၂၈.၁၁.၂၀၁၃၊ ကြာသပတေးနေ့
ဂျပန်အောက်လွှတ်တော်
ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
သူရဦးရွှေမန်း ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် နိုဝင်ဘာ ၂၇
ရက်၊ ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့်
ဂျပန်နိုင်ငံသို့ ထွက်ခွာသွားသည်။
''ကျွန်တော်တို့ရဲ့
လွှတ်တော်နာယကကြီးကို ဂျပန်နိုင်ငံရဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌက ဖိတ်တဲ့အတွက်
သွားကြတာ ဖြစ်ပါတယ်။ သွားတဲ့အထဲမှာ လွှတ်တော်ကိုယ် စားလှယ်တွေရော၊
စီးပွားရေးအရ ပူးပေါင်း ဆောင်ရွက်နိုင်မယ့် အဖွဲ့တွေရောပါတယ်။
ဂျပန်နဲ့မြန်မာက ဆက်ဆံရေး အင်မတန် ကောင်းပါတယ်။ အရင်ကတည်းက ကောင်းတယ်။
အစိုးရချင်း ဆက်ဆံရေးကလည်း ကောင်းတဲ့အပြင် ပူးပေါင်းဆောင်ရွက် မှုတွေလည်း
အများအပြား ရှိတယ်'' ဟု ဂျပန်ချစ်ကြည်ရေး ခရီးစဉ်၌ လိုက်ပါမည့်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက ပြောကြားသည်။
အဆိုပါ
ချစ်ကြည်ရေး ခရီးစဉ်တွင် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း
ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ဂျပန်နိုင်ငံ၌ လွှတ်တော်၏
ဆောင်ရွက်မှုများ၊ ဖွဲ့စည်းမှု၊ ဥပဒေပြုမှုများကို အဓိကထား လေ့လာဆွေးနွေး
သွားမည်ဖြစ်ကြောင်း သိရပြီး စီးပွားရေး ကိစ္စရပ်များကိုလည်း လေ့လာဆွေးနွေး
သွားမည်ဖြစ်ကြောင်း ဂျပန်ချစ်ကြည်ရေး ခရီးစဉ်၌ လိုက်ပါမည့် ပြည်သူ့လွှတ်တော်
နိုင်ငံတကာ ဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးက ပြောကြားသည်။
ပြည်ထောင်စု
လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား ဂျပန်အောက်လွှတ်တော်
ဥက္ကဋ္ဌအပြင် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း၊ နီပွန်ဖောင်ဒေးရှင်းတို့မှလည်း
ဖိတ်ကြားထားသည်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago
0 comments:
Post a Comment