လွတ်လပ်ရေးရပြီး မြန်မာပြည်ကြီး မှာ သမ္မတ ၉
ယောက်ရှိခဲ့ပြီလား။ လက်ရှိ သမ္မတအထိ ၈ ယောက်သာ ရှိ သေးတာလား။ အငြင်းပွားဖွယ်
အရေ အတွက်က နိုင်ငံမှာ သမိုင်းအမှတ်အ သား မကောင်းခဲ့တာကို ပြဆိုနေသလို
ရှိ၏။ ‘ပုဂံရာဇဝင်’ တုတ်ထမ်း၊ ဓား ထမ်းငြင်းရသည်မှာ နှစ်ပေါင်းရာထောင်
ချီခဲ့ပြီမို့ မထောင်းသာသော်လည်း မြန် မာ့ လွတ်လပ်ရေးက (၆၅) နှစ်ကျော်မျှ
သာ ရှိသေးသည့်အတွက် ရှက်စရာပင် ကောင်းနေချေသည်။ သမ္မတကြီး စဝ် ရွှေသိုက်ကနေ
စစ်တပ်အာဏာ မသိမ်း မီထိ ဒီမိုကရေ စီနည်းကျ သမ္မတ (၃) ဦး ရှိခဲ့ကြောင်း
အတိအကျ ဆိုနိုင်သည်။ တစ်ပါတီ ဆိုရှယ်လစ် အစိုးရလက် ထက်မှာတော့ ဦးနေဝင်းက
စလို့ ဒေါက် တာမောင်မောင်အထိကို သမ္မတ (၄) ဦး လို့ ဆိုရမည်လား၊ (၅) ဦးလို့
သတ်မှတ် ရမည်လား မကွဲပြား ဖြစ်ရသည်။ ဦးစန်းယုလက်ထက်ကတည်းက ဒုတိယသမ္မတ
ဖြစ်သူဦးအေးကိုမှာ ဦးစိန်လွင် မတက်မီ နှစ်ရက်တာနှင့် ဦးစိန်လွင်
ပြုတ်ကျအပြီး Dr. မောင်မောင် မတက်မီ ရက်သတ္တ နှစ်ပတ်ကျော်မျှ
ကာလများတွင်လည်း ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းရွက်နေ ရသူ ဖြစ်၍
တရားဝင်နိုင်ငံတော် ပြန် တမ်းအရ ဒုတိယသမ္မတဟု ဆိုနိုင်သော် ငြား
ဦးစိန်လွင်မတက်မီနှင့် ဦးစိန်လွင်၊ Dr. မောင်မောင်တို့အကြား စပ်ကူးမတ်
ကူးရက်များ မှာ သမ္မတတာဝန် (ယာယီ) ထမ်းဆောင်သွားလေသလား။ သမိုင်း မဝေဝါးဖို့
ယတိပြတ် မှတ်တမ်းထားရှိ ကြရခြိမ့်မည်။ (၁၂နှစ်ခန့် ဖွဲ့စည်းပုံ ဥပဒေနှင့်
လွှတ်တော်မရှိဘဲ အုပ်ချုပ်ခဲ့ သောနိုင်ငံတော်သည် နောက် ၁၄ နှစ်မျှ
အကြာမှာပျက်ကိန်းကြုံရပေမဲ့ နှစ်နှစ် ဆယ်ကျော် ဖွဲ့စည်းပုံဥပဒေနှင့် လွှတ်
တော်မရှိဘဲအုပ်ချုပ်ခဲ့သော နိုင်ငံတော် အနေဖြင့် နောက်ထပ်ပျက်ကိန်းမကြုံကြ
ရစေရန် ယနေ့နိုင်ငံကို ချစ်မြတ်နိုးသူ တိုင်းက ဆင်ခြင်တွေးဆပြီး အရာရာ
တိတိကျကျရှိစေချင်မိ၏။)
ပေမီဒေါက်မီ သမ္မတ
မည်သို့ဆိုစေ
မကြာမီလာမည် ဆို သလို ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ အကြိုကာလများနှင့်အတူ
တစ်ကျော့ ပြန် ပါတီစုံ ဒီမိုကရေစီမင်းဆက်၏ ဒုတိယမြောက်သမ္မတ ကို ပြည်သူတို့
မျှော်လင့်ကြိုနှင့် လိုပေတော့မည်။ လွတ်လပ်ရေးခေတ်လွန် ၈ ယောက် မြောက်
သို့မဟုတ် ၉ ယောက်မြောက် သမ္မတကြီး ဦးသိန်းစိန်နည်းတူ တပ်ယူ နီဖောင်းချွတ်
ဗိုလ်ချုပ်ကြီး ဦးရွှေ မန်း၊ တပ်ယူနီဖောင်းဝတ်ကာချုပ် ဗိုလ် ချုပ်မှူးကြီး
မင်းအောင်လှိုင်၊ မြန်မာ့တပ် မတော် ဖခင်ကြီး၏ သမီးရတနာ ဒေါ် အောင်ဆန်း
စုကြည်တို့မှာ ယနေ့ လူထု ကြား နောင်တက်လာမည့်သမ္မတ လောင်း တွေများလားဟု
တွေးဆစရာ ဖြစ်နေရချေပြီ။ ၂ဝ၁ဝ နိုဝင်ဘာ ၄ ရက် နေ့
”နအဖအစိုးရပြန်တမ်း-စစ်မှုမထမ်း မနေရ” အက်ဥပဒေကိုပင် တမ်းတချင် စရာ
စစ်ရေးအမြင်ရှိပါမှ ဖြစ်နိုင်ကြမည့် သမ္မတရာထူးကို ပြည်သူဗဟိုပြုဟု
တွင်တွင်ဆိုနေလေသော ယနေ့ခေတ် ကာလမှာပင် အရပ်သားပြည်သူ မျှော်
လင့်ရင်ခုန်ခွင့် ဆိုသည်ကား စိတ်ကူး မြူမှုန်မျှ တင်ခွင့်ယဉ်ခွင့်မရှိရှာ။ အ
ကယ်၍သာ နိုင်ငံတော်ကိုလက်နက် ကိုင် တော်လှန်ပုန် ကန်ခဲ့သူတွေ အနေနှင့်
ပြည်သူ့ကိုယ်စားလှယ်တွေအဖြစ် လွှတ် တော်တွင်းဝင်နိုင်လျှင်ပင် စစ်ရေးအမြင်
တည်းဟူသော ”ပုဒ်မ ၅၉။ (ဃ) နိုင်ငံ တော်အရေးအရာ များ ဖြစ်သော နိုင်ငံ ရေး၊
အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစ သည့်အမြင်များရှိရမည်”ဆိုသည့် အချက် အရ
ဥပဒေနှင့်ညီနိုင်ပေမင့် နိုင်ငံတော် အရေးအရာများအတွက် လက် နက်မ ကိုင်ဘဲ
ကိုယ်ကျိုးစွန့်ဆောင် ရွက်ခဲ့သူ တို့မှာ အခြေခံဥပဒေနိုင်ငံတော်အကြီး
အကဲအခန်းက ဥပဒေနှင့်ပေမမီ ဒေါက်မ မီရှိနေခြိမ့်မည်သာ။ သို့ရာတွင် အနည်း
ဆုံး အသက်(၄၅)နှစ် ပြည့်ပြီးသူဟူသော အပိုဒ်က ”၈၈လူထု အရေးတော်ပုံကြီး” ကို
ဦးဆောင်ခဲ့သူတို့အတွက် အခွင့် အရေးလေလားဟု ရင်ခုန်သေးချင်စရာ ပင်။(တချို့
ကတော့ ဗိုလ်ချုပ်အောင်ဆန်း အစိုးရအဖွဲ့ အကြီးအကဲ (ဝန်ကြီးချုပ်) ဖြစ်ခဲ့စဉ်
အသက်မှာ ၃၂ ဖြစ်၍ ယခု နိုင်ငံ့ အကြီးအကဲရာထူးကို ၄၅ နှစ် အောက်တွေအတွက်
အခွင့် အရေးပိတ် ထားသည်ဟုဆိုကာ ဤအပိုဒ်ကိုပင် သိပ်မကြိုက်ချင်။)
ဂုဏ်ထူးဆောင် သမ္မတထက် ဝန်ကြီးချုပ်က လုပ်ပိုင်ခွင့် ပိုရသော စနစ်မှာပင်
သမ္မတဖြစ်ချင် သူတွေ များခဲ့ရာ ယနေ့ သမ္မတအခွင့် အာဏာ အပြည့်ရှိသောစနစ်မှာ
သမ္မတ ပိုဖြစ်လိုကြသည်က မဆန်းချေ။
ပြည်သူယုံလိုသော သမ္မတ
ယခုရက်ပိုင်းတွင်
နို င်ငံတော်သမ္မ တ၏ လစာနှင့်စပ်လျဉ်းကာအစိုးရကိုယ် စားလှယ် ဒုတိယဝန်ကြီးက
”နိုင်ငံတော် သမ္မတဟူသည် နိုင်ငံမှာ တစ်ယောက် တည်းသာ ရှိသူ” အဖြစ် လွှတ်တော်
တွင်းမှာ ရည်ညွှန်းဆိုသံ စကား ကြား လိုက်ရသလို Popular News ဂျာနယ် မှာလည်း
လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီး ဟောင်းဦးနေဝင်းမြေးတွေ ထံက သမ္မတ ဆိုသည်အား
ထိုရည်ညွှန်းမှုမျိုး ခပ်ဆင် ဆင်ဖြင့် ဥပမာပေးသွားသည်ကို တွေ့ မိ၏။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာလည်း ”ပုဒ်မ ၅၈။ နိုင်ငံတော် သမ္မတသည်
ပြည်ထောင်စုသမ္မတမြန်
မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံ သားအားလုံး၏ အထွတ်အထိပ်နေရာ
ရှိသည်” ဟု ဖော် ညွှန်းသတ်မှတ်ထားသည် ဖြစ်ရာ သမ္မတဟူသည် မြန်မာနိုင်ငံ၏
နံပါတ် (၁) ပုဂ္ဂိုလ်။ နိုင်ငံသားအားလုံး၏ ဥသျှောင်ခေါင်းဆောင်ကြီးပင်
ဖြစ်သည့် အတွက် အရွေးမှန်ဖို့ နိုင်ငံသားတိုင်း ဆန္ဒရှိကြမည်သာ။
နိုင်ငံ့ခေါင်းေ ဆာင်၏ အရည်အချင်းကို နိုင်ငံသားအားလုံးက
ယုံကြည်လက်ခံဖို့မှာပို၍သာ၍ပင် အရေး ပါလေမည်။ အနည်းဆုံးတော့ နိုင်ငံ
တော်သမ္မတဖြစ်ချင်သူမှာ ပြင်ဆင်ရန် ဆန္ဒပြုမှုတွေများပြားနေသည့် ၂ဝဝ၈
ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခန်း(၃) နိုင်ငံတော်အကြီးအကဲ၊ နိုင်ငံတော်ကိုယ်
စားပြုသူ၊ နိုင်ငံသားအားလုံး၏အထွတ် အထိပ်နေရာ ရရှိသူအဖြစ် ကတိသစ္စာ
ပြု(ကျမ်းကျိန်) ဝံ့သူ ဦးစွာဖြစ်သင့်၏။ ”ပြည်ထောင်စုလွှတ်တော်” သို့
”သမ္မတ”၊ ”ဒုတိယ သမ္မတ” တို့ ပိုင်ဆိုင်မှုစာရင်းတွေ ပေးပို့အစစ်ခံ ရဲခြင်း
သည်လည်း ပြည်သူ တို့ ယုံကြည်မှုကိုရစေနိုင်သော အရည် အသွေးတစ်ခုဖြစ်မည်။
ပိုင်ဆိုင်မှုစစ်ဆေး ခံရဲခြင်းသည် ဗိုလ်ချုပ်ကြီးများ အုပ်စိုး သွားသော
ခေတ်များမှာ လစာထက်ပို သောဝင်ငွေ၊လာဘ်လာဘတွေ ရရှိထား သူတို့
သမ္မတအရည်အချင်းပြည့်မီဖို့ အ ထောက်အကူပြုသောအချက်အဖြစ် ပြည်သူတို့
စောင့်ကြည့်နေ၏။ အခြား အရည်အချင်းတွေ ပြည့်မီဖို့လည်း သမ္မတ ဖြစ်လိုသူတိုင်း
သိကြမည်ဟု ပြည်သူ လူထုက သိနှင့်ပြီးဖြစ်သည်။ ပြည်သူက တင်မြှောက်သော
နိုင်ငံတော်ဥသျှောင် အကြီး အကဲ သမ္မတဖြစ်ရန် ပြည်သူ့ စိတ်ကြိုက်
လွှတ်တော်ကိုယ်စားလှယ် ဦးစွာဖြစ်ရပေမည်။ မဲဆန္ဒနယ်အသီးသီး က တက်လာကြမည့်
ပြည်သူတို့၏ကိုယ် စားလှယ်တော်တွေ အနက် အင်အား ကြီး ပါတီကြီးတွေ၏
ခေါင်းဆောင်ပိုင်း တာဝန်ရှိသူတို့အတွက် သမ္မတရာထူး တာဝန်က
ထိုက်တန်သည်ဆိုသော်ငြား ၂၅ ရာခိုင် နှုန်းသော တပ်မတော် သား
ကိုယ်စားလှယ်များအမည်စာရင်း တင် သွင်းမည့်ဒုတိယသမ္မတသည် ပြည်သူ လိုလား၍
ရွေးချယ်ခဲ့သောလွှတ်တော် ကိုယ်စားလှယ်တို့ထဲက မဟုတ်ခဲ့မူ နိုင်ငံသား
အားလုံး၏ အထွတ်အထိပ် နေရာနှင့်ထိုက်၏ မထိုက်၏ ပြန် လည်
ဆန်းစစ်တွေးဆကြပါမည်လား။
ပထဝီနိုင်ငံရေးနဲ့ သမ္မတ
ပြည်သူ့ဗဟိုပြု
ခေတ်စနစ်တွင် သမ္မတရှာပုံ တော်ခရီးကို နိုင်ငံသား
တိုင်းကိုယ့်ဆန္ဒနှင့်ကိုယ် လျှောက်လှမ်း ရှာဖွေခွင့် ရှိသင့်သည်ပင်။ ရှေ့လာ
မည့်၂ဝ၁၄ ခုနှစ်သည် မြန်မာပြည် ထီး ကျိုးစည်ပေါက်စေမှု အတိတ် သမိုင်းကို
အမှတ်ရစရာ အင်္ဂလိပ်-မြန်မာ စစ်ပွဲ စတင်ခြင်းနှစ် ၁၉ဝ ပြည့် အချိန်အခါ ဖြစ်၏။
ရန္တပိုစာချုပ်ဖြင့် နိုင်ငံ့အဖိုး တန် မြေနှင့် သယံဇာတတွေ ရန်သူ့လက်
စတင်ထိုးအပ်ခဲ့ကြရခြင်း အဓိက ဇာစ် မြစ်မှာ အဆိုပါ ကျူးကျော်စစ်ဖြစ်ရာ ၁၈၂၄
ခုနှစ်မှာ နိုင်ငံခေါင်းဆောင် တွေ စိတ်အာရုံ အတွင်းအရိုက်အရာမျှော်အ ရေးအရာ
အာဏာပါဝါပြိုင်မှုတွေဖြင့် သာ နိုင်ငံရေး ဆောင်ရွက်ခဲ့ကြခြင်း
ကြောင့်ဆိုသည်ကငြင်းမရ။
ကုန်းဘောင်မင်းဆက်နှင့် တတိယ
မြန်မာနိုင်ငံတော်ကြီးကို စုစည်းတည် ထောင်ပေးခဲ့သူ ကျေးဇူးရှင် အလောင်း
မင်းတရားကြီးဦးအောင်ဇေယျ၏ အမွေ စည်းကမ်း နည်းလမ်းစနစ်တွေ ကိုပင်
ချိုးဖောက်ရဲသည့်အာဏာ လောဘ။ တစ်မင်းမကျခင် တစ်မင်းတက်ချင် သော မောဟ၊
ဒေါသတွေဖြင့် မဆင်ခြင် နိုင်တော့သည့် အာဏာသိမ်း မှုတွေ မပြတ်အောင်
ဆက်ခဲ့သည်။ စဥ့်ကူး မင်းထံမှ ဖောင်းကားစား မောင်မောင် က နန်းလု၊
မောင်မောင်ထံမှ ဘိုးတော် ဘုရားက ပြန်လု။ ဤသို့ဖြင့် နန်းလု အာဏာသိမ်း
သံသရာနှင့်
ခြောက်ဆက် မြောက်ကုန်းဘောင်မင်းဆက် ဘိုးတော် ဗဒုံမင်း (အလောင်းမင်း
တရားကြီး၏ စတုတ္တသားတော်)က အာဏာသိမ်း ထီး နန်းကို ၁၈ နှစ်မျှ စံစားပြီး
မြေးတော် စစ်ကိုင်းမင်း (ဘကြီးတော်) ဆက်ခံစေ ပြီးသည့်တိုင်
နန်းရံအရိုက်အရာမျှော်မှု တွေကလွှတ်တက်မင်းသားတွေဖြစ်သော ယောက်ဖတော်
မင်းသားကြီး မောင်အိုး နှင့် ညီတော်သာယာဝတီမင်းသားတို့ လွှတ်တော်တွင်းမှာ
အာဏာပြိုင်ပွဲ ပိုမို ပြင်းထန်စေခဲ့သည် မဟုတ်ပါလော။
မြန်မာတို့
ရေမြေပိုင်နက်တွေ ပဲ့ ကြွေရခြင်းအဓိကစနက်မှာယင်းအချက် ပါဝင်နေရာ ပထဝီ
နိုင်ငံရေးကို ထိုစဉ် က တွေးဆခဲ့ကြပုံမရ။ မင်းသမ္မတဟူ သည် နိုင်ငံသား
အားလုံး၏ ”ကံ” ကို ယုံကြည်စွာ ပုံ၍ အပ်နှင်းခံထားရသူ လည်း ဖြစ်ရာ။ သမ္မတ
ရှာပုံတော်မှာ အမှတ်ရစရာ၊ သင်ခန်းစာ ယူစရာ၊ သတိပြုစရာတွေ တွေးရင်း၊ ရေးရင်း
ထူးခြားတိုက် ဆိုင်မှုလေးတစ်ခုကို တွေး ဆမိကာ အံ့သြရေရွတ်ဖြစ်သည်မှာ ၁၈၂၄
ပထမ အင်္ဂလိပ်-မြန်မာ စစ်မဖြစ် မီ တစ်နှစ် ၁၈၂၃ မှာ နေပြည်တော်ကို တရုတ်သံတွေ
တမန်တွေ လာရောက်ခဲ့ သည့်အမှတ်အသား ရှိသဗျာဟူ၍..။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago
0 comments:
Post a Comment