Related Posts Plugin for WordPress, Blogger...

Sunday, October 6, 2013

Glee သရုပ်ဆောင် သေဆုံးရခြင်းမှာ ဘိန်းဖြူနှင့် အယ်လ်ကိုဟော ရောစပ် အသုံးပြုမှုကြောင့် ဖြစ်ကြောင်း တွေ့ရှိ





Fox ရုပ်သံလိုင်းမှ ထုတ်လွှင့်သည့် Glee ဇာတ်လမ်းတွဲမှ နာမည်ကျော် သရုပ်ဆောင် တစ်ဦးဖြစ်သည့် ကနေဒီယန် နိုင်ငံသား

ရုပ်ရှင်သရုပ်ဆောင်နှင့် ဂီတပညာရှင် Cory Monteith သည် ဘိန်းဖြူနှင့် အယ်လ်ကိုဟောကို ရောစပ်ကာ အကြောထဲ ထိုးသွင်း သုံးစွဲပြီး အဆိပ်ဖြစ်ကာ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု ကနေဒါ နိုင်ငံ British Columbia သေမှုသေခင်း စုံစမ်းစစ်ဆေးရေး အရာရှိရုံးမှ အစီရင်ခံ ထုတ်ပြန် ကြေညာခဲ့ပါသည်။



အသက် (၃၁) နှစ် အရွယ် Monteith အား ကနေဒါ နိုင်ငံ Vancouver မြို့ရှိ Fairmont Pacific Rim ဟိုတယ်လ်ရှိ ၎င်း၏အခန်းထဲတွင် သေဆုံးနေသည်ကို ဇူလိုင်လ (၁၃) ရက်နေ့တွင် တွေ့ရှိရခြင်း ဖြစ်သည်။ Monteith သည် Annual Primetime Emmy Awards အခမ်းအနားတွင် ချီင်္းကျူး ဂုဏ်ပြုခံခဲ့ရပါသည်။ မကြာမီ ထုတ်လွှင့်မည့် Glee ဇာတ်လမ်းတွဲ၏ show creator ဖြစ်သူ Ryan Murphy ကမူ Monteith သည် မူးယစ်ဆေးဝါး အလွန်အကျွံ ထိုးသွင်းမှုကြောင့် သေဆုံးခြင်းမဟုတ် ၊ အမှန်တကယ် သေဆုံးသည့် ဖြစ်ရပ်ကိုလည်း ဘယ်တော့မှ ထုတ်ဖော်လိမ့်မည် မဟုတ်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U