ရန်ကုန်မြို့ ကမ်းနားဟိုတယ်မှာ ဗြိတိသျှ တေးဂီတအဖွဲ့တခုက အခမဲ့ ဖျော်ဖြေတင်ဆက်မယ်၊ လာရောက်ကြည့်ရှုနိုင်ပါတယ် တဲ့။ မြန်မာတို့ရဲ့ ဂီတမိတ်ကျောင်းနဲ့ တွဲဖက် တင်ဆက်မှု အစီအစဉ် ပါဝင်တယ် ဆိုပြီး ရန်ကုန်ဗြိတိသျှကောင်စီက ဖိတ်ထားပါတယ်။ ဗုဒ္ဓဟူး ညနေပိုင်းပါ။
ယူကေမှနာမည်ကြီး a cappella အဖွဲ့ဖြစ်သည့် Black Voices မြန်မာနိုင်ငံတွင်ဖျော်ဖြေမည်
ဗြိတိသျှကောင်စီသည်
အောင်မြင်ကျော်ကြားသည့် a cappellaအဆိုရှင်အဖွဲ့ဖြစ်သည့် Black Voices
အဖွဲ့အား မြန်မာနိုင်ငံတွင်
ပထမဦးဆုံးအကြိမ်ဖျော်ဖြေပေးရန်ဖိတ်ကြားထားပါသည်။
ဆယ်စုနှစ်နှစ်ခုကြာ
အောင်မြင်စွာရပ်တည်လာခဲ့သည့် Black Voices အဖွဲ့သည် Ray Charles ၊ Nina
Simone ၊ Wynton Marsalis နှင့် Take 6 တို့ကဲ့သို့သော
ဂီတထိပ်သီးတို့နှင့် တွဲဖက်ဖျော်ဖြေခဲ့ဖူးပြီး သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလား
နှင့် ဗြိတိန်တော်ဝင်မိသားစု အစရှိသည့် ထင်ရှားသူတို့အား
ဖျော်ဖြေခဲ့ဖူးသည်။
၎င်းတို့၏ စွဲမက်ဖွယ်တင်ဆက်မှုနှင့် သူမတူသည့်
တူရိယာမပါဘဲ "အသံအား" သက်သက်သာသုံး၍ သီဆိုဖျော်ဖြေသည့် a cappella
ပုံစံသီဆိုဟန်တို့သည် အာဖရိကန် ကာရစ်ဘီယန် ရိုးရာ၊
အင်္ဂလိပ်ကျေးလက်ဂီတ၊
jazz, gospel, pop, reggae သီချင်းပုံစံများစွာအား အာဖရိက၊ ကာရစ်ဘီယန်၊
ဗြိတိသျှအမွေအနှစ်တို့ဖြင့် ကြွယ်ဝစွာထုံမွှမ်းချယ်မှုန်းထားကာ ကျားမ၊
လူမျိုး၊ အသက်အရွယ်၊ ဘာသာအယူတို့၏ နယ်နိမိတ်ကို ကျော်လွန်ပျံ့နှံ့သွားသည်။
၎င်းတို့၏
လူထုဖျော်ဖြေပွဲသည် နိုဝင်ဘာလ ၂၀ ရက်၊ ညနေ ၆ နာရီခွဲတွင် Strand Hotel ၌
မြန်မာနိုင်ငံရှိ ဂီတမြတ်နိုးသူပရိတ်သတ်အတွက် အခမဲ့ တင်ဆက်မည်ဖြစ်သည်။
အဆိုပါပွဲတွင် ရန်ကုန်မြို့ရှိ “ဂီတမိတ်” ဂီတကျောင်းကလည်း ပါဝင်တွဲဖက် တင်ဆက်မည်ဖြစ်သည်။
စိတ်ပါဝင်စားသူတိုင်း ကြွရောက်နားဆင်နိုင်ပါသည်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
4 years ago
0 comments:
Post a Comment