မြန်မာပြည်နိုင်ငံတွင်
ပထမဆုံးအနေနဲ့ အမျိုးသမီးများ အချင်းချင်း အတွေ့အကြုံဖလှယ်၍ အကြံဉာဏ်များ
ရယူကြသည့် Mentors and Mentees ပွဲကို အက္ခရာ အမျိုးသမီးအဖွဲ့က
ဦးဆောင်ပြီး ရန်ကုန်မြို့ ကန်တော်ကြီးပန်းခြံ၌ နိုဝင်ဘာလ ၁၆ ရက်၊ နံနက် ၇
နာရီတွင် ပြုလုပ်သွားခဲ့သည်။
“အမျိုးသမီးခေါင်းဆောင်မှုတွေကို
မြှင့်တင်ပေးတဲ့အနေနဲ့ Mentor လုပ်တဲ့ လူဆီကနေ ကိုယ်စိတ်ဝင်စားတဲ့
အကြောင်းအရာကို Mentee တွေကနေ အကြံယူတာ မေးမြန်းကြတာမျိုးပါ။
တခြားနိုင်ငံတွေမှာ ဒါမျိုးတွေ အမြဲလုပ်ပေမယ့် မြန်မာနိုင်ငံမှာ
မရှိသေးပါဘူး။ ခုပွဲက ပထမဆုံးပါပဲ”ဟု အက္ခရာ အမျိုးသမီးအဖွဲ့မှ
ပြောရေးဆိုခွင့်ရှိသူ မပပဖြိုးက ပြောသည်။
နယ်ပယ်ပေါင်းစုံမှာ
အမျိုးသမီးများနှင့်အတူ အမျိုးသမီးအရေး လှုပ်ရှားနေသော အဖွဲ့အသီးသီးမှ
အမျိုးသမီးများက နိုင်ငံရေး၊ သဘာဝပတ်ဝန်းကျင်၊ မီဒီယာနှင့် ပညာရေး၊
စီးပွားရေး၊ ကျားမ တန်းတူညီမျှရေး၊ အမျိုးသမီးများအား အကြမ်းဖက်မှုများကို
ဆန့်ကျင်ခြင်း၊Pregnancy and Childcare, Women Counselling ဆိုသည့်
အကြောင်းအရာများအား ဆွေးနွေးခဲ့ကြသည်။
Sayar Chan
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
4 years ago
0 comments:
Post a Comment