မန္တလေးမြို့၏
ရေပေးဝေရေးစနစ်၊ အမှိုက်သိမ်းဆည်းရေး လုပ်ငန်းများ၊ လမ်းပန်း ဆက်သွယ်ရေး
လုပ်ငန်းများတွင် အသုံးပြုရန် ပြင်သစ်နိုင်ငံက အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်း
(ယူရိုငွေ ၉၆၉၀၀၀) ကူညီပေးမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး
ကော်မတီထံမှ သတင်းရရှိသည်။
ပြင်သစ်နိုင်ငံ အခြေစိုက် Sasege
Engirenerring ကုမ္ပဏီက မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသို့
ယင်းလုပ်ငန်းများ ဆောင်ရွက်ရန် အကူအညီပေးခြင်းဖြစ်ကာ နည်းပညာပိုင်းဆိုင်ရာ
လိုအပ်ချက်များကို မြို့တော်စည်ပင် ၀န်ထမ်းများအား ကဏ္ဍအလိုက်
သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
"အဓိကကတော့ MRT (Mass
Rapit Transport ) လူအများ သွားလာရေးစနစ်ကို ကောင်းမွန်အောင်
ပြောင်းလဲချင်တယ်။ လက်ရှိမန္တလေးရဲ့ လမ်းပန်းဆက်သွယ်ရေးစနစ်ကို
ပြောင်းလဲပြီး အဆင့်မြင့်တဲ့ ဘတ်စ်ကား ပြေးဆွဲစေတာမျိုး
လုပ်ဖို့ဆန္ဒရှိကြတယ် " ဟု လမ်းတံတားဌာနမှူး ဒေါ်ခင်မေဌေးက ဆိုသည်။
Green
City အတွက် မန္တလေးမြို့ကို အာရှဖွံ့ဖြိုးရေးဘဏ်မှ အဆက်မပြတ် လာရောက်လေ့လာ
ဆွေးနွေးလျှက်ရှိရာ အခြားနိုင်ငံအသီးသီးမှလည်း ပါဝင်လျက်ရှိကြောင်း၊
ထို့ကြောင့် မန္တလေးမြို့၏ ယင်းလုပ်ငန်း သုံးခုအတွက် အကူအညီပေးခြင်း
ဖြစ်ကြောင်း မြို့တော်စည်ပင်ကော်မတီဝင် ဦးထွန်းကြည်က ပြောကြားခဲ့သည်။
"လမ်းပန်း
ဆက်သွယ်ရေးအပြင် မြို့ရဲ့ အမှိုက်သိမ်းစနစ်နဲ့ ရေပေးဝေရေးတွေအတွက်ပါ
လိုအပ်တဲ့ နည်းပညာတွေကို မြို့တော်စည်ပင်က ကဏ္ဍအလိုက် အင်ဂျင်နီယာတွေကို
သင်ကြားပေးသွားမယ်။ သင်ထောက်ကူ ပစ္စည်းတွေပါ ပါဝင်ပါတယ်။ အခုကူညီတာက Green
City နဲ့ မဆိုင်ပါဘူး။ ပြင်သစ်နိုင်ငံက ကူညီတာပါ" ဟု ကော်မတီဝင်
ဦးထွန်းကြည်က ပြောကြားသည်။
(မန္တလေးမြို့ရှိ အမှိုက်စွန့်ပစ်ရာ နေရာတစ်ခုအား တွေ့ရစဉ်)
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago
0 comments:
Post a Comment