Related Posts Plugin for WordPress, Blogger...

Monday, November 18, 2013

မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ၏အရှုပ်တော်ပုံ



အမှောင်ဖုံးလွှမ်းတော့မည့်မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

  ၁၅-၁၁-၂၀၁၃ မြန်မာစံတော်ချိန် ည ၇နာရီလောက် ကဖြစ်သွားသောဖြစ်စဉ်လေးတစ်ခုကိုမန္တလေးသူမန္တလေးသားများသိအောင်ပြောပြပါမည်။စာကိုဆုံးအောင်ဖတ်စေချင်ပါသည်။မန္တလေးမြို့ နေလူထု၏နေထိုင်မှုများပိုင်ဆိုင်မှုများအခွန်အခအားလုံးပေးဆောင်ရသောနေရာကြီးတစ်ခုဖြစ်တဲ့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ (MCDC) ၏ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။

ရာထူးတိုးစာမေးပွဲဖြေဆိုခြင်း

အလုပ်အကိုင်တစ်ခုမှာကိုယ်တာဝန်ယူလုပ်ကိုင်ပေးရတဲ့နေရာတစ်ခု ရာထူး တစ်ခုဆိုတာ ၀န်းထမ်းများ၏အိပ်မက်ဝန်ထမ်းများ၏ ဘ၀တက်လမ်း တစ်ခုဖြစ်ပါတယ် ဒီနေ့ညကအဲဒီအိပ်မက်တွေကိုအကောင်အထည် ဖော်ပေးသောဆုံးဖြတ်ပေးသော ဒုဦးစီးအောင်စာရင်း၊့် ဌာနခွဲစာရေးနှင့် ကျွမ်းကျင်အဆင့်များအောင်စာရင်း များစာရင်းထွက်ရှိလာပါသည်။
ဒုဦးစီးဖြစ်သွားသောသူများမှာရည်မွန်၊စန္ဒာမြမြစိုး၊ ရွှေစင်လဲ့ဝင်းဌေး၊ချိုမာ၊ သန်းသန်းဝင်း၊မင်းမင်းစိုး၊စန်းစန်းဝင်း၊သီတာနွယ်၊မြသက်မော်၊စိုးစိုးညွန့်၊၀င်းမေခိုင်၊စသည့်သူများအပါအ၀င် ၂၁ ယောက်သောဝန်ထမ်းများသည် ဒုဦးစီးမှုများဖြစ်သွားကြပါသည်ဟုသိရပါသည်။ထိုသူများထဲတွင် မိခင်ဌာနများတွင်ရုံးလုပ်ငန်းများမလုပ်ကိုင်ပဲ မြေယာပွဲစားလုပ်ကိုင်ခြင်း၊ ဌာနပေါင်းစုံလှည့်လည်၍အ၀တ်အထည်များရောင်းချခြင်း CD၊DVD အခွေများရောင်းချခြင်းစသည့်ရုံးလုပ်ငန်းများကိုလုံးဝစိတ်ဝင်စားခြင်းမရှိပဲ ယခုထွက်လာသောအောင်စာရင်းများထဲတွင်နာမည်ပါလာသဖြင့် အရည်အချင်းမရှိပဲ ငွေရှိလို့ပါလာလေရောလားဆိုတာ စဉ်းစားစရာ ဖြစ်နေပါပြီရေးဖြေခြင်းစာတွေ့ကိုသာမန်လူတစ်ယောက်ကပင်ကျက်ပြီးဖြေဆိုလျှင်ရနိုင်ပါသည် လုပ်ငန်းအတွေ့အကြုံ လုပ်သက်နှင့် ပညာအရည် အခြင်းတွေက ပိုက်ဆံရှိသောလာဘ်ထိုးတက်သောသူများကို ယှဉ်ပြိုင်နိုင်ခြင်းမရှိလေသလား

သိန်း၁၀၀

သိန်း၂၀၀

သိန်းပေါင်းများစွာကလူများစွာကိုဖြတ်စီးသောစိတ်ဓာတ်များကိုဖြစ်ပေါ်
စေပါတယ်။ တစ်ကယ့်အလုပ်လုပ်ကိုင်သူများ ဘွဲ့ရပညာရှင် အစစ်များလုံးဝနစ်နာဆုံးမှုတွေဖြစ်စေပါတယ်။နိုင်ငံတော်၏ လုပ်ငန်းတာဝန်များကိုကျေပွန်စွာထမ်းရွက်လုပ်ကိုင်နေသူများကိုသာပြည်သူလူထုမှအလိုရှိနေပါသည်။ခေတ်ဟောင်းကအမူအကျင့်တွေက ဒီမိုကရေစီနိုင်ငံကြီးဖြစ်တည်ဆောက်နေသောအချိန်မှာ မရှိသင့်တော့ပါ။
ဒါကြောင့် ဘယ်လောက်ဖြေနိုင်နိုင် ဘယ်လောက်ကြိုးစားကြိုးစား ငွေပေးနိုင်သူနှင့် လူပေးနိုင်သူကိုသာ အဓိကထားရွေးချယ် သွားကြောင်းက သိသာထင်းရှားနေပါသည်။ဒါပဲဗျာ ဆက်လက်ဖော်ပြပါမည်။ ။
လာဘ်ပေးလာဘ်ယူကင်းစင်ပြီး အောင်စာရင်းများကိုပြန်လည် စီစစ်ပြီးကျွမ်းကျင်သူဝန်ထမ်းများနှင့်ဘွဲ့ရပညာရှင်များကိုသာရွေးချယ်သင့်တယ်လို့မန္တလေးသူမန္တလေးသားများမှကြေငြာလိုက်ပါသည်။
လူမသိအောင်တော့လုပ်လို့ရပေမယ့် ကိုယ့်ကိုယ်စောင့်နတ်ကိုတော့ ညာလို့မရဘူးဆိုတာအားလုံးကိုသိစေချင်တဲ့စေတနာနဲ့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ဖြစ်ရပ်မှန်လေးတစ်ခုကိုတင်ပြ
လိုက်ရပါသည်။

မန္တလေးသူမန္တလေးသားများ
 
Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U