင်းလို့
ပခုက္ကူရဲ့ ၁၂ ရပ်ကွက်ကလေးထဲမှာ တစ်ဖြည်းဖြည်းနဲ့ လူလားမြှောက်ခဲ့တယ်

တစ်တန်းနှစ်တန်း သုံးလေးတန်း
ဝ လုံးကလေးကနေမှ
တြိဂံလေးတွေ အနားညီမညီတိုင်းတဲ့အရွယ်ရောက်
BMX စက်ဘီးကလေးစီးပြီး ကျောပိုးအိပ်လေး ပိုးကာ
ကိုယ့်ဦးနှောက်လေး ကိုယ်ပိုင်လာတဲ့အရွယ် ရောက်တော့မှ
ကြည်ပြာပြာလောကကြီးကို စစူးစမ်း
ကိုယ်ပတ်ဝန်းကျင်ကြီးကို စစူးစမ်း
ကောင်းကင်တွေ မြေကြီးတွေ
ကြယ်တွေ လတွေကို ငေးမောရင်း
အရွယ်စုံ ပုံပြင်တွေ နားထောင်လို့
ခပ်ကဲကဲ ကောင်ကလေးအဖြစ်နဲ့
လွယ်လွယ်ကူကူပဲ ကြီးပြင်းလာခဲ့တာပါ

ဟုတ်တယ် အစ်ကို သုံးယောက် အစ်မတစ်ယောက်ရဲ့ကြားမှာ
ဟိုမမှီ ဒီမကမ်းလေး ကျွန်တော်က
ပလေးဘွိုင်းသန်းနှိုင်နဲ့ စိုးပိုင်ဆိုလဲနားထောင်
ဇော်ဝင်းထွဏ်နဲ့လေးဖြူလိုက်အော်
ထူးအိမ်သင်နဲ့မိုးသက်တင်တို့ သီချင်းတွေ
ကော်နီနဲ့ ဗဒင်တို့အသံတွေကြားမှာ
ဟိုနဲနဲ ဒီနဲနဲခံစား
ဟိုစပ်စပ် ဒီစပ်စပ် စပ်စုရင်း
ဂျစ်ကန်ကန်လုပ်တက်တဲ့ အကျင့်လေးနဲ
တီတီတာတာ ဘဝကို
တွက်ပီနဲ့ ဘိုဘိုတို့ကြားမှ ရူန်းထွက်
ဆွေလိုင်ဦးနဲ့ တက္ကသိုလ်ဘုန်းကြွယ်တို့လက်လှမ်းလို့
အရပ်က သုံးပေခွဲမှလေးပေအရွယ် ကိုရောက်လာခဲ့

မခက်မခဲ စာမေးပွဲတွေမှာ
ပေါ့ပေါ့ ပါးပါးသာဖြေဆိုရင်း
လွန်းထားထားနဲ့နွမ်ဂျာသိုင်းဖက်ရင်း
တာရာမင်းဝေနဲ့နီကိုရဲဖက်ရင်း
လူကြီးတွေပြောတဲ့
ဘဝအတွက် အဆုံးအဖြတ်ပါဆိုတဲ့
ဆယ်တန်းဆိုတာကြီးကိုရောက်
အဲဒီမှာ ကျွန်တော်တစ်ဆစ်စချီုးတယ်

မီသားစု ခုနှစ်ယောက်မှာ
အဖေနဲ့အမေနဲ့က တစ်ခြား
အစ်ကိုတွေကတစ်ခြား
ကျွန်တော်နဲ့အမကတစ်ခြား
စီးပွားရေးအရ ပညာရေးအရ
နေရာထိုင်ခင်းတွေ ကွဲလွဲ
ကျွန်တော်လဲ ခပ်တည်တည်နဲ့
အဲဒီအရေး အဲဒီအခင်းတွေကြားမှာပဲ
မြန်မာတွေရဲ့ မြို့တော့် 
တိုက်အကြီးကြီးတွေ ရှိတဲ့
မင်းသားမင်းသမီးတွေရှိတဲ့
ကစားကွင်းတွေရှိတဲ့
ပွဲဇေးတန်းကြီးတွေ အမြဲရှိတဲ့
ရန်ကုန်မြို့တော်သို့
မအူမလည်နဲ့ပဲ ရောက်လာခဲ့တယ်

အဲဒီမှာ စကားလုံးအသစ်တွေကိုလေ့လာ
ဘဝအသစ်တွေကိုလေ့လာ
ဆရာဆရာမအသစ်တွေကိုလေ့လာ
သူငယ်ချင်းအသစ်တွေကိုလေ့လာရင်း
မဟာရန်ကုန်ကို မြည်းစမ်း
ဖက်ရှင်အသစ်တွေကို မြည်းစမ်း
လိုအင်အသစ်တွေနဲ့
လူပျိုဆိုတဲ့ဘဝ အသစ်စပေါက်လို့
ကဗျာလေးတွေကူး စက္ကူမြှားလေးတွေလုပ်ပြီး
အဖြူအစိမ်းမလေးတွေ ခေါင်းပေါ်
ပစ်မှတ်လုပ်ရင်း ရင်ခုန်သံကို လဲ
တိုးတိုးလေး ကျတ်မှတ်တက်လာခဲ့

၂၀၀၃ ၂၀၀၄ မှာ မပင်မပန်း ကြိုးစားမူနဲ့
ခြောက်ဘာသာကို သုံးရာစွန်းစွန်းနဲ့ဖြတ်ကျော် လို့
ရေရေရာရာ မျော်လင့်ချက်ဆိုလို့
p2 စက်ကလေးတစ်လုံးလောက်
အပိုင်လိုချင်ယုံ ဘဝကနေ
အင်းစိန်မှလှည်းတန်းကို
မုန့်ဖိုးတစ်နေ့ နှစ်ထောင်ရဖို့အတွက်
ဟိုသင်တန်းဒီသင်တန်းတက်ရင်း
ဟိုတွေးဒီငေးရင်း
အင်ယားကန်ကို တစ်ယောက်ထဲ
တိတ်တိတ်လေးသွားကြည့် ဖူးခဲ့တယ်
တက္ကသိုလ်ဆိုတာရောက်ရင်
ဘာတွေများတွေ့မှာပါလဲဆိုပြီး
အိပ်ရာပေါ်မှာနဖူးပေါ်လက်တင် စဉ်းစားလို့
မင်းလူနဲ့မောင်စိန်ဝင်းတို့ စာအုပ်တွေထဲမှာ ဝင်ကြည့်လို့
ဖင်ပူအောင် ကားစီးပြီးသွားရတဲ့
ဒဂုံတက္ကသိုလ် ဆိုတာကြီးကိုလဲ
ရောင်လည်လည်နဲ့ပဲရောက်ကာ
အဲဒီမှာလဲ ကျွန်တော် တစ်ဖြည်းဖြည်းနဲ့ အသားကျလာခဲ့ပါရဲ့

အုံ့အုံ့ဆိုင်းဆိုင်း မအေးမြပေမဲ့
နွေးနွေးထွေးထွေးသံယောဇဉ်တွေနဲ့
ကျွန်တော်တို့ရဲ့ တက္ကသိုလ်ကျောင်းသားဆိုတဲ့ဘဝကိုလဲ
ပျော်ပျော်ရွင်ရွင်ဖြတ်သန်းရင်း
အရင်းနှီးဆုံး သူငယ်ချင်းဆိုတာတွေလဲရခဲ့တယ်
မတောက်တစ်ခေါက်ကာရံလေးတွေကိုလဲ
တိုးတိုးတိတ်တိတ်သီကုံးရင်း
ရင်ခုန်သံ နှနှလေးတွေလဲ ရခဲ့တယ်
မျော်လင့်ချက်သေးသေးလေးတွေလဲ
တစ်ဖြည်းဖြည်း အသက်နဲ့အတူ
ကြီးပြင်းလို့ လောကကြီးကို
စိတ်မှန်းနဲ့တွေးတောပြီး
လူသားဝါဒတွေနဲ့လဲ
တဖြည်းဖြည်းရင်းနှီးလာခဲ့တယ်

ရူပဗေဒရဲ့ လက်ချာတွေကို
ကန်တင်းမှာ ဆွေးနွေးရင်း
ဘောလုံးကွင်းမှာလေ့လာရင်း
ကန်တော်ကြီးမှာ အတန်းတက်ရင်း
အမီအရယူလို့
ဝီစကီ တစ်ပတ်ကို
လိမ္မော်နှစ်လုံးစပ် သောက်တက်လာတယ်
စီးကရက်ကို လက်ဖျားမှာညုက်ပြီး
မီးခီုးငွေ့တွေကို ငေးမောတက်လာတယ်
မတောက်တစ်ခေါက် ဂစ်တာလက်သံနဲ့
ဒိုးလုံးသီချင်းတွေ အော်ဆိုတက်လာတယ်
တစ်လုံးခြောက်ဆယ်နှိုင်
လည်ပယ် ငါးမူးရှံးဆို့တဲ့
အရင်းအနှီးအနှိုင်အရှံးတွေကို
လက်တည့်စမ်းတက်လာတယ်
ဆယ်သုံးချက်ကို ဆွဲလိုက်ပြစ်လိုက်နဲ့
ကုလားခံရင် ကိုးပွတ်ရင်းနဲ့ပဲ
ကျွန်တော်လဲ လူဘဝမှာငွေဆိုတာကြီးကို
မက်မောရကောင်းမှန်းသိလာတယ်

အဲဒီလိုနဲ့ပဲ
ကလေကချေ ကျောင်းသားဘဝမှာ
ပလက်ဖောင်းမင်းသားသီချင်း နားထောင်ရင်း စာမေးပွဲတွေဆိုတာ ဖြေလိုက်မအောင်လိုက်ဖြစ်ရင်းနဲ့ပဲ
ခပ်ပေါ့ပေါ့ ကောင်လေးကျွန်တော်လဲ
ခပ်ရှော်ရှော်ကောင်လေး ဖြစ်လာခဲ့တော့တယ်

ခေတ်ကြီးကို မျော်ရင်း
ဟောလီဝုဒ်ဇတ်လမ်းတွေကြည့်
ဘာသာပြန် ဝထ္တုတွေဖက်ကာ
ကမ္ဘာမှာ မြန်မာဆိုတာကြီးကိုပုံဖော်ကြည့်တော့
M.sc ဆိုတာ ဆိုက်ကားသမားမှာလဲ ရှိတက်တာကို ရှာဖွေတွေ့ရှိကာ
ကျောင်းကြီးကိုစွန့်ခွာ
အလုပ်သင်ဘဝကို ခြေလှမ်းရင်း
ပိုက်ဆံအိပ်ထဲမှာ
သုံးထောင်လေးထောင် ကနေ
ခြောက်သောင်းခုနစ်သောင်း သိပ်သွပ်တဲ့အခြေအနေရောက်တော့
အလိုအပ်ဆုံးဟာ ငွေမှငွေ ပဲလို့
အဖြေရှာမီသွားရော

မနက်ဖန်တိုင်းမှာ
လိုအင်တွေပေါင်းထည့်ရင်း
ပြည့်စုံမလာသေးတဲ့
အရာတွေကို တမ်းတရင်း
နှစ်တွေဆိုတာ တစ်နှစ်ပြီးတစ်နှစ်
ဖြတ်ကျော်လို့
အလုပ်ဆိုတဲ့တာဝန်တွေ
ငွေကြေးနဲ့အလဲအထပ်တွေမှာ
ပျော်ဝင်လို့
တစိမ်းတွေနဲ့လဲ ဆက်ဆံတက်ခဲ့
စီးပွားရေးဆိုတဲ့ ရေစီးကြောင်းမှာ
လှော်လိုက်မျောလိုက်နဲ့
အခုတော့ လူလတ်ပိုင်းဆိုတဲ့အရွယ်ကိုလဲ
မသွားပဲနဲ့ရောက်ခဲ့ပြီ

မယာကြွယ်တဲ့ လောကကိုလဲ နဖူးတွေ့ဒူးတွေ့ တွေ့ခဲ့ရပြီ
ကားလိပ်တွေနောက်က ပုစ္စာတွေရဲ့အဖြေကိုလဲ
Answer book မှာ မြင်ခဲ့ရပြီ
အနှိုင်အရှံးကစားပွဲတွေ နောက်တစ်ခါပြန်ကစားလာရပြီ
ကိုယ်ဖို့ပဲကိုယ်ကြည့်ရတဲ့
ကစားပွဲတွေမှာ
ချောင်ပိတ်ထိုးခံရရင်လဲ
အတွေ့အကြုံဆိုတဲ့ စာရင်းထဲခပ်လွယ်လွယ်ပဲ ပေါင်းထည့်နှိုင်ခဲ့ပြီ

အဲလိုနဲ့ပဲ
၂၆ နှစ်တာ ဖြတ်သန်းခြင်းမှာ
ကျွန်တော် ကိုယ်ပိုင် ပိုင်ဆိုင်တာဆိုလို့
ကျွန်တော် အိမ်မက် စာမျက်နှာ
တစ်ရွက်နှစ်ရွက်ကလွဲရင်
အားလုံးဟာ ဗလာနဲ့နတ္ထိ
မျှော်လင့်ခြင်း ဆိုတာဟာ
တစ်သတ်တာရှာဖွေခြင်းလို့
ကျွန်တော်သိခဲ့ပြီ
လူဘဝရဲ့ ရစ်သမ်ကိုလဲ
ကော့ရဒ်မပါပဲ ကြားခဲ့တက်ပြီ
နောက်ဆုံးတော့
ကျွန်တော်သိခဲ့တာက
လူဆိုတာ
ပန်းတိုင်မရှိတဲ့
ခရီးသွားဖော်တွေဆိုတာ

မရှာဖွေပဲနဲ့

တွေ့ရှိခဲ့ပါပြီ။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U