Related Posts Plugin for WordPress, Blogger...

Sunday, September 1, 2013

မန္တလေးလေးမြို့နယ် ခြောက်နာရီကြာ လျှပ်စစ်ဓာတ်အား ဖြတ်တောက်မည်





မန္တလေးခရိုင်အတွင်းရှိ မြို့နယ် လေးခုတွင် စက်တင်ဘာလ ၁ ရက်နေ့၌ ခြောက်နာရီကြာ ဓာတ်အားယာယီဖြတ် တောက်ကာ လုပ်ငန်းဆောင်ရွက်မည်ဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူက ပြောကြားသည်။

မန္တလေးခရိုင်ရှိ ချမ်းမြသာစည်၊ အောင်မြေသာစံ၊ ပုသိမ်ကြီးမြို့နယ်တို့တွင် စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ လည်းကောင်း၊ ချမ်းအေးသာစံမြို့နယ်တွင် နံနက် ၉နာရီမှ မွန်းလွဲ ၂ နာရီအထိ လည်းကောင်း ဓာတ်အား ယာယီဖြတ်တောက်ကာ လုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းထံမှ စုံစမ်းသိရှိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ဓာတ်အားပျောက်ဆုံးမှု လျော့နည်းရေးနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး တို့အတွက် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ ထိန်းသိမ်းပြုပြင်ခြင်း၊ ဓာတ်အားလိုင်းများ နှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်း ရှင်းလင်းခြင်း လုပ်ငန်းတို့ကို ဆောင်ရွက် လျက်ရှိရာ သက်ဆိုင်ရာ လုပ်ငန်းခွင်နှင့် မလွတ်ကင်းသော အဆိုပါမြို့နယ်လေးခု တွင် ယင်းကဲ့သို့ လျှပ်စစ်ဓာတ်အား ယာယီ ဖြတ်တောက်ကာ လုပ်ငန်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း တာဝန်ရှိသူ ထံမှ သိရှိရသည်။

သြဂုတ်လ ၃၁ ရက်နေ့တွင် မဟာအောင်မြေမြို့နယ်အတွင်း နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ လျှပ်စစ်မီး ယာယီဖြတ်တောက်ကာ လုပ်ငန်းများ ဆောင်ရွက်နေသည်ဟု ၄င်းကဆိုသည်။
"မီးအားကိုးနေလို့ကတော့ အလုပ်မဖြစ်ပါဘူး။ ကျုပ်တို့က မီးစက်ရှိတော့ မီးပျက်ရင် မီးစက်နဲ့ပဲ လုပ်ဖြစ်တယ်" ဟု ဘုရားကြီးအနောက်ရှိ ကျောက်စစ်တန်းမှ ကျောက်စစ်လုပ်သားတစ်ဦးက ဆိုသည်။

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့နယ်အတွင်းရှိ ဝက်ဝံရွာနှင့် မြို့ရှောင် လမ်းရှိ ခြံစိုက်ခင်းများနှင့် နောင်ချိုမြို့နယ် တို့တွင် စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၈ နာရီမှ ၄ နာရီအထိ လည်းကောင်း၊ မတ္တရာမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ် တို့တွင် နံနက် ၈ နာရီမှ ၄ နာရီအထိ လည်းကောင်း ယာယီ ဓာတ်အားဖြတ်တောက်ကာ လျှပ်စစ် မီးကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်၊ သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းမည် ဖြစ်ကြောင်း တိုင်းလျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေးလုပ်ငန်းမှ တာဝန်ရှိသူက ထပ်လောင်း ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး၏ နွေရာသီတွင် လျှပ်စစ်မီးသုံးစွဲမှုမှာ မဂ္ဂါဝပ် ၃၅၀ ခန့်ရှိပြီး တိုင်းဒေသကြီးအတွက် လျှပ်စစ်မီး ခွဲတမ်းမှာ မဂ္ဂါဝပ် ၂၀၀ ခန့်သာ ရရှိခဲ့ကြောင်း အချက်အလက်များအရ သိရှိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U