Related Posts Plugin for WordPress, Blogger...

Wednesday, December 4, 2013

အသစ်ဆောက်လို၍ အန္တရာယ်ရှိအဆောက်အအုံ ဖြစ်ရန် တမင်လုပ်ဆောင် ဟုဆို




ရန်ကုန်မြို့တော်တွင် နေထိုင်သူ အချို့သည် အဆောက်အအုံဟောင်း အချို့ကို အသစ် ဆောက်လို၍ လူနေထိုင်ရန် မသင့်လျော်သည့် အန္တရာယ်ရှိ အဆောက်အအုံများ အဖြစ် သတ်မှတ်ရန် ရည်ရွယ်ချက်ရှိစွာ တမင်လုပ်ဆောင်မှုများ ရှိကြောင်း မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောကြားသည်။

အန္တရာယ်ရှိ အဆောက်အအုံ အဖြစ် သတ်မှတ်ခံရပါက အသစ်ပြန်လည် မွမ်းမံခြင်း၊ ဖြိုဖျက်၍ အသစ် ပြန်လည် တည်ဆောက်ခြင်းများ ပြုလုပ်ခွင့် ရှိ၍ မူလရှိရင်းစွဲ အဆောက်အအုံ အမြင့်ထက် ပိုမိုဆောက်လုပ်မှုများ ရှိကြောင်း မြို့ပြစီမံကိန်း ရေးဆွဲရေး ပညာရှင်လည်းဖြစ်သူ ၄င်းက ဆိုသည်။
"အန္တရာယ် မရှိတာကို အန္တရာယ်ရှိအောင် လုပ်ပြီး DB (Dangerous Building) ဖြစ်အောင် ကုလားဖန် ထိုးနေတာလည်း အများကြီး ရှိပါတယ်။ အိမ်ထဲက နေပြီး နံရံကို တူနဲ့ထုနေတာတွေ ရှိပါတယ်" ဟု ၄င်းက ထုတ်ဖော်ပြောကြားသည်။

ပြည်သူများအတွက် အန္တရာယ်ရှိသော အဆောက်အအုံများ ရန်ကုန်မြို့တွင် မည်မျှအထိ ရှိ၍ ယင်းအဆောက်အအုံများကို မည်သို့ အချိန်မီပြုပြင်ရန်နှင့် မွမ်းမံ ပြင်ဆင်ရန် လုပ်ဆောင်နေ သည်များကို သိလိုကြောင်း ကမာရွတ်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြငွေက မေးခွန်းထုတ်သည်။

ရန်ကုန်တစ်မြို့လုံးတွင် လူနေရန် မသင့်သော အန္တရာယ်ရှိ အဆောက်အအုံ ပေါင်း ၁၆၀၀ ကျော်ခန့် ရှိနေသေးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက် အအုံ) မှလက်ထောက်ဌာနမှူး ဒေါ်တင်တင်ကြည် က The Voice သို့ ပြောကြားသည်။

ရန်ကုန်မြို့တော်ရှိ ပေ ၃၀ အကျယ် လမ်းတွင် ၄၅ ပေ အမြင့်သာ ဆောက်လုပ်ခွင့် ရှိရာ လူမှုရေးအရ ဆောက်လုပ်သူ လုပ်ငန်းရှင် အဆင်ပြေစေရန် ၈ ထပ်အထိ ဆောက်ခွင့်ပေးခြင်း၊ ယာဉ်ရပ်နားရန် နေရာ မပါဘဲ ဆောက်လုပ်ခွင့် ပြုပေးခြင်းတို့ ရှိကြောင်း ဒေါ်လှိုင်မော်ဦးက ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ လမ်းညွှန်ချက်ဖြင့် မြို့မြေ အသုံးချရန်နှင့် အဆောက်အအုံ တည်ဆောက်မှု ဇုန်များကို ရန်ကုန် တစ်မြို့လုံးကို ဇုန် ၁၁ ဇုန် သတ်မှတ်၍ လိုက်နာကျင့်သုံးရန် ရှိကြောင်း ဒီဇင်ဘာလ ၃ ရက်နေ့က ပြုလုပ်သည့် အများပြည်သူ ဆွေးနွေးပွဲတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ကြေညာသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U