Related Posts Plugin for WordPress, Blogger...

Tuesday, November 26, 2013

မီဒီယာနဲ့ဆက်ဆံဖို့ အရာရှိကြီးတွေစိုးရွံ့နေရတဲ့အကြောင်းရင်းတခု

အစိုးရ ၀န်ကြီးဌာနများက တာဝန်ရှိ သူတွေ မီဒီယာနဲ့ ဆက်ဆံဖို့ နောက်တွန့်နေရတဲ့အကြောင်းရင်းတွေက ဘာလဲ။  

 


ဦးရဲထွဋ် (Photo: Simon Roughneen / The Irrawaddy)အကြောင်းရင်းတွေထဲက တခုကို သမ္မတပြောခွင့်ရအရာရှိ ဦးရဲထွဋ်က အခုလေးတင် သူ့ဖေ့စ်ဘုတ်ကနေ ရှင်းပြလိုက်ပါပြီ - အဲဒါကတော့   လွဲမှားစွာ ကိုးကားရေးသားခံရမှာကို စိုးရိမ်မှု လို့ ဆိုပါတယ်။ 

တခြားအကြောင်းရင်းတွေကိုတော့ ရေးမထားပါ။
ဖေ့စ်ဘုတ်အမြဲသုံးတတ်သူမို့ ကြုံကြိုက်ရင် ရေးမယ် ထင်ပါတယ်။ သူ နောက်တွန့်ရတဲ့ အကြောင်းရင်းကို ကူးယူ ဖော်ပြလိုက်ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် လွှတ်တော် ဥက္ကဋ္ဌများနှင့် တွေ့ဆုံရန် မေတ္တာရပ်ခံစာ ပို့မည်ဟူသော ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး Voice Weekly က ကျွန်တော်ကို မှတ်ချက်တောင်းခဲ့ပါတယ်။ အဲဒီ မှတ်ချက်ကို သတင်းရေးတဲ့အခါ အခုလို သတင်းခေါင်းစဉ်တပ်ထားတာကို အွန်လိုင်းမှာဖတ်ရ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တွေ့ရန် မလိုဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

နောက်တစ်ခါ သတင်းရဲ့ အစခြေဆင်းမှာလည်း အဲဒီသဘောအတိုင်းအခုလိုရေးသားထားပြန်ပါတယ်။

×××× ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တပ်မတော် ကာကွယ်ရေးဦးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်း စုကြည်တို့ တွေ့ဆုံရန် မလိုအပ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်××

အဲဒီသတင်းခေါင်းစဉ်နဲ့ အဖွင့်စာသားဟာ ကျွန်တော်တကယ်ပြောခဲ့တဲ့ မှတ်ချက်စကား၊ အဲဒီစကားအတိုင်း သတင်းရဲ့ စာကိုယ် ထဲမှာ ဖော်ပြထားတာနဲ့ ကွဲလွဲနေပါတယ်။ Voice ရဲ့သတင်းစာကိုယ်မှာက အခုလိုဖော်ပြထားတာကို တွေ့နိုင်ပါ တယ်။

××× “လွှတ်တော်ထဲမှာ တပ်မတော်သားတွေ ရှိနေပြီပဲ။ လုံလောက်နေပြီလို့ ထင်ပါတယ်။ ကာချုပ်အနေနဲ့ တွေ့နိုင်မယ်၊ မတွေ့နိုင်ဘူးဆိုတာ အတိအကျ ပြောလို့ မရပါဘူး” ဟု ၎င်းက ပြောဆိုသည်။ ××

ကျွန်တော့်မှတ်ချက်စကားဆိုလိုရင်းက ရှင်းပါတယ်။ လွှတ်တော်ထဲမှာ တပ်မတော်သားကိုယ်စားလှယ်များ ရှိနေ ပြီဖြစ်တဲ့ အတွက် အခြေခံဥပဒေကိစ္စဆွေးနွေးဖို့လုံလောက်ပြီလို့ ( ကျွန်တော်အနေနဲ့ ) ထင်တယ်။ ဒါ့ကြောင့် ကာချုပ်အနေနဲ့ တွေ့၊ မတွေ့ အတိအကျမပြောနိုင်ဖူးလို့ ဆိုလိုတာပဲဖြစ်ပါတယ်။

ဒါပေမယ့် သတင်းခေါင်းစဉ်နဲ့ အဖွင့်ကိုပဲ ဖတ်လိုက်မယ်ဆိုရင် ကျွန်တော်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဖို့ မလိုဘူး လို့ယတိပြတ် ပယ်ချလိုက်တဲ့သဘောဖြစ်နေပါတယ်။ ဒါဟာ တနည်းအားဖြင့် လွဲမှားစွာ ကိုးကား ( ရေးသားလိုက်တယ်လို့ ယူဆပါတယ်။

မြန်မာသံတော်ဆင့်ကလည်း ဒီလိုမျိုး လွဲမှားကိုးကားပြီးခေါင်းစဉ်တပ်ခဲ့တဲ့အတွက် နိုဝင်ဘာ ၂၅ ရက်နေ့ထုတ် Messenger ဂျာနယ်နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြန်ရှင်းရပါသေးတယ်။ အစိုးရ ၀န်ကြီးဌာနများက တာဝန်ရှိ သူတွေအနေနဲ့ မီဒီယာများနဲ့ ဆက်ဆံဖို့ နောက်တွန့်နေရတဲ့အကြောင်းအရင်းကို ကျွန်တော့်ကို မေးလာတဲ့ အခါတိုင်း လွဲမှားစွာ ကိုးကားရေးသားခံရမှာကို စိုးရိမ်မှုကလည်း အကြောင်းတစ်ခုဖြစ်တယ်လို့ ဖြေခဲ့ဖူးပါ တယ်။

သတင်းခေါင်းစဉ်နဲ့ အဖွင့်စာသားကို စာဖတ်သူစိတ်ဝင်စားအောင် ရေးသားရတယ်ဆိုတာနားလည်နိုင်ပါတယ်။ ဒါပေမယ့် တကယ်ပြောတဲ့ ဆိုလိုရင်းနဲ့ ကွဲလွဲမှုမရှိအောင် ဂရုစိုက်ပေးမယ်ဆိုရင်တော့ ကျင့်ဝတ်နဲ့လည်းညီ နှစ်ဘက်ပြောရဆိုရတာလည်းပိုကောင်းမယ်လို့ မျှော် လင့်မိပါတယ်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U