
ရန်ကုန်မြို့Junction Square ရှိMyanmar Media Development Center(MMDC) မှာ အောက်တိုဘာလ ၅ ရက်နေ့က လူတစ်ယောက်အောင်မြင်ဖို့အတွက်
ကြိုးစားရမယ့်နည်းလမ်း
များကို Fuel Your Life With Positive Energyခေါင်းစဉ်နဲ့
ဟောပြောခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဟောပြောပွဲမှာတော့
စာရေးဆရာလင်းသိုက်ညွန့်မှ ဟောပြောပေးခဲ့တာဖြစ်ပြီး လူတစ်ယောက်ချင်းစီရဲ့
ဘ၀တိုးတက်ရေးအကြောင်းများကို ဟောပြောဆွေးနွေးခဲ့တာဖြစ်ပါတယ်။ အခုလို
ဟောပြောရာမှာ အောင်မြင်မှုနဲ့ ပတ်သက်ပြီး လူတစ်ယောက်ဟာ
အောင်မြင်မှုရပြီဆိုရင် ကိုယ်တိုင်လည်း စိတ်ကျေနပ်မှုရှိရမှာ ဖြစ်သလို
ကိုယ်ရတဲ့အောင်မြင်မှုဟာ ရိုးသားမှုရှိပြီး
စိန်ခေါ်မှုများလည်းရှိရမှာဖြစ်တယ်လို့ သိရပါတယ်။
လူတစ်ယောက်ဟာ
အောင်မြင်မှုကို လိုချင် တယ်ဆိုရင် စွမ်းဆောင်ရည် လုပ်ဆောင်နိုင်စွမ်း၊
လုပ်ဆောင်ချင်စိတ်နဲ့ အခွင့်အလမ်း တွေလည်း ရှိရမှာဖြစ်ပါတယ်။
ကိုယ်လုပ်တဲ့လုပ်ဆောင်ချက်တိုင်းမှာတော့ လူအများအသိအမှတ်ပြုတဲ့
အောင်မြင်မှုဟာ ကိုယ့်ဘ၀အတွက်လည်း ပိုမိုပြီး
အကျိုးသက်ရောက်မှုရှိနိုင်တယ်လို့ အဆိုပါ ဟောပြောပွဲမှ သိရပါတယ်။ ဒါ့အပြင်
စာရေးဆရာလင်းသိုက်ညွန့်မှလည်း လူတိုင်းဟာတစ်ယောက်နဲ့တစ်ယောက်
စိတ်ဓါတ်ကျစေမယ့်စကားမပြောသင့်ကြောင်း တက်ကြွမှုရှိနိုင်မယ့်စကားကို
ရွေးချယ်ပြောသင့် ကြောင်းနဲ့ ဒါမှသာ အောင်မြင်မှုရရှိနိုင်တဲ့
လူတော်တစ်ယောက်ဖြစ်နိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး
လူငယ်တွေအနေနဲ့ လူတိုင်းနဲ့လိုက်လျောညီထွေဆက်ဆံ ဆောင်ရွက်တတ်မှသာ
ဘ၀မှာအောင်မြင်မှုရရှိနိုင်မှာဖြစ်တယ်လို့ သတင်းရရှိပါတယ်
Sayar Chan
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago




1:05 AM
sayarchan.blogspot.com
0 comments:
Post a Comment