Related Posts Plugin for WordPress, Blogger...

Monday, August 5, 2013

သွေးနီဥနည်းသည့် ဝေဒနာ နေမာ ခံစားနေရ


ဘာစီလိုနာ တိုက်စစ်မှူး နေမာသည် သွေးနီဥနည်းပါးသည့် ရောဂါခံစားနေ
ရကြောင်း အသင်း ဆေးအဖွဲ့၏ စစ်ဆေးမှုအရသိရသည်။ သွေးနီဥ နည်းပါးခြင်းမှာ သံဓာတ် အားနည်းခြင်းကြောင့်ဖြစ်ပြီး အဆိုပါ ရောဂါခံစားရပါက အောက်ဆီဂျင်ထုတ်လွတ်မှု လျော့နည်းတတ်
သည်။ သို့သော် နေမာအနေဖြင့် အစ္စရေးမှ ပြန်လာမည်မဟုတ်ဘဲ အသင်းဖော်များနှင့် ဆက်လက်လေ့ကျင့်သွားမည်ဟု သိရသည်။

နေမာသည် ပြီးခဲ့သည့်လကလည်း လည်ချောင်းကင်ဆာ ရောဂါကြောင့် အသေးစား ခွဲစိပ်ကုသမှု ခံယူခဲ့ရပြီး ဘာစီလိုနာတွင် သွေးစစ်မှု ထပ်မံခံယူခဲ့ပြီးနောက် သွေးနီဥ နည်းပါးသည့် ရောဂါခံစားနေရကြောင်း သိရှိရခြင်းဖြစ်ကာ ကုသမှု ခံယူရတော့မည်ဖြစ်သည်။ သို့သော် စိုးရိမ်ဖွယ်မရှိကြောင်း ဘာစီလိုနာအသင်းမှ ထုတ်ပြန်ထားသည်။

Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U