Related Posts Plugin for WordPress, Blogger...

Sunday, September 1, 2013

ယာဉ်လိုင်းတွေ၊ ယာဉ်မောင်းတွေ စည်းကမ်းမရှိလို့ ပြည်သူတွေ အသက်ဆုံးရှုံးနေဟုဆို

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၈၄လမ်း၊၂၉လမ်းနှင့် ၃၀ လမ်းကြားတွင် သြ
ဂုတ်လ၂၁ရက် နေ့ ည၇နာရီ ၁၅မိနစ်က ယာဉ်တိုက်မှုဖြစ်ခဲ့သဖြင့် ဒေါ်မိုးမိုးသန့်
(ဘ)ဦးထွန်းကြည် အသက်၄၇နှစ်သည် အခင်းဖြစ်နေရာတွင် သေဆုံးပြီး မကြည်
ဖြူသန့်အသက်၁၃ နှစ်(ဘ)ဦးတင့်လွင်မှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ
အဆိုပါ၈၄လမ်း၊ ၂၉x၃၀ကြားတွင် ၈၄လမ်းအတိုင်း တောင်ဖက်သို့
ခေါင်းတည်ပြီး ရပ်ထားသည့် မန္တလေး-အမရပူရ အမှတ်(၈)ကားလိုင်းမှ ဒ/… ဒိုင်
နာယာဉ်အားကားရှေ့ခန်းတွင် လိုက်ပါသည့်အမရပူရမြို့ကြံတန်းရပ်နေမဆောင်း
သစ်(ဘ)ဦးဇော်နိုင်က ယာဉ်မောင်းနေရာတွင် ၀င်ရောက်၍ စက်နှိုးရာမှ ဒိုင်နာ
ယာဉ်မှာ ရုတ်တရက် စက်နိုးမောင်းထွက်ပြီး လမ်းအရှေ့ဖက်တောင်မှ မြောက်
သို့ ဒေါ်မိုးမိုးသန့်စီးလာသည့် ဆိုင်ကယ်၁၁ယ/…. အား ၀င်ရောက်တိုက်ခဲ့ရာဆိုင်
ကယ်စီးသူဒေါ်မိုးမိုးသန့်သည် အခင်းဖြစ်နေရာတွင် သေဆုံးပြီး မကြည်ဖြူသန့်မှာ
ဒဏ်ရာရရှိခဲ့ကြောင်း ယာဉ်မှုစစ်ဌာန ဒုရဲအုပ်ဇော်ဇော်က ယာဉ်တိုက်မှုအားဥပဒေ
နှင့်အညီ အရေးယူရန်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ဒေါ်မိုးမိုးသန့်၏ ဆွေမျိုးတော်စပ်သူတစ်ဦးက“ဒီ
လိုဖြစ်ရတာ ယာဉ်မောင်းရဲ့ ပေါ့လျော့မှုကြောင့် ဖြစ်တာပါ။ နောက်ပြီး လိုင်းကား
တွေအနေနဲ့ အဲဒီအချိန်က ၈၄လမ်း ၂၉x၃၀ကြားဆိုတာ ဂိတ်ထိုးရမဲ့အချိန်၊ ဂိတ်
ထိုးရမဲ့နေရာမဟုတ်ဘူး။ သေသွားတာက ကျွန်တော့်ရဲ့ခယ်မပါ။ဖြစ်ပြီးအကြောင်း
ကြားတော့ ရောက်တာနည်းနည်း နောက်ကျတယ်။ မမြင်ရက်စရာပါပဲ။ ၀ိုင်းဝန်း
ကူညီတဲ့သူတွေလဲများတယ်။ အားလုံးကိုလည်း ကျေးဇူးတင်တယ်”လို့ ပြောပြ
သည်။

၎င်းကဆက်၍“ဒါပေမယ့် ကျွန်တော့်ခယ်မဆွဲထားတဲ့ ၃ကျပ်သားအလေးချိန်ရှိရွှေ
ဆွဲကြိုးတစ်ကုံးရယ်၊ပုလဲနားကပ်ရယ် ပျောက်သွားတယ်။သေသွားတဲ့လူရဲ့ပစ္စည်း
ကို ဘယ်သူကဘယ်လိုလုပ်ယူသွားလဲမသိဘူး။ဆွဲကြိုးကလက်ရှိပေါက်ဈေးသိန်း
နှစ်ဆယ်လောက် တန်ဖိုးရှိတယ်။ နားကပ်ကတော့ ခုနှစ်သောင်းပဲတန်တာပါ။အဲဒီ
ကိစ္စကို ယာဉ်မှုစစ်ကဒုရဲအုပ်ဇော်ဇော်မေးကြည့်တော့သူရောက်တဲ့အချိန်မှာတော့
မတွေ့ဘူးလို့ပြောတယ်။ အခင်းဖြစ်ချိန်ရိုက်ထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေကိုသေ
သေချာချာ ထုတ်ပြပါတယ်။ ပစ္စည်းပျောက်တဲ့ ကိစ္စအမှတ်၈ရဲစခန်းမှာ အမှုဖွင့်ပါ
လို့ပြောတော့ အမှုဖွင့်ထားပါတယ်။ဒီလိုဖြစ်လို့ အရေးယူရာမှာ ယာဉ်မောင်းရဲ့ပေါ့
ဆမှုကြောင့် ယာဉ်မောင်းကိုလည်း အရေးယူသင့်တယ်လို့ထင်တယ်။အမှုကတော့
ဖြစ်ပြီးပြီဆိုတော့ ကျေအေးပေးမှာပါ။ မေတ္တာနဲ့ကျေအေးဖို့ စဉ်းစားထားတယ်။ ဒါ
ပေမယ့် အပြင်မှာ အသံတွေကြားနေရတာ။ ကျွန်တော်တို့ကို သိန်းတစ်ရာပေးလို့
ကျေအေးပေးတယ်လို့ ကြားနေရတယ်။ အဲဒါလည်း မဟုတ်ဘူး။ကျေအေးမယ်ဆို
ရင် ခုနပြောသလို မေတ္တာနဲ့ပဲ ကျေအေးပေးသွားမှာပါ။ လျော်ကြေးရလို့ကျေအေး
တာ မဟုတ်သလို အဲဒီအတွက် လျော်ကြေးလည်း မလိုချင်ပါဘူး။ ကုသိုလ်ကံဆိုး
လို့ ဒီလိုကြုံရတယ်လို့ပဲ စိတ်ဖြေလိုက်ရပါတယ်။

အဓိကပြောချင်တာ ဒီလိုအချိန် ဒီလိုနေရာမှာ လိုင်းကားတွေ ဖြစ်သလို ဂိတ်ထိုး၊
ယာဉ်မောင်းတွေ ပေါ့လျော့လို့ တစ်ဖက်သားလူတွေ အသက်ဆုံးရှုံး၊ ဒုက္ခရောက်၊
ဒဏ်ရာရ၊ ပစ္စည်းတွေပျောက်ကြတယ်။ ယာဉ်လိုင်းတွေက စည်းကမ်းမရှိသလို
ယာဉ်မောင်းတွေကလည်း စည်းကမ်းမရှိကြဘူး။ ဒါကို တာဝန်ရှိသူတွေအနေနဲ့
ကြိုတင်ပြီး ထိထိရောက်ရောက် အရေးယူသင့်တယ်”ဟု မန္တလေးအလင်းဂျာနယ်
သို့ ပြောပြသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U