မြန်မာနိုင်ငံ၏
လုပ်သားအင်အား စစ်တမ်းကို လာမည့်နှစ်တွင် စတင်ကောက်ယူရန် အလုပ်သမား၊
အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ
အလုပ်သမားရေးရာအဖွဲ့ (ILO) တို့ နားလည်မှု စာချွန်လွှာ (MoU) ကို နိုဝင်ဘာလ
၁၄ ရက်နေ့တွင် ရေးထိုးခဲ့ကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ သိရှိရသည်။
အဆိုပါ
စာချွန်လွှာအရ ၂၀၁၄ ခုနှစ်တွင် ကလေးလုပ်သား စစ်တမ်း၊ ကျောင်းအပြီး
လုပ်ငန်းခွင် ဝင်ရောက်မှု စစ်တမ်း၊ အလုပ်အကိုင် အခကြေးငွေဆိုင်ရာ စစ်တမ်း၊
ပုံမှန် သတ်မှတ်ထားခြင်း မရှိသော လုပ်ငန်း ကဏ္ဍများ ဆိုင်ရာ စစ်တမ်း၊
အလုပ်ဌာန စစ်တမ်းများကို ကောက်ယူမည် ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနက
ထုတ်ပြန်သည်။
ယင်းစစ်တမ်း ကောက်ယူမှုတွင် အလုပ်သမားများနှင့်
အလုပ်အကိုင်ဆိုင်ရာ မူဝါဒများ၊ ဥပဒေများ၊ မြန်မာနိုင်ငံ၏ သင့်လျော်
ကောင်းမွန်သော အလုပ်အကိုင် ရရှိရေး ဆန်းစစ်ချက်များ၊ သုတေသန
လုပ်ငန်းများနှင့် အလုပ်အကိုင်ဆိုင်ရာ အညွှန်းကိန်းများ ရရှိရေး
လုပ်ငန်းစဉ်များလည်း
ပါဝင်မည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့်
လူမှုဖူလုံရေး ဝန်ကြီးဌာနမှ သိရှိရသည်။
အဆိုပါ လုပ်သားအင်အား
စစ်တမ်းကို ကောက်ယူရန် အလုပ်အဖွဲ့ (Working Group) များကို နိုဝင်ဘာလ ၁၅
ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း ILO ထံမှ သိရှိရသည်။
မြန်မာနိုင်ငံ၏
လုပ်သားအင်အား စစ်တမ်းကောက်ယူရန် အလုပ်သမား၊ အလုပ်အကိုင်နှင့်
လူမှုဖူလုံရေး ဝန်ကြီးဌာနနှင့် ILO တို့ လက်မှတ် ရေးထိုးပွဲကို နိုဝင်ဘာလ ၁၄
ရက်နေ့က နေပြည်တော်ရှိ အမရာ ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံတွင်
အမှန်တကယ် အလုပ် လုပ်ကိုင်နိုင်သော ဦးရေ ၅၆ ဒသမ ၅၄ ရာခိုင်နှုန်း ရှိပြီး
အလုပ်လက်မဲ့နှုန်းမှာ ၂၈ ဒသမ ၄ ရာခိုင်နှုန်း ရှိကြောင်း၊ လူဦးရေဖြင့်
ဆိုလျှင် ၁၀ သန်းဝန်းကျင် အလုပ်လက်မဲ့ ဖြစ်နေကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ
၂၇ ရက်နေ့က နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
4 years ago
0 comments:
Post a Comment