Related Posts Plugin for WordPress, Blogger...

Tuesday, September 3, 2013

ခံစားချက်တွေကို သီချင်း ရေးဖြစ်တဲ့ မန္တလေးက တေးရေး ဂျိုဂျိုး

Share
Wanted ရဲ့ “တစ်ယောက် တစ်နေရာ ဆီမှ” အခွေမှာ “အမှတ်မရှိ” သီချင်းကို မန္တလေးက တေးရေး ဂျိုဂျိုးက ရေးစပ် ပေးထားပါတယ်။ “အမှတ်မရှိ” သီချင်း အပြင် ဖော်ကာ နဲ့ ဂျိုဂျိုး တို့ပေါင်း ရေးထားတဲ့ “နေမထွက်တဲ့ ကမ္ဘာ” သီချင်းကလည်း အသည်းကွဲ သီချင်းတွေ အရေး များတဲ့ ဂျိုဂျိုး အတွက် တစ်မူ ကွဲထွက်လို့နေ ပါတယ်။ ဖော်ကာ နဲ့ နှစ်ယောက်ပေါင်း ရေးဖြစ်တဲ့ အကြောင်း ကိုလည်း ဂျိုဂျိုးက “အဲဒီ သီချင်းက ကိုဖော်ကာ က  Chorus လေး တစ်ခု ရထားတာ ရှိတယ်။ စာသား နှစ်ယောက် ရေးကြည့် ရအောင် ဆိုပြီး တိုင်ပင်ပြီးတော့ အဲဒီ တစ်ပုဒ်လုံး ရေးကြတာ။ မှတ်မှတ်ရရ အဲဒီသီချင်း နဲ့ နောက်တစ်ပုဒ်၊ နှစ်ပုဒ် ဆက်တိုက်ရေးဖြစ် သွားတယ်” လို့ ပြောပါတယ်။ မန္တလေးက ရော့ခ်ဂီတ အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ Dusty Way အဖွဲ့ဝင် တစ်ယောက်လည်း ဖြစ်သူ ဂျိုဂျိုးက ဖော်ကာ ရဲ့ အခွေ မှာ သီချင်းရေးပေး ရင်းနဲ့ တေးရေး ဂျိုဂျိုး အဖြစ် ပရိသတ် အသိအမှတ်ပြု ခံလာ ရတဲ့အတွက် သီချင်း လုပ်ရတာ ပိုပြီး အကျိုး သက်ရောက်မှု ရှိစေကြောင်းကို “Dusty Way အနေ နဲ့ကတော့ ကျွန်တော်တို့ ရှိုးတွေ ဆိုဖြစ်ပါတယ်။ ကျွန်တော်တို့ တစ်ကိုယ်တော် အခွေ အတွက် လုပ်နေတာ အတီးပိုင်း အားလုံး ပြီးသွားပြီ။ ဒီနှစ် အကုန် ရှေ့နှစ် ဆန်း လောက်တော့ ထွက်နိုင်ပါလိမ့်မယ်” လို့ ဂျိုဂျိုး က ပြောပါတယ်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U