ဒီမိုကရေစီ
အစိုးရအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေနည်းတူ အဓိကကျလှသော အမျိုးသားပညာရေး
ဥပဒေအတွက် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးမဏ္ဍိုင်တို့က အသီးသီး
ရေးဆွဲလျက်ရှိရာ လာမည့် ၂၀၁၄ ခုနှစ်တွင် အစိုးရအဖွဲ့များဘက်က ရေးဆွဲနေသော
ဥပဒေမူကြမ်းကို အပြီးသတ်ပြီး လာမည့်ရွေးကောက်ပွဲ အပြောင်းအလဲ မတိုင်ခင်
ပြဋ္ဌာန်းသွားနိုင်ရန် စီစဉ်နေကြောင်း ပညာရေးဖောင်ဒေးရှင်း အဖွဲ့ဝင်
ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) ဦးသန်းဦးက ပြောကြားသည်။
ပညာရေး
နယ်ပယ်အတွင်း စိုးရိမ် ပူပန်နေကြသော အဆိုပါ အကောင်အထည်ဖော်မှု
ပြီးဆုံးရေးနှင့် ပတ်သက်၍ ပထမဆုံးအကြိမ် ၎င်းက ထုတ်ဖော် ပြောကြားခဲ့ခြင်း
ဖြစ်သည်။
၂၀၁၅ ခုနှစ် အစိုးရ အပြောင်းအလဲ ဖြစ်လာလျှင် လက်ရှိ
ဆောင်ရွက်နေသော ပညာရေး မြှင့်တင်မှုများကို သက်ရောက်မှု ရှိနိုင်သည့်အပြင်
ပညာရေးကဏ္ဍအတွက် အခြေခံအုတ်မြစ် ပျောက်ဆုံးမည်ကို ပူပန်မိသည့် အတွက် ယင်းသို့
စီစဉ်ရခြင်း ဖြစ်ကြောင်း နိုဝင်ဘာလ ၁၂ ရက်နေ့က ရန်ကုန်တက္ကသိုလ်
စိန်ရတုခန်းမတွင် ကျင်းပသော ပညာရေး ဆွေးနွေးပွဲတွင် နိုင်ငံတော် ဒုတိယသမ္မတ
ဒေါက်တာ
စိုင်းမောက်ခမ်းထံ ဦးသန်းဦးက တင်ပြသည်။
သို့သော် ဒုတိယ
သမ္မတကမူ ပြည်သူလူထုနှင့် ပညာရေး ဝန်ထမ်းများ၏ အမျိုးသားပညာရေး ဥပဒေပေါ်
ပူးပေါင်း ဆောင်ရွက်လျှင် ရေရှည် တည်မြဲနိုင်ပါလိမ့်မည်ဟု စိုးရိမ်ဖွယ်
မရှိနိုင်ကြောင်း ပြန်လည်ပြော ကြားခဲ့သည်။
အုပ်ချုပ်မှုစနစ်နှင့်
စီမံခန့်ခွဲမှုစနစ် အားနည်းချက်ကြောင့် ရာထူးတစ်ခုနှင့် တစ်ခုအရွှေ့၊
ဌာနတစ်ခုနှင့် တစ်ခုအပြောင်း၊ အုပ်ချုပ်သူအရာရှိ အပြောင်းအရွှေ့တွင် လက်ရှိ
လုပ်ငန်းစဉ်များကို စနစ်တကျ လွှဲပြောင်းမှု အားနည်းခဲ့သည့် အတွက်
လူပြောင်းလျှင် မူဝါဒ အပြောင်းအလဲများပါ ကြုံတွေ့ရလေ့ ရှိသည်။
အထူးသဖြင့် ပညာရေး စီမံကိန်းများ၌ ယင်းကဲ့သို့ အလွှဲအပြောင်းကာလမှာ
အလွန်အရေးပါပြီး မူဝါဒ မကြာခဏ ပြောင်းလဲပါက ရေရှည် ပညာရေးစနစ်
တစ်ခုလုံးအတွက် ထိခိုက်နိုင်ပြီး ခိုင်မာသော ပညာရေး မူဝါဒနှင့်
အမျိုးသားဥပဒေများ လိုအပ်ကြောင်း လုပ်သက် နှစ်နှစ်ဆယ်ကျော်ရှိ
ပညာရေးဝန်ထမ်း တစ်ဦးက သတိပေး ပြောကြားသည်။
လက်ရှိ အမျိုးသားပညာရေး
ဥပဒေကို ရေးဆွဲရာတွင် ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီနှင့်
နိုင်ငံတော် သမ္မတ၏ တိုက်တွန်းမှုနှင့် ဖွဲ့စည်းခဲ့သော အစိုးရအဖွဲ့
ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီတို့သည် အချိတ်အဆက်
နည်းပါးသည့်အပြင် ဥပဒေ တစ်ရပ်တည်းကို နှစ်ဖွဲ့ခွဲ ရေးဆွဲနေကြသောကြောင့်
မည်သည့် ဥပဒေသည် အတည်ပြုခံရနိုင်ဖွယ် ရှိသည်ကိုလည်း မှန်းဆရန် ခက်ခဲနေသည်။
ပြည်သူ့လွှတ်တော်
ပညာရေးမြှင့်တင်မှု ကော်မတီက ရေးဆွဲခဲ့သော အမျိုးသားပညာရေး ဥပဒေမူကြမ်းကို
အောက်တိုဘာလ ၇ ရက်နေ့က လက်တွေ့ကျသော ပညာရေး ပြုပြင် ပြောင်းလဲမှုဆိုင်ရာ
ဆွေးနွေးပွဲတွင် ပထမဆုံးအကြိမ် ထုတ်ဖော် ပြသခဲ့သည်။
ယင်းဥပဒေမူကြမ်းပါ
အချက် အများစုမှာ ပညာရေး ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်နေသော အရပ်ဘက်
အဖွဲ့အစည်းများ တောင်းဆိုခဲ့သော ကိုယ်ပိုင် အုပ်ချုပ်ခွင့်နှင့် အရည်အသွေး
တိုးမြှင့်ရေး အချက်အလက်များနှင့် ကိုက်ညီမှု ရှိသည်။ သို့သော် ယခုအချိန်ထိ
ပြည်သူလူထုထံ တရားဝင် ချပြခြင်း မရှိသေးချေ။
ဥပဒေ ရေးဆွဲနေစဉ်
ကာလအတွင်း လက်တလော ပညာရေး ပြောင်းလဲမှုများ ဖြစ်သည့် စာမေးပွဲစနစ်၊
သင်ရိုးညွှန်းတမ်း၊ ဆရာ ၊ ဆရာမများ အရည်အသွေး မြင့်မားရေး တို့အတွက် ပညာရေး
ဝန်ကြီးဌာန တာဝန်ရှိသူများက ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်နေကြသော်လည်း
လက်တွေ့ အသုံးချရမည့် ပညာရေး အသုံးစရိတ်အတွက်မူ စိန်ခေါ်မှုများ
ကျန်ရှိနေသေးသည်။
သို့သော် အဓိကအုတ်မြစ်ဖြစ်သော အမျိုးသားပညာရေး
ဥပဒေကို ကဏ္ဍစုံ လွှမ်းခြုံနိုင်ရန်နှင့် အချိန်တိုအတွင်း ဆောင်ရွက်ရန်
လိုအပ်ကြောင်း၊ အလျင်စလို ဆုံးဖြတ် လုပ်ကိုင်လျှင် မှားသွားမည်ကိုလည်း
စိုးရိမ်သောကြောင့် လက်တွေ့ကျကျ ချင့်ချိန် ဆောင်ရွက်ကြရန် နိုင်ငံတော်
ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြားသည်။
ယင်းကြောင့်
အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး မဏ္ဍိုင် နှစ်ခုက အမျိုးသားပညာရေး ဥပဒေ
ရေးဆွဲရေးကို သီးခြား လုပ်ဆောင်နေသော်လည်း လာမည့်နှစ်တွင် ပြည်သူလူထု
လက်ထဲကို ယင်းဥပဒေမူကြမ်း နှစ်ခု လက်ဝယ် ရောက်ရှိလာတော့မည်။
မည်သည့် ဥပဒေကို ပြည်သူလူထု ရွေးချယ်မည်၊ မည်သည့် ဥပဒေမူကြမ်း အတည်ဖြစ်မည်ကို စောင့်ဆိုင်းရဦးမည်။
တစ်ဖက်တွင်လည်း
အကြောင်း အမျိုးမျိုးကြောင့် အမျိုးသားပညာရေး ဥပဒေ အတည်ပြုမှု နောက်ကျပြီး
လွှတ်တော် ကိုယ်စားလှယ် အပြောင်းအလဲ ဖြစ်လာလျှင် ယင်းဥပဒေ၏ အလားအလာက
တစ်မျိုး ပြောင်းလဲသွားပေဦးမည်။
ယင်းအခြေအနေ ဖြစ်ပေါ်လာပါက အဆိုပါ
ဥပဒေကိုပင် ထပ်မံရေးဆွဲမည့် အခြေအနေတစ်ခု ပေါ်ပေါက်လာနိုင်ကြောင်း
ပညာရေးဝန်ထမ်း အသိုင်းအဝိုင်းက သုံးသပ်ကြသည်။
“အခုပညာရေး ဥပဒေအပေါ် မြင်တွေ့နေရတာ အားရစရာ မရှိဘူး” ဟု လုပ်သက်ရင့် ပညာရေး ဝန်ထမ်းတစ်ဦးက ပြောကြားသည်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
4 years ago
0 comments:
Post a Comment