အရှိန်ပြင်းစွာ ယာဉ်နှစ်စီး တိုက်မိမှုကြောင့် ပက်လက်လှန်သွားသည့် ဘီဘီခွေးဘီလူး အမျိုးအစားယာဉ်ကို တွေ့ရစဉ် (ဓာတ်ပုံ - ဝေလင်းအောင်)
ကုန်သည်ကြီးများ
ဟိုတယ်အနီး မီးပွိုင့်တွင် ပြိုင်ကားတစ်စီးနှင့် ဘီဘီခွေးဘီလူး
အမျိုးစားယာဉ် တစ်စီးတို့ အရှိန်ပြင်းထန်စွာ တိုက်မိမှုကြောင့် လူခုနစ်ဦး
အပြင်းအထန် ဒဏ်ရာရရှိပြီး ရန်ကုန်ပြည့်သူ့ ဆေးရုံကြီး အရေးပေါ် ဌာနတွင်
ဆေးကုသ နေရကြောင်း သိရသည်။
ဖြစ်စဉ်မှာ
အောက်တိုဘာ ၄ ရက် နံနက် ၎
နာရီ ခွဲခန့်တွင် ဗိုလ်ချုပ်လမ်းမှ လာသော မာဇဒါပြိုင်ကား အမျိုးအစားနှင့်
အလံပြ ဘုရားလမ်းမှလာသော ဘီဘီခွေးဘီလူး အမျိုးအစား ယာဉ်တစ်စီးတို့မှာ
ကုန်သည်ကြီးများ ဟိုတယ်ထောင့်ရှိ မီးပွိုင့်တွင် ယာဉ်တိုက် တိုက်မှု
ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့်
ကားနှစ်စီးပေါ်ရှိ လူခုနစ်ဦးတို့မှာ ခေါင်းကွဲခြင်း၊ လက်ကျိုး၊
ခြေကျိုးသည့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် လူသေဆုံးမှု မရှိကြောင်း
ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။
''စဖြစ်တဲ့ အချိန်က
နံနက်အစောပိုင်း ဆိုတော့ ဖြစ်စဉ်အစအဆုံးကို မျက်မြင်ကိုယ်တွေ့ ရှိတဲ့သူ
မရှိပါဘူး။ ကျွန်တော်လည်း ''အုန်း''ဆိုပြီး အသံကျယ်ကြီးကြားတော့
ထွက်ကြည့်တဲ့အခါ အခုလိုပဲ မြင်တွေ့ရတာပါ'' ဟု အနီးရှိ တိုက်တစ်ခု၏
လုံခြုံရေးဝန်ထမ်း တစ်ဦးက ပြောပြခဲ့သည်။
ယင်းသို့ အရှိန်ပြင်းစွာ
တိုက်မိမှုကြောင့် လူလေးယောက် စီးနင်းလာသော ဘီဘီခွေးဘီလူး အမျိုးအစားယာဉ်မှာ
အနီးရှိ ဓာတ်တိုင်ကို တိုက်မိပြီး ပက်လက်လန်ကာ ကားတစ်စီးလုံး
ကြေမွသွားခဲ့ကြောင်း သိရသည်။
အလားတူ လူသုံးယောက် စီးနင်းလာသော
မာဇဒါပြိုင်ကား အမျိုးအစားမှာလည်း အင်ဂျင်ဘယ်ဘက်အခြမ်း ပျက်စီးသွားကာ
ဘက်အခြမ်းရှိ ကားတာယာမှာ ဆာကူရာတာဝါဘက်သို့ ကျွတ်ထွက်သွားခဲ့ပြီး ယာဉ်မှာ
ကုန်သည်ကြီးများ ဟိုတယ်ရှေ့တွင် ရပ်သွားခဲ့ကြောင်း သိရသည်။
''ယာဉ်တိုက်မှု
ဖြစ်စဉ်မှာ ဒဏ်ရာရတဲ့သူ ခုနစ်ဦးက ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။
ထိခိုက်ဒဏ်ရာ ရမှုတွေ ရှိပေမယ့် လူသေဆုံးမှုတွေတော့ မရှိပါဘူး။ ယာဉ်တိုက်မှု
ဖြစ်ပွားခဲ့တဲ့ ယာဉ်မောင်းနှစ်ဦး စလုံးကို အမှုဖွင့် စစ်ဆေးနေပါတယ်'' ဟု
အောက်တိုဘာ ၄ ရက်နေ့ ညနေပိုင်းတွင် ယာဉ်အမှုစစ် ဒုရဲအုပ်အောင်လှိုင်စိုးကThe
Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။
ယင်းယာဉ်တိုက်မှု
ဖြစ်စဉ်နှင့် ပတ်သက်၍ အဆိုပါ ယာဉ်မောင်းနှစ်ဦးအား ကျောက်တံတား ရဲစခန်းတွင်
ယာဉ်အမှုစစ် ဒုရဲအုပ်အောင်လှိုင်စိုးက တရားလို ပြုလုပ်၍ (ပ)၂၉/၁၃ ဖြင့်
အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။
Sayar Chan
မိမိကွန်ပြုတာမှာ USB ပေါက်တွေကနေလာတဲ့ ဗိုင်းရပ်ကို ကာကွယ်ကြမယ်
-
*USB DISK SECURITY 6.2.0.125 WITH KEYGEN*
*မိမိတို့ကွန်ပြူတာကို နေရာအမျိုးမျိုးကနေ ပြီးတော့ virus
အမျိုးမျိုးဝင်နိုင်ပါတယ်*
*အခုပေးချင်တာလေးကတော့ မိ...
9 years ago
0 comments:
Post a Comment