Related Posts Plugin for WordPress, Blogger...

Monday, December 30, 2013

ချိတ်လုံချည် ဆိုတာ မြန်မာ့ရိုးရာ ပွဲနေပွဲထိုင် ၀တ်တဲ့ ၀တ်စုံလို့တော့ အကြမ်းဖျင်းနားလည်ပါတယ်

တကယ်တော့ဗျာ... ချိတ်လုံချည် ဆိုတာ မြန်မာ့ရိုးရာ ပွဲနေပွဲထိုင် ၀တ်တဲ့ ၀တ်စုံလို့တော့ အကြမ်းဖျင်းနားလည်ပါတယ်...။ ယောကျာင်္းဝတ်ရင် ချိတ်ပုဆိုး လို့ခေါ်ကြသလို...၊ မိန်းမတွေဝတ်တော့ ချိတ်ထမီ လို့ခေါ်ကြတယ်ထင်ပါရဲ့....။ အဲ့ဒီ့ ချိတ်လုံချည် နဲ့ ပတ်သက်တဲ့

အကြောင်းကို ကိုယ်တိုင်သေသေချာချာ တိတိကျကျ မသိပါဘူး....။ ဒါပေမဲ့ အကြမ်းဖျင်း အပေါ်ယံ သိတာကတော့ ဟိုး... ယခင်ကတည်းက ပွဲနေပွဲထိုင်တွေမှာ အမျိုးသား အမျိုးသမီး တွေ ဆင်တူဝတ်ကြတယ်လို့တော့ သိထားပါတယ်...။ မိန်းမ၀တ် က အတောင် ဘယ်လောက်ရှိပြီး ယောကျာင်္းဝတ်က အတောင် ဘယ်လောက်ရှိတယ် ဆိုတာနဲ့ သူ့ရဲ့သမိုင်းကိုတော့ Online ပေါ်ရေးတင်ထားကြတာတွေ မရှိဘူးထင်ပါရဲ့...။ မနေ့ကတည်းက Google ကနေသိချင်လို့ ရှာတာ မတွေ့မိပါဘူး...။

ဘာပဲဖြစ်ဖြစ်ပါ သေချာတဲ့ သမိုင်းသက်သေ အထောက်ထားတစ်ချို့မှာတော့ အမျိုးသားရော... အမျိုးသမီးတွေပါ ၀တ်ခဲ့ကြတာပါပဲ....။ ဒါပေမဲ့ လူမျိုးတိုင်း နိုင်ငံတိုင်းတွေမှာ တိတိကျကျသတ်မှတ်ထားတာမျိုး မဟုတ်ပေမဲ့ အရောင်ကိုတော့ အကြမ်းဖျင်းအားဖြင့် ဒီအရောင်ဟာ မိန်းမအရောင်...၊ ဒီအရောင်ကဖြင့် ယောကျာင်္း အရောင်လို့တော့ ခွဲခြားထားတာမျိုးတွေ ရှိတတ်ပါတယ်...။ အဆင်ကိုလည်း ဒါဟာမိန်းမအဆင်... ဒါကတော့ ယောကျာင်္းအဆင်ရယ်လို့လည်း သတ်မှတ်ပြောဆိုတတ်ကြပါတယ်...။ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးမှာတော့ ဒါတွေပြောင်းလဲပြီး ရောထွေးကုန်တယ်ဆိုပေမယ့် ခေတ်ပေါ်ဒီဇိုင်း အိကျီ်င်္တွေမှာ ရောထွေးတာ သိပ်မပြောလိုပေမယ့် နိုင်ငံရဲ့ ရုံးသုံး နဲ့ ပွဲနေပွဲထိုင်တွေမှာ အဓိက ၀တ်ဆင်တဲ့ ပုဆိုး နဲ့ တိုက်ပုံကိုတော့ ရောထွေးပစ်ဖို့ မသင့်လှပါဘူး...။ နိုင်ငံတော် ထိပ်ပိုင်းခေါင်းဆောင်တွေအနေနဲ့ ပြူးတူးပြဲတဲ မိန်းမဆန်တဲ့ အရောင်တွေကို(ယတြာအရ) ရွေးချယ် တာထက် တည်ငြိမ်တဲ့ ရင့်ကျက်တဲ့ အရောင်မျိုး..၊ အဆင်မျိုးကို ရွေးချယ်သင့်ပါတယ်...။ ပြောသာပြောရတာပါ...။ မင်းတြားကြီးရဲ့ ယတြာအထာမို့ မတတ်နိုင်ကြဘူး ထင်ပါရဲ့...။ ထို့အတူပါပဲ.. ဆယ်လီဘရီတီတွေ နဲ့ သူတို့ရဲ့ ဒီဇိုင်နာတွေ အနေနဲ့လည်း ဒါကိုတော့ဖြင့် တန်ဖိုးထားစေချင်ပါတယ်...။

ဒီလိုပြောလို့ ခင်ဗျားဟာ အခုထိ ပုဂံခေတ်ကနေ မတက်သေးပါလား လို့ပြောရင်လည်း ဟုတ်ကဲ့ပါ... ကျနော်တို့နိုင်ငံဟာ နှစ်ပေါင်း ၅၀ ကျော် ဘုရင်ရူး ရူးပြီး အုပ်ချုပ်လာခဲ့တဲ့ နိုင်ငံမို့... နောက်ပေါက် ကျနော်ဟာလည်း ပုဂံခေတ် လယ်ကျွန် ဘ၀မှာပဲ ရှိနေပါသေးတယ်....။ ဘုရင်ရူး ပါတော်မူ အဲ... မျောတော်မူ..၊ ရှောတော် မူပြီးရင်တော့ ကျနော်တို့ အဲ့ဒီခေတ်က တက်ပြီ လို့တော့ ထင်တာပါပဲ....။ နောက်တစ်ယောက် မရူး ရင်ပေါ့နော်......။

လွတ်လပ်ရေးဖခင်ကြီး..၊ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် ဇနီးဒေါ်ခင်ကြည် မိသားစုအားတွေ့ရစဉ်.....။

Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U