HAPPY BIRTHDAY... ပါ သူငယ်ချင်း Moe Ma Kha
မျှော်မှန်းထားတဲ့ ဘဝပန်းတိုင်ကို အမြန်ဆုံးလျှောက်လှမ်းနိုင်ပါစေ.... ။ ။
မျှော်မှန်းထားတဲ့ ဘဝပန်းတိုင်ကို အမြန်ဆုံးလျှောက်လှမ်းနိုင်ပါစေ.... ။ ။
"ကျွန်တော့ရဲ့ November 16 day"
__________________________
လေညှင်းတချို့ရဲ့ အဖျားခတ်သံက
ပြက္ခဒိန် တစ်အုပ်ကို ဆုတ်ဖြဲသွားတယ်
ဘ၀ရဲ့ အသံတွေ ပီသလာတယ် ဆိုမလား
အနာဂတ်ကို မျှော်လင့်ချက်တွေနဲ့ ကြိုးညှိ
ကျွန်တော်လည်း ရင့်ကျက်ချင်ပြီ။
မိုင်တိုင်တွေ ဖြတ်ကျော်သွားတိုင်း
ကိုယ့်ရဲ့ အတ္ထုပ္ပတိက ကြီးလာတယ်
ရယူလိုမှုနောက် ပေးဆပ်မှုတွေ လိုက်ရင်း
အစရှာမရတဲ့ အဖြစ်အပျက်နဲ့
အိပ်မက်တွေ ပေါင်းစပ်ချင်လာတယ်။
ကျွန်တော်လည်း လူသားပဲလေ ...
အနာဂတ်ကို နှစ်ဆယ့်သုံး နှစ်ပိုင်းတစ်ပိုင်းဒီဂရီ စောင်းပြီး
ကြည့်ချင်ပါသေးတယ်။
တနေ့နေ့ပေါ့ ...
ကျွန်တော့်ရဲ့ သစ်ပင်လေး အရိပ်မှာ ခိုနားရင်း
သာယာလှတဲ့ November လေး ဖြစ်လာစေဖို့
အဲဒီနေ့ကို "Happy Birthday to you" လို့
ဆုတောင်းပေးလိုက်တယ်။
______________________________
အဲဒီနေ့ဟာ ကျွန်တော်ရဲ့မိတ်ဆွေရင်းတစ်ယောက
ကျွန်တော် အလုပ်တွေနဲ့ရှုပ်ယှက်ခတ်နေတဲ့ကာလ
အဲဒါနဲ့ပဲ သူ့မွေးနေ့ပွဲလေးအတွက် ကျွန်တော်ကိုယ်တိုင်ရေးထားတဲ့ မွေးနေ့ကဗျာလေးကို ကူးယူပြီး နဲ့မျက်နှာလုပ်လိုက်ရပါတယ်..။
HAPPY BIRTHDAY... ပါနော်...Moe Ma Kha
မျှော်မှန်းထားတဲ့ ဘဝပန်းတိုင်ကို အမြန်ဆုံးလျှောက်လှမ်းနိုင်ပါစေ
Sayar Chan
0 comments:
Post a Comment