အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချဲလ်ဟာ မြန်မာနိုင်ငံကို ပြန်လည်
ရောက်ရှိလာတဲ့ ဘာသာရေး၊ လူမှုရေး ခေါင်းဆောင် ၈ ဦးနဲ့ မနေ့က ရန်ကုန်က
အမေရိကန် သံရုံးမှာ တွေ့ဆုံခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဌာနရဲ့ စပွန်ဆာနဲ့ မြန်မာနိုင်ငံက
ဘာသာရေး၊ လူမှုရေး ခေါင်း
ဆောင် ၈ ဦး ကို အမေရိကန်ပြည်ထောင်စုကို သတင်းပတ် ၃ ပတ်ကြာ
လေ့လာရေးခရီး ဖိတ်ခေါ်လို့ မကြာခင်က သွားခဲ့သူတွေ ဖြစ်ပါတယ်လို့ ရန်ကုန်
အမေရိကန် သံရုံး ဖေ့စ်ဘုတ် စာမျက်နှာမှာ ဖော်ပြထား ပါတယ်။
မြန်မာ ဘာသာရေး၊ လူမှုရေး ခေါင်းဆောင် ၈ ဦးတို့ဟာ တိုင်းရင်းသားစုံ
လူ့အဖွဲ့အစည်းမှာ မတူကွဲပြား မှုတွေနဲ့ သည်း ခံ ခြင်းတရားတွေနဲ့ပတ်သက်လို့
အမေရိကန်ပြည်ထောင်စုရှိ ၀ါရှင်တန် ဒီစီ၊ ဘော့စ်တွန်၊ မန်ဆာချူးဆက်၊
နယူးအော် လန်း၊ လူစီယားနား၊ လော့စ်အိန်ဂျလိစ်၊ ကာလီဖိုးနီးယား ဒေသတွေမှာ
အမေရိကန် ဘာသာရေးခေါင်းဆောင်တွေ၊ မူဝါဒချမှတ်သူတွေ၊ ပညာရှင်တွေ၊
အရပ်ဖက် လူ့အဖွဲ့အစည်း က လူတွေနဲ့ တွေ့ဆုံလေ့လာခဲ့ကြတာပါ။
Sayar Chan

0 comments:
Post a Comment