မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ် ကလန်းမြို့နယ်ဆေးရုံတွင် ထားရှိသော
မြန်မာနိုင်ငံသား အလောင်းနှစ်လောင်းမှာ ပိုင်ရှင်မဲ့ဖြစ်နေသောကြောင့်
သုံးပတ်ကြာမြင့်သည်အထိ မသင်္ဂြိုဟ်ရသေးကြောင်း သတင်းရရှိသည်။
သေဆုံးသူနှစ်ဦးမှာ အသက် (၂၀) ၀န်းကျင်အရွယ်နှင့် အသက် (၄၀)
ဝန်းကျင်အရွယ်ဖြစ်ပြီး နိုဝင်ဘာ ၁၆ ရက်က မလေးရှား နိုင်ငံ
ကလန်းမြို့အနီးတွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် အလောင်းများဖြစ်ကြောင်း
မလေးရှားရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
““ကျွန်တော်တို့ကလည်း အဲဒီအသက်ရွယ်ပုံစံတူနှစ်ယောက် ပျောက်ဆုံးနေလို့
ဟုတ်လားလို့ သွားကြည့်တာပါ။ ကျွန်တော်တို့လိုက်ရှာနေတဲ့သူ မဟုတ်ပါဘူး။
ရုပ်တွေကတော့ မြန်မာရုပ်တွေပါ။ ဆေးရုံမှာထားထားတာ တော်တော်ကြာပြီပြောပါတယ်။
ပိုင်ရှင်မရှိသေးလို့ မသင်္ဂြိုဟ်ရသေးပါဘူး”” ဟု ဒီဇင်ဘာ ၂ ရက်တွင်
ကလန်းမြို့ဆေးရုံ၌ မြန်မာနိုင်ငံသား အလောင်းနှစ်လောင်းကို
သွားရောက်ကြည့်ရှု့ခဲသူ ၈၈ မျိုးဆက်ကျောင်းသား (မလေးရှား)မှ ကိုအောင်ကြီးက
ပြောသည်။
သေဆုံးသွားသော အလောင်းများကို ပိုင်ရှင်ပေါ်ပေါက်ပြီး ခွင့်ပြုချက်ပေးမှသာ
သင်္ဂြိုဟ်ရမည်ဖြစ်ပြီး ရက်အတော်ကြာအထိ လာရောက်မဆက်သွယ်၊ ပိုင်ရှင်မရှိပါက
နားလည်မှုဖြင့် သင်္ဂြိုဟ်ကြလေ့ရှိကြောင်း သတင်းရရှိသည်။
မလေးရှားနိုင်ငံတွင် အောက်တိုဘာ ၂၁ ရက်က မြန်မာအချင်းချင်းပြန်ပေးဆွဲပြီး
ကျပ်သိန်းနှစ်ရာဖြင့်ရွေးရန် တောင်းဆိုရာတွင် ကျပ်သိန်းတစ်ရာ
ငွေလွှဲပေးသော်လည်း ပြန်ပေးဆွဲခံရသူနှစ်ဦး တစ်လကြာသည်အထိ
ပြန်ရောက်မလာသေးသော အမှုတစ်ခု ဖြစ်ပွားနေသည်။ ပြန်ပေးဆွဲသွားသော
မြန်မာအမျိုးသားလေးဦးကို မဖမ်းဆီးနိုင်သေးသလို ဓားစာခံနှစ်ဦးမှာလည်း
မလွတ်မြောက်သေးသည့်အတွက် အစောပိုင်းတွင် ပိုင်ရှင်မဲ့အလောင်းနှစ်လောင်းမှာ
ပြန်ပေးဆွဲခံရသောတူအရီးများ ဖြစ်နေမည်လားဟု ခန့်မှန်းမှုများရှိခဲ့သည်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago
0 comments:
Post a Comment