Related Posts Plugin for WordPress, Blogger...

Sunday, August 25, 2013

ဦးသိန်းစိန်ကို ထောက်ခံသူများ




၂၀၀၈ ဖွဲ့စည်းပုံနဲ့ ၂၀၁၀ ရွေးကောက်ပွဲ အရ သမ္မတ ဖြစ်လာတဲ့ ဦးသိန်းစိန်ဟာ သူ့ကိုယ်သူ ပြည်သူ တစ်ရပ်လုံး က ထောက်ခံ အားပေးတဲ့ ဖွဲ့စည်းပုံနဲ့ ပြည်သူ တစ်ရပ်လုံးက တစ်ခဲနက် ရွေးကောက် တင်မြှောက် လိုက်တဲ့ သမ္မတ ဖြစ်တယ်လို့ ရှေ့မျက်နှာ နောက်ထားပြီး ကမ္ဘာ့ အလယ်မှာ ပြောဆို ရင့်ကျူးနေ ပါတယ်။ ၂၀၁၃ ခု ဦးသိန်းစိန် အမေရိကန် ကိုလာတော့ ဗွီအိုအေ က စီစဉ်တဲ့ တွေ့ဆုံပွဲမှာ အမျိုးသမီး တစ်ဦးက ဒီကိစ္စကို ထမေး တော့ သူ့ကိုယ်သူ ပြည်သူ တစ်ရပ်လုံးက ရွေးကောက် တင်မြှောက်တဲ့ သမ္မတ အဖြစ် မီဒီယာရှေ့မှာ ပြောင်ပြောင် တင်းတင်း ပြောခဲ့တာကို မြန်မာ ပြည်သူ ပြည်သားများ မှတ်မိ နေမှာပါ။

ဦးသိန်းစိန် အစိုးရဟာ သူပြောတဲ့ စကားကို အမှန် ဖြစ်အောင် ဖန်တီး နိုင်တယ်လို့ ဆိုရမှာပါ။ ဒီအတွက် မြန်မာ ပြည်ထဲက နှစ်ပေါင်း ထောင်နဲ့ချီ နေခဲ့တဲ့ ရိုဟင်ဂျာ များနဲ့ ပြည်မနေ မွတ်ဆလင် များကို ဘင်္ဂလီ ဆိုတဲ့ အမည်နာမ တစ်ခုတည်း တံဆိပ်နှိပ်ပြီး (မွတ်ဆလင် မှန်ရင် တံဆိပ် တစ်ခုတည်း နှိပ်ပြီး) အမျိုးသားရေး ဆိုတဲ့ ကြွေးကြော်မှု နဲ့ လုပ်ဆောင် နိုင်ခဲ့ ပါတယ်။

ရိုဟင်ဂျာ များကို သာမက ပြည်မနေ မွတ်ဆလင် များကိုလည်း ဘင်္ဂလီ များ ဖြစ်တယ်လို့ တံဆိပ် နှိပ်မှုကို မစ္စတာ ကင်တားနား မိတ္ထိလာကို သွားတော့ ရန်ရှာ လိုက်တဲ့ အုပ်စု ကိုင်ထားတဲ့ ဆိုင်းဘုတ် တွေက သက်သေ ပြလိုက် ပါတော့တယ်။ ဒီအချက်ဟာ ဦးသိန်းစိန်ရဲ့ အစိုးရကို ထောက်ခံကြောင်း သက်သေ ပြချက် တစ်ခုပါ။

ရိုဟင်ဂျာ များကို ပြည်ပရှိ မီဒီယာများ ကိုယ်တိုင်က ဦးသိန်းစိန် အစိုးရရဲ့ ချမှတ်ပေးတဲ့ အမည် နာမ အတိုင်း ဘင်္ဂလီများ လို့ တွင်တွင် ကျယ်ကျယ် ခေါ်ခဲ့ရာက- အခု နောက်ပိုင်းမှာ သမိုင်း တိုက်ပွဲ၊ သံတမန် တိုက်ပွဲ၊ တန်းတူ ညီမျှ အခွင့်အရေး (Civil Rights) ဆိုတဲ့ ဝေါဟာရ တိုက်ပွဲ တွေမှာ ဦးသိန်းစိန်တို့ ဘက်က တစ်ဘက်သတ် အလဲ ထိုးခံလာ ရတဲ့ အခါမှာ ပြည်ပရှိ မီဒီယာများ ကိုယ်တိုင် အစိုးရက ဘင်္ဂလီ လို့ ခေါ်ဆို သူများ ဆိုပြီး စကားလုံး ပြောင်းလဲ သွားခဲ့ ပါတယ်။

အခြေ အနေမှန်ကို မသိမှီ အနေ အထား တစ်ခုမှာ မိမိ သိနားလည် သလို ရပ်တည် ခဲ့သူ များက အခြေ အနေမှန် ကို သိလာတဲ့ နောက်ပိုင်း အမှန်ဘက်က ရပ်တည် ပေးလာခြင်း အပေါ် ကြိုဆို ရမှာပါ။ တနည်း အားဖြင့် ရိုဟင်ဂျာ များရဲ့ သမိုင်းကို မသိမှီ အစိုးရ ပြောဆိုတာကို ထောက်ခံမိ ခဲ့ပေမယ့်-၊ အခြေ အနေမှန်ကို သိသွားပြီး ဒီစကားက အစိုးရက ခေါ်တဲ့ စကားသာ ဖြစ်တယ် (ကျွန်ုပ် တို့က မခေါ်ဆိုဘူး) လို့ အဓိပ္ပါယ် သက်ရောက် သွားလို့ပါ။ ဒီလို အမှန်ကို ရပ်တည် လာတဲ့ လူများကို ဦးသိန်းစိန် အစိုးရအား ထောက်ခံ သူများလို့ မသတ်မှတ် နိုင်ပါ။

အတိုက် အခံ ဖြစ်တယ်လို့ ကြွေးကြော် ထားပြီး အစိုးရက ဘင်္ဂလီ ဖြစ်တယ်လို့ ပြောဆို ခံရသူများ (ရိုဟင်ဂျာ) များ ကို ဘင်္ဂလီ များလို့ ဆက်လက် ဇွတ်မှိတ် ခေါ်ဆို သုံးစွဲ နေသူ အားလုံးဟာ ဦးသိန်းစိန် အစိုးရကို ထောက်ခံနေသူ များသာ ဖြစ်တယ်လို့ သတ်မှတ် ယုံမှ တစ်ပါး အခြား မရှိပါ။ ပြည်ပ မီဒီယာများ ကိုယ်တိုင်က ဒီစကားလုံးဟာ အစိုးရ ကသာ ခေါ်တဲ့ စကားလုံး ဖြစ်တယ်လို့ အကြိမ်ကြိမ် ၀န်ခံ နေပါလျှက်- ရိုဟင်ဂျာ တို့ရဲ့ သမိုင်းကို ကမ္ဘာ့ ပညာရှင် များရှေ့ ရိုးသား ရှင်းလင်းစွာ မဖြေရှင်းရဲ ပါလျှက်၊ မြန်မာ နိုင်ငံကို အုပ်ချုပ် ထိန်းသိမ်း ခဲ့တဲ့ ဗြိတိသျှ အစိုးရ မှ အောက်လွှတ်တော် အမတ်များ ဥက္ကဌ ကိုယ်တိုင် ရိုဟင်ဂျာ သမိုင်းကို မြန်မာ ပြည်ထဲထိ လာရောက် သင်ကြား ပေးပါလျှက်၊ ကမ္ဘာ့ ကုလသမဂ္ဂ အပါအ၀င် ကမ္ဘာ့နိုင်ငံ အားလုံးမှ ရိုဟင်ဂျာ သမိုင်း ပကတိ ဖြစ်စဉ်ကို လက်ခံထား ပါလျှက်၊ ရိုးသား ဖြူစင်တဲ့ နှလုံးသား ပိုင်ရှင် စာပေ လေ့လာ ထားသူ မြန်မာများ၊ ဘုန်းကြီးများ ကိုယ်တိုင် လက်ခံထား ပါလျှက်-၊ ပြည်တွင်း အတိုက် အခံလို့ နာမည်ကြီးတဲ့ ၈၈ လို အဖွဲ့မျိုး ကိုယ်တိုင်က ရိုဟင်ဂျာများ မြန်မာ မွတ်ဆလင် များကို ဘင်္ဂလီ၊ ဘင်္ဂလီ လို့ ဇွတ်မှိတ် ပြောဆို နေခြင်းဟာ ဦးသိန်းစိန်ကို ထောက်ခံသည်၊ ဦးသိန်းစိန်ကို ထောက်ခံသည် လို့ အကြိမ်ကြိမ် အလီလီ သက်သေ တည်ပေး နေခြင်းသာ ဖြစ်ပါတယ်။

ဦးသိန်းစိန် ကလည်း သူ့ကို ၈၈ လို အဖွဲ့ ကိုယ်တိုင်က ထောက်ခံကြောင်းကို သက်သေ ပြနိုင်ဘို့ မြန်မာနိုင်ငံ အနှံ့ မှာ ဘင်္ဂလီ ဆိုင်းဘုတ် တင်ပွဲကို ဗုံမောင်း တီးလျှက် ကျင်းပမြဲ ကျင်းပနေ ပါတော့တယ်။ ဒီလို ကျင်းပရလို့ ဘယ်သူ သေသေ၊ ကမ္ဘာက ဘာပြောပြော နိုင်ငံရေး အရ အမြတ် ကြီးကြီး ရနေတော့ ကမ္ဘာနဲ့ ဖြစ်လာတဲ့ ပြသနာ နောက်ရှင်း- အခု လောလောဆယ် - ငါ့ကို ပြည်သူ တစ်ရပ်လုံးနဲ့ အတိုက် အခံ အားလုံးက ထောက်ခံကြောင်း သက်သေ ပြနိုင်ရင် ပြီးရော ဆိုတဲ့ အတွေးနဲ့ ကုလ သမဂ္ဂ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနား ကိုတောင် အကြမ်းဖက် ခြိမ်းခြောက် ပြလိုက် ပါတယ်။ ဒီမှာလည်း ၈၈ အဖွဲ့ ခေါင်းစီးကို ရှေ့တန်းတင် ပွဲထုတ် ပြလိုက် သေးတယ်။ မစ္စတာ ကင်တားနား မိတ္ထိလာကို မသွားမှီ ၈၈ အဖွဲ့ကလည်း မွတ်ဆလင် ဆန့်ကျင် ကြောင်းကို အနုနည်းနဲ့ အပျော့စား ချည်းကပ်ပြီး မစ္စတာ ကင်တားနားကို နားချဘို့ ကြိုးစား ခဲ့သေးတယ်။ ဒီတော့ ဦးသိန်းစိန် အစိုးရက တစ်ကွက် နင်းပြီး ငါတို့ ဘက်မှာ ၈၈ အင်အားစု တစ်ခုလုံး ရှိနေတယ်လို့ နိုင်ငံရေး အရ ပွဲထုတ်ပြ လိုက်ခြင်းပါ။

၈၈ အုပ်စုနဲ့ ဦးသိန်းစိန် အစိုးရဟာ တစ်သွေးတည်း တစ်သားတည်း ဖြစ်သွားပြီ လို့ ကမ္ဘာ့ အလယ်မှာ သက်သေ ပြနေခြင်းဟာ ဦးသိန်းစိန်က သူ့ကို ပြည်သူ တစ်ရပ်လုံးက အားရ ကျေနပ်စွာ ထောက်ခံ ခဲ့တဲ့ သမ္မတ ဖြစ်တယ်လို့ သက်သေပြ နေခြင်း ဖြစ်သလို ရာဇ၀တ် တရားခံ တွေထဲမှာ အမှုတွဲ ပါအောင် အဖေါ်တွဲ ခေါ်နေခြင်း လည်း ဖြစ်ပါ တယ်။

တစ်ကယ်လို့ ကျွန်ုပ်တို့ ပြည်ပ အင်အားစု များက ဆွဲတင် နေတဲ့ ICC ပေါ်ကို ရာဇ၀တ် ကောင်များ ရောက် သွားခဲ့ ရင်လည်း ဦးသိန်းစိန် ဦးဆောင်တဲ့ ပါတီထဲမှာ မွတ်ဆလင်မုန်း ဇာတိပြ နေသူဟာ သူ့ပါတီ တစ်ခုလုံးရဲ့ သူ အပါ အ၀င် ရာထူးက နှတ်ထွက် တော့မယ့် ၅ ရာနှုန်း မျှသာ ရှိပြီး ကျန် ၉၅ ရာနှုန်းကို ဟိုလိုလို ဒီလိုလို နေဘို့ စီစဉ်ထားပြီး ဖြစ်နေ ပါတယ်။ အမှုအရ တစ်ကယ် ရှင်းကြ စတမ်း ဆိုရင် ကြံ့ခိုင်ရေး ပါတီက ၅ ရာနှုန်း မျှသာ တရားခံ ဖြစ်ပြီး- ကျန် ၉၅ ရာနှုန်းက လူကြီး လူကောင်း အဖြစ် ရပ်တည် နိုင်ပေမယ့်-၊ ၈၈ အုပ်စုနဲ့ အချို့သော အမျိုးသားရေး ပါတီ များကို အနာဂါတ် မြန်မာ့ နိုင်ငံရေး နယ်ထဲက ဖြုတ်ထုတ် ပါယ်သတ်ပြီး ဖြစ်သွားပါ တော့မယ်။ ဦးသိန်းစိန် ကလည်း သူ့ကို ဘ၀နဲ့ ရင်းပြီး ထောက်ခံ သူများကို လက်ကမ်း ကြိုဆို နေမှာပါ။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U