Related Posts Plugin for WordPress, Blogger...

Monday, August 5, 2013

မန်းမှာ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်




လမ်းဘေးကွမ်းယာဆိုင်ထွက်ခွင့်မရတာ၊ ဆိုက္ကားဂိတ် လမ်းဘေး ထိုးခွင့်မရတာတွေကြောင့် မကျေနပ်ပြီး တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်မှု တစ်ခု ယနေ့ မနက် ၁၁ နာရီခွဲ ၀န်းကျင်က မန္တလေးမြို့မှာ ဖြစ်ပွားပါတယ်။
ဆန္ဒထုတ်ဖော်သူဟာ မင်းတဲအီကင်းရပ်ကွက် မှာနေထိုင်တဲ့ အသက် ၃၃ နှစ်အရွယ် ဆိုက္ကားနှင်းသူတစ်ဦးဖြစ်ပြီး ၈၆ လမ်း နဲ့ ၁၉လမ်းထောင့် ညောင်ပင်ဈေးအနီးမှာ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။
" ကဒ်ထူပြားခင်းပြီး လမ်းမပေါ်မှာ အိပ်နေလို့ ကားလမ်းပိတ်ဆို့မှုဖြစ်နေတယ်သတင်းရလို့ စခန်းခေါ်ပြီးမေးမြန်းခဲ့တယ်။
ဆန္ဒထုတ်ဖော်မှုကို ဥပဒေနဲ့အညီ စာတင် ဆောင်ရွက်ဖို့ ပြောကြားပြီး ပြန်လည်လွှတ်ပေးခဲ့တယ်" လို့ အောင်မြေသာစံမြို့နယ် အမှတ် (၅) ရဲစခန်းမှ တာဝန်ကျ ဒုရဲအုပ်တစ်ဦးက ပြောပါတယ်။
 
Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U