Related Posts Plugin for WordPress, Blogger...

Saturday, December 7, 2013

မြောက်ကိုရီးယားအကျဉ်းစခန်းများတွင် အမျိုးသမီး များကို အဓမ္မပြုကျင့်သတ်ဖြတ်မှုများရှိနေဟုဆို




နိုင်ငံရေးအကျဉ်းစခန်းတွင် အကျဉ်းကျအမျိုးသမီးများမှာ အဓမ္မပြုကျင့်ခဲ့ရပြီး သတ်ဖြတ်ခံ ရမှုများရှိနေကြောင်း မြောက်ကို ရီးယားနိုင်ငံ၏ အကြီးဆုံးနိုင်ငံရေး အကျဉ်းစခန်းတွင် တာဝန်ထမ်း ဆောင်ခဲ့သော လုံခြုံရေးအရာရှိ တစ်ဦးက ပထမဦးဆုံးအကြိမ် ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရသည်။

၁၉၈ဝပြည့်နှစ်နှင့် ၁၉၉၀ ပြည့်နှစ်တို့တွင် အကျဉ်းစခန်း အမှတ် (၁၆)ရှိ လုံခြုံရေးအရာရှိ တစ်ဦးဖြစ်သူ မစ္စတာလီက ဟမ်ဂျောင် ပြည်နယ်မြောက်ပိုင်း ဒေသရှိ အကျဉ်းစခန်း၌ ဆိုးရွား လှသော အကျဉ်းသားများ၏နေ့စဉ်ဘဝများကို ထုတ်ဖော် ပြောကြားခဲ့ခြင်းဖြစ်သည်ဟုသိရ သည်။ မစ္စတာလီသည် နိုင်ငံတ ကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ကို ဆိုဗီယက်နည်းလမ်းများအ တိုင်း အကျဉ်းသားများအား သေဒဏ်စီရင်ပုံကို ထုတ်ဖော် ပြောဆိုခဲ့ခြင်းဟု သိရသည်။

မစ္စတာလီ၏ ပြောကြားချက် အရ အကျဉ်းကျအမျိုးသမီး များသည် အကျဉ်းထောင်အရာ ရှိများ၏ တစ်ညတာ ရက်ရက် စက်စက်အဓမ္မပြုကျင့်ခြင်းခံရ ပြီးနောက် သတင်းမပေါက် ကြားစေရန်အတွက် သတ်ဖြတ် ခြင်းခံကြရသည်ဟု သိရသည်။ ယင်းကဲ့သို့အလားတူ အဖြစ်အ ပျက်များမှာ အခြားနိုင်ငံရေး အကျဉ်းစခန်းများ၌လည်း ဖြစ် ပွားလျက်ရှိသည်ဟု ဆိုသည်။
နိုင်ငံတကာလွတ်ငြိမ်းချမ်း သာခွင့်အဖွဲ့သည် မြောက်ကိုရီး ယားနိုင်ငံအကျဉ်းစခန်းနှင့် ပတ် သက်သော သတင်းအချက်အ လက်သက်သေများ မြောက် ကိုရီးယားရှိ လူ့အခွင့်အရေးချိုး ဖောက်မှုများကို စုံစမ်းစစ်ဆေး ရေးကုလသမဂ္ဂ ဒုက္ခသည်များဆိုင် ရာမဟာမင်းကြီးရုံးသို့ ပေးပို့ထား သည်ဟုသိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U