ကျောက်ဖြူဒေသဖွံ့ဖြိုးရေးအတွက်
ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ခြင်းကြောင့် ထောင်သုံးလကျခံရန် ပြစ်
ဒဏ်ပေးခံခဲ့ရအပြီး ပြန်လည် လွတ်မြောက်လာသူများက
ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်ပေးရန်
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ တရုတ်နိုင်ငံသို့ တင်ပို့သည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း နယ်မြေဖြစ်သည့် ကျောက်ဖြူမြို့နယ်အတွင်း လျှပ်စစ်မီးရရှိရန်အပါအ၀င် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ပေးရန် စီမံကိန်း အကောင်အထည်ဖော်နေသည့် CNPP ကုမ္ပဏီကို ယခုနှစ် ဧပြီလ ၁၈ ရက် တွင် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။
ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖော်ခဲ့သည့် အကြောင်းပြချက်ဖြင့် စက်တင်ဘာ ၂၆ ရက်တွင် ကျောက်ဖြူ တရားရုံးက ဆန္ဒထုတ်ဖော်တောင်းဆိုသူ ၅၀၀ အနက် ခေါင်းဆောင် ၁၀ ဦးကို ထောင်ဒဏ်သုံးလ ကျခံ ရန် ပြစ်ဒဏ်ပေးခဲ့ရာ နိုဝင်ဘာ ၁၅ ရက်တွင် ပြန်လွတ်မြောက်လာပြီးနောက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များ လုပ်ဆောင်ပေးရေး ဆက်လက် ဆန္ဒပြ တောင်းဆိုရန် ပြင်ဆင်နေကြခြင်းဖြစ်သည်။
“ဒေသဖွံ့ဖြိုးရေးအတွက် ဆန္ဒထုတ်ဖော်တဲ့အတွက် ထောင်ကျခံပြီးသွားပြီ၊ ဒါပေမဲ့ တောင်းဆိုတာတွေ အားလုံး မလုပ်ပေးတဲ့အတွက် ထပ်မံဆန္ဒထုတ်ဖော်မှာ ဖြစ်ပါတယ်”ဟု ဆန္ဒပြခေါင်းဆောင် ဦးထွန်း ကြည်က မဇ္ဈိမကို ပြောသည်။
ဆန္ဒပြခေါင်းဆောင် ၁၀ ဦးကို ကျောက်ဖြူထောင်မှ လွတ်မြောက်လာသည့်နေ့တွင်ပင် အစည်းအဝေး ပြု လုပ်ကာ ဆန္ဒပြရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ ဆန္ဒပြရန် ခွင့်ပြုမိန့်ကို နိုဝင်ဘာ ၁၆ ရက်က ကျောက် ဖြူမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ တင်ပြပြီးလည်းဖြစ်သည်။
ကျောက်ဖြူဒေသခံများသည် ဧပြီလအတွင်း CNPP ကုမ္ပဏီကို ဆန္ဒပြ တောင်းဆိုရာတွင် ဈေးနှုန်းသက် သာသည့် လျှပ်စစ်မီး ဖြန့်ဖြူးပေးရန်၊ သိမ်းဆည်းခံထားရသည့် လယ်မြေများအတွက် လျော်ကြေးပေး ရန်၊ ရွာချင်းဆက်လမ်းများ ပြုပြင်ပေးရန်၊ ဒေသခံတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေး ရန်တို့ကို တောင်းဆိုခဲ့ကြသည်။
“လျှပ်စစ်မီးရရှိတာ ဟုတ်တယ်။ ဒါပေမဲ့ ကျန်တဲ့အချက်တွေ ဘာမှ မလုပ်ပေးသေးဘူး လယ်ယာမြေတွေ လျော်ကြေးပေးတာတို့၊ ရွာချင်းဆက်လမ်းတွေ ပြုပြင်မှု မရှိသေးတာတို့ကို ထပ်မံ တောင်းဆိုမှာပါ”ဟု ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးထွန်းလွင်က ပြောသည်။
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်တွင်လည်း ကျောက်ဖြူမြို့နယ် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှရသော
0 comments:
Post a Comment