Related Posts Plugin for WordPress, Blogger...

Sunday, September 1, 2013

ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် လွှတ်တော် ကိုယ်စားလှယ်များ တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း

ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် လွှတ်တော် ကိုယ်စားလှယ်များ တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်းအား အတည်ပြု ပြဋ္ဌာန်းရန် မည်သည့် အတွက်ကြောင့် အလျင်လိုနေသနည်းဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များမှ တစ်ဆင့် ကော်မရှင်သို့ မေးခွန်းထုတ် ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် လွှတ်တော် အစည်းအဝေးတွင် ရွေးကောက်ပွဲ ကော်မရှင်က ပြောကြားခဲ့သည့် လစ်လပ်မဲဆန္ဒ နယ်များတွင် အစားထိုးရန် အတွက် ကြားဖြတ် ရွေးကောက်ပွဲ ပြုလုပ်ရန် အလျင်မလို ဟုဆိုလျှင် ယခုတာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းကိစ္စကို အလျင်စလို ပြုလုပ် လိုသည်မှာ မည်သည့် အကြောင်း ရှိသည်ကို စဉ်းစားရန်လိုအပ်လာကြောင်း ၊ ယင်းကဲ့သို့ တာဝန်မှ ပြန်လည်ရုပ်သိမ်း နိုင်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သည့် အချက် ဖြစ်သော်လည်း လွှတ်တော်တွင် ဆွေးနွေးချက်များအရ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်များကို ပြန်လည်သုံးသပ် လေ့လာစဉ်းစားရမည့် အချက်များ ဖြစ်နေသည့် အတွက် လည်းကောင်း၊ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေရှိ မဲပေးပိုင်ခွင့် ရှိသူ၏ ၁ ရာခိုင်နှုန်း ဆိုသည့် အချက်သည် မတည်ငြိမ် မှုများ ဖြစ်လာနိုင်ခြင်းနှင့် ငွေကြေးကုန်ကျမှု များပြားခြင်းတို့ အတွက် လည်းကောင်း၊ ယင်းကဲ့သို့ စည်းမျဉ်းစည်းကမ်းများသည် ပြန်လည်စဉ်းစား သုံးသပ်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါသည်။

''ဒီလို ဥပဒေကြမ်းကို ဆက်လက်ဆွေးနွေးဖို့ ဆိုင်းငံ့လိုက်တာဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မညီဘူးလို့ ထင်ရင်လည်း ထင်တဲ့အတိုင်း ပြောချင်တဲ့ အဖွဲ့အစည်းက ပြောလို့ ရပါတယ်။ ကျွန်မတို့ လွှတ်တော် တွင်းကတော့ ဒါဟာ လုပ်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ အမြင်နဲ့ ဆုံးဖြတ်တာပါ။ ကိုယ်စားလှယ် တွေကလည်း ဒါကို သဘောတူ လိုက်တာပဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီက ဒီကိစ္စကို ကိုင်တွယ်တဲ့ အချိန်ထိ စောင့်လိုက်ပါလို့ ဆိုတာဟာ အန်တီအမြင်မှာတော့ ဒါဟာ စဉ်းစဉ်းစားစား လုပ်တဲ့ကိစ္စပါ'' ဟု ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များကို ပြောကြားသည်။

ရွေးကောက်ပွဲ ကော်မရှင်က ယင်းကဲ့သို့ ဆိုင်းငံ့မှုသည် အခြေခံဥပဒေတွင် မပါဝင်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နိုင်ငံသားများ၏ အခွင့်အရေးများကို အလေးထားသောအားဖြင့် လွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန် ပြည်ထောင်စုလွှတ်တော် နာယကထံသို့ ပေးပို့ ခဲ့ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သြဂုတ် ၃၀ ရက်တွင် ပြုလုပ်သော အစည်းအဝေး၌ ပြောကြားသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U