Related Posts Plugin for WordPress, Blogger...

Monday, December 9, 2013

ဟိုဆေးကုန်တိုက်တွင် မီးလောင်မှုကြောင့် လူ (၇)ဦး သေဆုံးမှုဖြစ်



ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ (၈)ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် ဂန္ဓမာလမ်းထောင့်ရှိ ဟိုဆေးကုန်တိုက်တွင်  မီးလောင်မှု ဖြစ်ပွားမှုကြောင့် လူ(၇)ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ သတင်း ထုတ်ပြန် ချက်မှာ ဖော်ပြထားပါသည်။

အဆိုပါ မီးလောင်မှုကို ၁၀.၁၂.၂၀၁၃ရက်နေ့ ၀၀၂၅အချိန်မှာ မရမ်းကုန်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့်အတူ ဟိုဆေးကုန်တိုက်တွင် မီးလောင်မှု ဖြစ်ပွားနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ၎င်းကုန်တိုက်၏ အပေါ်ဆုံးထပ်ရှိ Venus Garden Spa အလှပြင်ဆိုင်တွင် လျှပ်စစ်မီးပူအား မီးပလပ်ထိုးထားရာမှ အပူချိန်လွန်ကဲကာ မီးစတင်လောင်ကျွမ်းခြင်း ဖြစ်ကြောင်း သိရပါသည်။

အဆိုပါ မီးလောင်ရာသို့ မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်(၂၄)စီး၊ အုပ်ချုပ်မှုယာဉ် (၆)စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ပြီး မီးလောင်မှုကြောင့် ဆိုင်အတွင်းရှိ ကျား (၃)ဦး၊ မ(၂)ဦး၊ ကျား/မခွဲမရ (၂)ဦး၊ စုစုပေါင်း (၇)ဦးသေဆုံးခဲ့ပြီး တန်ဘိုးငွေကျပ် (၅၆၇၅၀၀၀)ခန့် ဆုံးရှုံးခဲ့သောကြောင့် မီးကိုပေါ့ဆစွာသုံးစွဲသူ ထွန်းထွန်းနိုင် (ဘ)ဦဟုန်တုံငုံအပေါ် မရမ်းကုန်းမြို့မရဲစခန်း(ပ)၅၁၁/၂၀၁၃၊ ပုဒ်မ ၃၀၄-က/၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့  သတင်းထုတ် ပြန်ချက်မှာ ဖော်ပြထားပါသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U