Related Posts Plugin for WordPress, Blogger...

Saturday, November 16, 2013

ဦးနေဝင်း မြေး ၂ ယောက် စကား ဝေဖန်မှုတွေနဲ့ ဆူညံ

မနက်စောစော ရန်ကုန်ရဲ့ လူစည်းကားရာ လက်ဖက်ရည် ဆိုင်တဆိုင်ကိုရောက်ခဲ့တယ်။ လူတွေပြောနေ ကြတဲ့ စကားတွေနဲ့ အွန်လိုင်း ပရိသတ်တွေ စိတ်ဝင်စားမှု အရှိဆုံးတွေကို သတိထားမိလိုက်တယ်။ ဒါကတော့ မနေ့ ကမှ  သမ္မတရဲ့ လွတ်ငြိမ်းခွင့်နဲ့ လွတ်လာတဲ့ အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ မြေး ၂ ဦး
ဖြစ်တဲ့ ကိုအေးနေဝင်းနဲ့ ကိုကျော်နေဝင်းတို့ရဲ့ ပြောစကားတွေပါ။ ပြောရရင် ဒီကိစ္စက Talk of the town ပေါ့။


 ရန်ကုန်မြို့ နေအိမ်မှာ ဒီကနေ့ တွေ့ရတဲ့ ကိုဇွဲနေ၀င်း၊ ကိုအေးနေ၀င်း၊ ကိုကျော်နေ၀င်း   
(Photo: Khin Maung Win / Shwe Inn Thar)
 
အာဏာရှင်ဟောင်း ဦးနေဝင်းဟာ အကျယ်ချုပ်ကျခံခဲ့ရလား၊ မကျခံခဲ့ရဘူးလားဆိုတဲ့ ကိစ္စကလည်း အတော် စိတ်ဝင်စားစရာ ကောင်းပါတယ်။  

အဘိုးဖြစ်သူ အဖေကြီးလို့ စစ်ခေါင်းဆောင်တွေ ခေါ်ကြတဲ့ ဦးနေ၀င်းစာ နေအိမ်အကျယ်ချုပ် ကျခံရပြီး ကွယ်လွန်ခဲ့တာ မဟုတ်ပဲ လွတ်လပ်တဲ့ နိုင်ငံသား တဦးအနေနဲ့ အေးအေးချမ်းချမ်း ကွယ်လွန်သွားခဲ့တာ
သာဖြစ်တယ်လို့ အေးနေ၀င်းက ပြောသွားတယ်။

နောက်ထပ် စိတ်ဝင်စားစရာကတော့ ကျော်နေဝင်းပြောသွားတဲ့ ကျနော် ဘာမဆို လုပ်ရဲတယ် ဆို တာတွေပါဘဲ။ 

နိုင်ငံရေး မလုပ်ဘူးလို့ သူကပြောပေမယ့် တိုင်းပြည်၊ ရေ၊ မြေကိုတိုင်းတပါးသားက ကျူးကျော်လာရင်၊ အချုပ်အချာ အာဏာကို ထိခိုက်စော်ကားလာရင် နိုင်ငံရေးတင်မက ဘာမဆို လုပ်ရဲတယ်လို့ သူ က ပြောသွားတယ်။ 

ဒီလိုပြောဆိုမှုအပေါ် ပရိသတ်တွေက သိပ်ပြီး ဝေဖန်တာ မတွေ့ရပေမယ့် တပ်မတော်နဲ့ပတ်သက်ပြီး 
ပြောတာ ကို ဆန်းစစ်ဝေဖန်တာတွေရှိလာပါတယ်။ 

တပ်မတော်နဲ့ပတ်သက်တဲ့ကိစ္စ၊ သူ့ကိုယ်သူ စစ်ခွေးလို့ ခံယူတဲ့ကိစ္စတွေအပေါ်မှာတော့ လူတွေက အတော် ဝေဖန်နေကြပါပြီ။ 

တချိန်က ရန်ကုန်မြို့ပေါ်မှာ နာမည်ကြီး စကော်ပီယံဂိုဏ်းနဲ့အတူ နာမည်ကြီးခဲ့တဲ့ ကျော်နေဝင်း ရဲ့ 
ထောင်က ထွက်ထွက်ချင်း ဖြေထားတဲ့ စကားတွေကြောင့် အခုလို ဝေဖန်သံတွေနဲ့ အွန်လိုင်းမှာ ဆူညံနေ တာလို့ ထင်ပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ရန်ကုန်က လူငယ်၊ လူကြီးတွေရဲ့ လက်ဖက်ရည်ဆိုင် စကားဝိုင်းတွေ၊ အင်တာနက်ဆိုင်တွေမှာလည်း ပြောသံတွေ ကြားနေရပါတယ်။ 


Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U