Related Posts Plugin for WordPress, Blogger...

Friday, November 29, 2013

ဆူးလေဆိပ်ခံ တံတားများနှင့် နန်းသီတာဆိပ်ကမ်း အဆင့်မြှင့် ပြုပြင်တည်ဆောက်ရန် ရွေးချယ်ခံရသည့် ကုမ္ပဏီနှစ်ခုမှာ ငွေကြေးခိုင်မာမှု အချက်အလက်များ မတင်ပြနိုင်သဖြင့် ဒုတိယနေရာမှ ကုမ္ပဏီနှစ်ခုအား အစားထိုးရွေးချယ်

ဆူးလေဆိပ်ခံတံတားများနှင့် နန်းသီတာဆိပ်ကမ်း အဆင့်မြှင့်ပြုပြင် တည်ဆောက်ရန် ရွေးချယ်ခံရသည့် ကုမ္ပဏီနှစ်ခုမှာ ငွေကြေးခိုင်မာမှု အချက်အလက်များ မတင်ပြနိုင်သဖြင့် ဒုတိယနေရာမှ ကုမ္ပဏီနှစ်ခုအား အစားထိုးရွေးချယ်ခဲ့ကြောင်း သိရသည်။ ဆူးလေဆိပ်ခံတံတားအမှတ် (၁၊ ၂၊ ၃၊ ၄) တို့ အား ကုန်သေတ္တာနှင့် အထွေထွေကုန်စည်တင် အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းအဖြစ် အဆင့်မြှင့်ပြုပြင်တည်ဆောက်ခြင်း၊ ကုန်ကိုင်တွယ်ကိရိယာများ တပ်ဆင်ခြင်းနှင့် နောက်ခံမြေပေါ်တွင် ဆိပ်ကမ်းဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ခြင်းလုပ်ငန်းအတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့  သတ်မှတ်ချက်များအတိုင်း အများဆုံးပေးသွင်းသည့် ကုမ္ပဏီသုံးခုအား ပထမအဆင့် အနေဖြင့် ပဏာမ စိစစ်ရွေးချယ်ခဲ့ကြောင်း သိရ သည်။ အဆိုပါ ကုမ္ပဏီသုံးခုအနက်မှ အမှတ်အများဆုံးရရှိသည့် Myanmar Harmony Co.Ltd သည်လိုအပ်သည့် ငွေကြေးခိုင်မာမှု စာရွက်စာတမ်းများ တောင်းခံခဲ့ရာတွင် တင်ပြနိုင်ခြင်း မရှိသဖြင့် ဒုတိယအမှတ်အများဆုံးရရှိသည့် Sein Kaung Yadanar Co.Ltd အား အစားထိုး ရွေးချယ်ခဲ့သည်။

ရန်ကုန်ဆိပ်ကမ်း ဖွံ့ ဖြိုးတိုးတက်ရေး စီမံကိန်းတွင်ပါဝင်သည့် နန်းသီတာ ဆိပ်ကမ်းနှင့် ပန်းဆိုးတန်း-ဒလ ခရီးသည်တင် ဆိပ်ခံဗောတံတားအား အဆင့်မြင့် ခေတ်မီခရီးသည်တင် ဆိပ်ခံတံတားအဖြစ် ပြောင်းလဲ တည်ဆောက်ရာတွင် ဆိပ်ခံတံတားနှင့် ဆက်စပ်မြေနေရာတွင် စီးပွားရေးဆိုင်ရာ ခေတ်မီအဆောက်အုံများ တည်ဆောက်ခြင်း လုပ်ငန်းအတွက် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်သို့  သတ်မှတ်ချက်များ အတိုင်း အများဆုံး ပေးသွင်းသည့် ကုမ္ပဏီသုံးခုအား ပထမအဆင့် အနေဖြင့် ပဏာမစိစစ် ရွေးချယ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီသုံးခုအနက်မှ အမှတ်အများဆုံး ရရှိသည့် Starting Bell Co.Ltd သည် လိုအပ်သည့် ငွေကြေးခိုင်မာမှု စာရွက်စာတမ်းများ တောင်းခံခဲ့ရာတွင် တင်ပြနိုင်ခြင်း မရှိသဖြင့် ဒုတိယအမှတ် အများဆုံး ရရှိသည့် New Downtown Development Co.Ltd အား အစားထိုး ရွေးချယ်ခဲ့သည်။ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်သည် အဆိုပါ ကုမ္ပဏီအား လုပ်ငန်း လုပ်ကိုင်ခွင့်ကာလ နှစ် ၃၀ ခွင့်ပြုသည့် JV စနစ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်သည်။

မြန်မာ့ဆိပ်ကမ်း အာဏာပိုင်သည် အဆိုပါ ကုမ္ပဏီများအား လုပ်ငန်းလုပ်ကိုင်ခွင့်ကာလ နှစ် ၃၀ ခွင့်ပြုသည့် JV စနစ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U