Related Posts Plugin for WordPress, Blogger...

Monday, November 18, 2013

နေပြည်တော်ကပွဲ လူများစုက ဖွဲ့စည်းပုံ ပြင်ရေး ထောက်ခံ

နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ လူထု သဘောထား ခံယူ ပွဲမှာ
အများစုက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကို ထောက်ခံသဘောတူကြတယ်လို့ သိရပါတယ်။ 




နေပြည်တော်က ဖွဲ့စည်းပုံဆိုင်ရာ လူထု သဘောထားကောက်ယူပွဲမှာ မိန့်ခွန်းပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဓာတ်ပုံ- တေဇလှိုင်/ ဧရာဝတီ

အဲဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ လူထုသဘောထား ခံယူပွဲမှာ  ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။ 

အနယ်နယ်အရပ်ရပ်ကပါ တက်ရောက်လာတဲ့ လူထု ဆန္ဒသဘောထားခံယူပွဲမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ 
ပြင်ဆင်ရေး၊ အသစ်ရေးဆွဲရေးဆိုင်ရာတွေနဲ့ ပတ်သက်ပြီး မိန့်ခွန်းတရပ်လည်း ပြောဆိုခဲ့ပါတယ်။ 

"ကျွန်မကို အားပေးချင်တာနဲ့တော့ ဖွဲစည်းပုံပြင်ဖို့ မထောက်ခံပါနဲ့။ တကယ် နားလည်ပြီး ပြင်သင့်တယ် ဆိုမှ ထောက်ခံကြပါ" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ 

၂၀၀၈ ဖွဲ့စည်းပုံနဲ့ပတ်သက်လို့ ဆွေးနွေးပြောကြားမှုတွေလုပ်ပြီး ဦးဝင်းမြင့်၊ ဦးဖြိုးဇေယျာသော်တို့ကလည်း
ဟောပြောဆွေးနွေးသွားကြပါတယ်။ 

လူထု ဆန္ဒသဘောထားကိုတော့ အသံနဲ့ မဲခွဲ ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့ နေပြည်တော်က လာတဲ့ သတင်းတွေအရ သိရပါတယ်။  

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်တဲ့ ဒီဆွေးနွေးပွဲကို အစက ဒေသအာဏာပိုင်တွေက ခွင့်ပြုမိန့် မပေးခဲ့ပဲနောက်ပိုင်းမှဘဲ ပေးခဲ့ပါတယ်။ 

အဲဒီလို ခွင့်ပြုမိန့် မပေးခဲ့လို့ ရန်ကုန်အပါအဝင် မြို့တော်တော်များများက NLD ပါတီထောက်ခံသူတွေက အတော်မကျေမနပ်ဖြစ်ခဲ့ပြီး ဒီကနေ့ ကျင်းပတဲ့ နေပြည်တော် လူထုသဘောထားခံယူပွဲကို အင်နဲ့ အားနဲ့ အားပေးခဲ့ကြတယ်လို့ သိရပါတယ်။ 











0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U