Related Posts Plugin for WordPress, Blogger...

Sunday, September 1, 2013

သူငယ်ချင်း


သူငယ်ချင်း

တွေ့ ဖူး ကြုံဖူး ကြမှာပါ ...... ဆွေမျိုး ..... အရမ်း ရင်ထဲ က နှစ်လိုဖွယ်ရာ အပြုအမူ အပြော အဆိုလေးတွေ နဲ့  နွေးထွေးတဲ့ စေတနာ အရင်းခံလေးတွေ ပေးသော လူမျိုး

တွေ့ ဖူး ကြုံဖူး ကြမှာပါ ........ ဆွေမျိုး ..... စကားလေး သာ သာယာ ချို မြိန် စွာ ပြောတတ်ပြီး ရင်ထဲက စေတနာ မပါတဲ့ လူမျိုး

တွေ့ ဖူး ကြုံဖူး ကြမှာပါ ..... ဆွေမျိုး ..... ကိုယ်ကိုတိုင် တကယ်တမ်း လောက ကြီးရဲ့  ပုတ်ခတ်လာတဲ့ လှိုင်း တံပိုးတွေ ရိုက်ခတ်လာရင် ကြံ့ ကြံ့ ခံ ကာကွယ်ပေးတတ်တဲ့ သူမျိုး

တွေ့ ဖူး ကြုံဖူး ကြမှာပါ .... ဆွေမျိုး ..... ကိုယ်ကို တိုင် တကယ်တမ်း လောကကြီးရဲ့  ပုတ်ခတ်လာတဲ့ လှိုင်း တံပိုးတွေ ကို မသိ သလို ဟန်ဆောင် အရေးမယူတတ်ကြတဲ့ သူမျိုး

တွေ့ ဖူး ကြုံဖူး ကြမှာပါ .... ဆွေမျိုး ..... အဆွေ အစစ် အမှန်ကို သာ မြတ်နိုး တန်ဖိုး ထားတတ်သော လူမျိုး


တွေ့ ဖူး ကြုံဖူး ကြမှာပါ ......ဆွေမျိုး ..... ရွှေ ရှိမှ အမျိုးလို့  သတ်မှတ်ချင်သော သူမျိုး

ယခု စကားလုံး အသုံးအနှုန်းများ ရင့်သီး ခါးသက်သော သဘော ဖြစ်နေပါလျှင် ဖတ်ရှူ မိသူ သူငယ်ချင်း များ ၊ ဆရာတော် ၊ အကို ၊ အမ ၊ ညီငယ် ၊ ညီမ ငယ်များ အနေဖြင့် နားလည် ခွင့်လွှတ်ပေးပါရန် အပြု သဘော မှ ပန်ကြားအပ်ပါတယ်နော်...............

ယခု ဆွေမျိုး အကြောင်းအရာလေးမှာ အပြု သဘော၏ အကိုများနှင့် ယခု အပတ်အတွင်း လက်ဖက်ရည် ဆိုင် ထိုင်မိရာမှ စကား ဆက်စပ်မိပြီး ရရှိလာ တဲ့ ခံစားမှူမျိုး ကို ပုံဖော်ထားခြင်း သက်သက်ဖြစ်ပါသည်..... သူငယ်ချင်းများ၏ မိသားစု ပုံစံ မျိုး နှင့် တူညီချင်မှ တူညီ လိမ့် မည် ဖြစ်ပါသော်လည်း တူညီလောက်ကောင်းသည်ဟု ထင်သော ရည်ရွယ်ချက်မျိုး သက်သက်သာဖြစ်ပါသည်.... မည်သူ တစ်ဦး တစ်ယောက် ၏ မိသားစု အကြောင်း အရာ များကို မှ မရည်ရွယ် ပါကြောင်း သူငယ်ချင်းများ သို့  ပန်ကြားအပ်ပါသည် ........

သူငယ်ချင်းများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ.......

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U