
မြန်မာနိုင်ငံ
ရုပ်ရှင် အစည်းအရုံးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ယခုနှစ်
အတွင်း ကျင်းပမယ့် ၂၀၁၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုအကယ်ဒမီ
ဆုပေးပွဲ အတွက် ရုပ်ရှင် ဇာတ်ကားများ ဆန်ခါတင် စစ်ဆေးမှုဟာ နောက်ဆုံး အဆင့်
စစ်ဆေးမှုကို ရောက်ရှိနေပြီဖြစ် တယ်လို့ သိရပါတယ်။ ဒီလိုစစ်ဆေးမှု တွေမှာ
ပထမအဆင့် စစ်ဆေးခဲ့မှုမှာ ဆန်ခါတင် ဇာတ်ကား ၁၇ ကားရှိခဲ့ပြီး ယခုနောက်ဆုံး
အဆင့် စစ်ဆေးမှု မှာတော့ ဆန်ခါတင်ရုပ်ရှင် ဇာတ်ကား ၇ ကားသာ ရှိတော့တယ်လို့
သိရပါတယ်။
အဆိုပါ ဇာတ်ကားတွေ ကတော့
လက်ပံ၊ တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ၊ ဥ
၊ မော်ကင်း ဥဒါန်း၊ ကယန်းအလှ၊ အမုန်းမီးတောက်၊ အမွေခံထိုက်သူဖြစ်ပါစေ စတဲ့
ဇာတ်ကားပေါင်း ၇ ကား ပါဝင်တာ ဖြစ်ပါတယ်။ ဒီလို ဇာတ်ကားများကို အကဲဖြတ်ဖို့
အတွက် ကိုတော့ သက်ဆိုင်ရာ အဖွဲ့များမှ ပညာရှင်များ ပါဝင်တဲ့ အကဲဖြတ်
အဖွဲ့ဝင် ၁၇ ဦးတို့မှ အကဲဖြတ် စစ်ဆေး နေတာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ဆေးမှုတွေမှာ သတ်မှတ်ချက်များ အတိုင်း ဇာတ်ကား အားလုံးကို တာဝန်ရှိသူ
တွေမှ အဆင့်လိုက် စစ်ဆေး ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ယခု
လက်ရှိ စစ်ဆေးမှု ဟာတော့ နောက်ဆုံး အဆင့် စစ်ဆေးတာ ဖြစ်ပြီး ပထမအဆင့်
စစ်ဆေးမှု ကတော့ ဇူလိုင် ၃ ရက်နေ့က စစ်ဆေးမှုများ ပြီးစီးခဲ့တာ ဖြစ်တယ်လို့
သိရပါတယ်။
Sayar Chan
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago




1:13 AM
sayarchan.blogspot.com
Posted in:
0 comments:
Post a Comment