Related Posts Plugin for WordPress, Blogger...

Saturday, December 7, 2013

လွှတ်တော်ကိုယ်စားလှယ်အသုံးပြုရမည့်ငွေ ကျောင်းဆောက်ရေးအတွက် ပါဝင်စေလို


သီပေါမြို့နယ်အတွင်း ၁၉၈၂ ခုနှစ်အတွင်းတည်ဆောက်ခဲ့သောအထက(၂)
ကျောင်းဆောင်အချို့ ပျက်စီးနေပြီး ဖြစ်ပြီးယခုအခါတွင် ကျောင်းဆောင်
အသစ်များဆောက်လုပ်ရန် လိုအပ်လျက်ရှိနေကြောင်း အ.ထ.က (၂) ကျောင်းအုပ်ကြီးက ဆိုသောကြောင့် လွှတ်တော်ကိုယ်စားလှယ်များ အသုံးပြုမည့် သိန်းတစ်ထောင်မှ အသုံးပြုစေလုံးကြောင်း
ဒေသခံများက ပြောကြသည်။

ယခင်ကျောင်းအုပ်ဆရာမကြီး၏ ကျောင်းဆောင်ပြုပြင်ရန်
တောင်းဆိုမှုကြောင့် ယခုအခါတွင်(၅)ခန်းတွဲ တစ်ထပ်
ကျောင်းဆောင်အား ကျပ်သိန်း(၃၆၀)ကျော် အကုန်အကျခံ၍ ပညာရေးဌာနမှ ချထားပေးခဲ့ကြောင်းသိရှိရသည်။

ယင်းသို့ ကျောင်းဆောင်ချထားပေးသော်လည်း ကျောင်းသားဦးရေ တိုးပွားလာသည်နှင့်အမျှ ကျောင်းဆောင် လိုအပ်ချက်မှာလည်း ပိုမိုမြင့်တက်လာလျက်ရှိကြောင်းကျောင်းအုပ်ကြီးက ပြောသည်။

'' ကျောင်းဆောက်လုပ်ရေးကော်မတီအနေနဲ့ ပြည်နယ်အစိုးရကနေ (၅)ဦးကော်မတီဖွဲ့ပေးထားပါတယ်၊ ဒီကျောင်းဆောင်
ပြီးသွားရင်လည်းကျောင်းဆောင်လိုအပ်ချက်ကရှိနေအုံးမှာပါ၊ ကျောင်းသားတွေကတစ်နှစ်ထက် တစ်နှစ် များလာနေတယ်'' ဟု အဆိုပါ
ကျောင်းအုပ်ကြီးမှ ထပ်မံသုံးသပ်ပြောကြားသည်။

၎င်းကျောင်းတွင် ကျောင်းသားကျောင်းသူ (၁၄၀၀)ကျော် ပညာသင်ကြားလျက်ရှိနေပြီး အဓိကပြဿနာမှာစာသင်ခန်း မလုံလောက်မှု ပြဿနာဖြစ်ကြောင်း ကျောင်း
ဆရာမဒေါ်နန်းနွဲ့မှ ပြောသည်။
'' ကျောင်းသားတွေကတစ်နှစ်ထပ်တစ်နှစ် ပိုလာတယ်၊ ချပေးတဲ့
အဆောင်တွေကလည်း(၁)ထပ်အဆောင်တွေပဲ ဖြစ်နေတယ်၊ ကိုယ်ထူကိုယ်ထ လုပ်ထားတာလည်းရှိတယ် ကြာရင် ကျောင်းတွေ
အားလုံးမှ အခန်းတွေနဲ့ပဲ ပြည့်ကျပ်သွားနိုင်တယ် အစိုးရအနေနဲ့ (၂)ထပ်ဆောင်မျိုးလည်း ချပေးနိုင်ရင် အထက်တန်းကျောင်းအတွက်
ပိုအဆင်ပြေနိုင်ပါတယ်'' ဟု သီပေါဒေသခံကိုမျိုးတင့်မှ ပြောသည်။

လက်ရှိလွှတ်တော် အမှတ်များအားဒေသဖွံ့ဖြိုးရေးအတွက် ကျပ်သိန်း(၁၀၀၀)ချထားပေးသည့် ငွေကြေးထဲမှ အဆိုပါ
ကျောင်းအတွက် အသုံးပြုပေးနိုင်လျင် ပိုမိုထိရောက်နိုင်မည်ဖြစ်ကြောင်း သီပေါဒေသခံအချို့မှလည်း သုံးသပ်ပြောကြားသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U