Related Posts Plugin for WordPress, Blogger...

Wednesday, July 31, 2013

လူငယ်တွေ အိမ်ထောင်ပြုတော့မယ်ဆိုရင် . . .



ငယ်ရွယ်သူတွေ၊ အထူးသဖြင့် အသက် ၁၈ နဲ့ ၂၅ ကြားလူငယ်တွေ အိမ်ထောင်ပြုတော့မယ်ဆိုရင် စဉ်းစားစရာရှိပါတယ်။ သေသေချာချာ စဉ်းစားဖို့လည်း လိုအပ်ပါလိမ့်မယ်။

အောက်ကအချက်တွေက သဘောမတူသူရှိသလို၊ သဘောတူသူတွေလည်း ရှိပါလိမ့်မယ်။ ဒါတွေဟာ အမြဲတမ်းမှန်တဲ့ အမှန်တရားတွေတော့ မဟုတ်ပါဘူး။ အဆင်မပြေဘူးထင်တဲ့ အချက်တွေကို ကျော် သွားနိုင်သလို တည့်တည့်တိုးမဲ့အချက်တွေလည်း ပါပါလိမ့်မယ်။ အားလုံး ၁၄ ချက်ရှိပါတယ်။ မဇ္ဈိမ က နေ့စဉ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

၅။ အချိန်တော်တော်များများကို အတူတူ ကုန်ဆုံးစေပါ။

ဒီအချက်ကို မလိုအပ်ဘူးလို့ ထင်ပါလိမ့်မယ်။ “လက်ထပ်ပါတော့မယ်ဆိုမှ အချိန်တိုင်းအတူတူရှိနေစရာမှ မလိုတာ” လို့ စောဒကတက်နိုင်ပါတယ်။ လိုပါတယ်။ ပြောင်းပြန်တွေးတတ်တာက နောင်မှာတူတူနေ ရတော့မှပဲ။ ခုတော့ တစ်ခြားအရာတွေကို အချိန်ပေးလိုက်မယ်ဆိုပြီး တစ်လွဲဆံပင်ကောင်းတတ်ကြပါ တယ်။ မဟုတ်ပါဘူး။ လက်ထပ်မယ်လို့ သေချာသွားပြီဆိုတာနဲ့ အချိန်တော်တော်များများကို အတူတူ ရှိနေခြင်းနဲ့ ကုန်ဆုံးပစ်လိုက်ရမှာပါ။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U