Related Posts Plugin for WordPress, Blogger...

Friday, October 4, 2013

အင်တာနက်တွင် ဆန္ဒပြကြရန် လိုက်ဖွ သူ အတိုက်အခံ ၂၀ ကျော်အား ထောင် ၁၅ နှစ်ထိချ၊ မြန်မာနိုင်ငံတွင်လည်း ထိုစနစ်ပေါ်ပေါက်ရန် လူထု လိုလား




ဘာရိန်းနိုင်ငံတွင် အင်တာနက်၌ ဆန္ဒပြကြရန် လိုက်ဖွ သူ အတိုက်အခံ ရှီးယိုက်မွတ်ဆလင် ၂၀ ကျော်အားဘာရိန်းတရားရုံး တစ်ရုံးက မြေအောက်လှုပ်ရှားမှုများ ပြုလုပ်ခြင်းကြောင့် ထောင်ဒဏ် ၁၅ နှစ် အပါအဝင် အသီးသီးသော နှစ်ရှည်ထောင်ဒဏ်များ ချလိုက်ပြီး မြန်မာနိုင်ငံတွင်လည်း ထိုစနစ်ပေါ်ပေါက်ရန် လူထုမှ လိုလားလျှက်ရှိကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၁၄ တပ်ပေါင်းစုဟု အမည်ပေးထားသော အင်အားစုသည် ရှီးယိုက် ဦးဆောင်သော အခွင့်အရေး တောင်းဆိုသည့် ၂၀၁၁ တွင် စတင်ခဲ့သော လှုပ်ရှားမှုအပေါ် သြဇာလွှမ်းမိုးသည့် အစု အဖွဲ့ ဖြစ်သည်။

ဆွန်နီ တော်ဝင်မိသားစုက အုပ်ချုပ်သော ဘာရိန်းတွင် လူငယ်လှုပ်ရှားမှုများကို အကြမ်းဖက်ဝါဒဟု စွပ်စွဲထားရှိသည်။

ဖမ်းဆီးထားသော အတိုက်အခံ ရှီးယိုက် ၅၀ ဦးအနက် ၁၆ ဦးကို နှစ်ရှည် ထောင်ဒဏ် ၁၅ နှစ်ချလိုက်ကာ လေးဦးကို ၁၀ နှစ်ချခဲ့ပြီး ကျန်အတိုက်အခံများကို ထောင်ဒဏ်ငါးနှစ်စီ ချမှတ်လိုက်ကြ ကြောင်း တရားရေး သတင်းရင်းမြစ် တစ်ရပ်ကို ကိုးကား၍ AFP သတင်းတစ်ရပ်က ရေးသား ဖော်ပြထားသည်။

အကျဉ်းကျခံရသူ ၃၀ ဦးခန့်က အယူခံဝင်ရန် စီစဉ်လျက်ရှိပြီး ကျန် ၂၀ ဦး ကိုမူ တရားခွင်သို့ မခေါ်ဆောင်ဘဲ အမိန့်ချ ခြင်း ဖြစ်သည်။ ၄င်းတို့ကို စွပ်စွဲထားသော ပြစ်မှုမှာ အင်တာနက်တွင် ဆန္ဒပြကြရန် ဆော်သြနေသည့် လျှို့ဝှက်အဖွဲ့ ဖေဖော်ဝါရီ ၁၄ တပ်ပေါင်းစုတွင် ပါဝင်သောကြောင့် ဖြစ်သည်။

ယခု ဖမ်းဆီး ထောင်ချခံလိုက်ရသည့် ၅၀ ဦးတွင် ထင်ရှားသူမှာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ နာဂျီဖာတီးလ် ဖြစ်ပြီး ၄င်းက ထောင်ဒဏ် ၁၅ နှစ် ချခံရခြင်း ဖြစ်သည်ဟု ဘာရိန်း လူ့အခွင့်အရေးရာ လူငယ်အင်အားစု အဖွဲ့က ပြောကြားသည်။

အဆိုပါ နိုင်ငံရေးအကျဉ်းသားများ မှာ စစ်ကြောရေး ဝင်နေရချိန် ကလည်း နှိပ်စက်ညှဉ်းပန်းမှုများ ခံရသည်ဟု ယင်းအဖွဲ့အစည်းက ပြောဆိုထားပြီး ညှဉ်းပန်း နှိပ်စက်မှုတွင် လျှပ်စစ်ဖြင့် ရှော့ခ်ရိုက်ခြင်း၊ ရေနှစ်ခြင်း၊ ရိုက်နှက်ခြင်းတို့ ပါဝင်ကြောင်းလည်း ထောက်ပြကြသည်။

ဖမ်းဆီးထောင်ချ ခံရသူများတွင် အီရတ်ဘာသာရေးဆရာ ဟာဒီအယ်မူ ဒါရီဆီနှင့် လန်ဒန်အခြေစိုက် အတိုက်အခံ ဆာအစ်ဒ်အယ်ရှာဟာဘီ တို့လည်း ပါဝင်ကြောင်း AFP သတင်းတစ်ရပ်က ဆိုသည်။ ၄င်းတို့နှစ်ဦးလုံးမှာ မျက်ကွယ်တရားစီရင်ခြင်း ခံရသူများ ဖြစ်သည်။

ဘာရိန်းဆန္ဒပြပွဲ များသည် ဆွန်နီ တော်ဝင်မိသားစု အုပ်ချုပ်ရေးကို ဖြုတ်ချပြီး အရပ်သားနိုင်ငံရေး ဖြစ်စဉ်တစ်ခုကို ပေါ်ပေါက်လာအောင် တောင်းဆို၍ ရှီးယိုက် ဘာသာဝင်များကို ခွဲခြားဆက်ဆံမှုများ မလုပ်ရန် သပိတ်မှောက်ကြခြင်း ဖြစ်သည်။

ယခုကဲ့သို့ ဖမ်းဆီးထားသူများကို ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းသည် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ပိုမို ဆိုးဝါးလာအောင် မီးထိုးပေး လိုက်သကဲ့သို့သာ ဖြစ်ကြောင်း ဘာရိန်း လူ့အခွင့်အရေး အဖွဲ့၏ ခေါင်းဆောင်မိုဟာမက် အယ်မက်စ် ကာတီက BBC ကို ပြောကြားခဲ့သည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U