Related Posts Plugin for WordPress, Blogger...

Sunday, December 1, 2013

မြစ်ဆုံရွာဟောင်း (တန်ဖဲ)ရွာတွင် နေထိုင်သူများအား အတည်တကျ နေထိုင်ခြင်း မပြုရန် မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှ သတိပေး



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံရွာဟောင်း (တန်ဖဲ)ရွာတွင် နေထိုင်သူများအား အတည်တကျ နေထိုင်ခြင်း မပြုရန်နှင့် နေထိုင်ပါက ပုဒ်မ-၁၈၈ ကျူးကျော်နေထိုင်မှုဖြင့် အရေးယူနိုင်ကြောင်း နိုဝင်ဘာ ၂၉ ရက်က မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ လာရောက်ပြီး သတိပေးခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

ဒေသခံ တစ်ဦးက "မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲဝန်ထမ်း အချို့နဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ ပါတယ်။ အတည်တကျ မနေထိုင်ဖို့နဲ့ နေထိုင်ရင် ပုဒ်မ-၁၈၈ နဲ့ အရေးယူနိုင်ကြောင်း ပြောသွားပါတယ်။ ဖမ်းဆီးတာတော့ မလုပ်သေးပါဘူး။ ရွာသားတွေကလည်း ရွှေ့ပြောင်းထားရတဲ့ရွာမှာ ၀မ်းစာရှာရတာခက်လို့ လာရောက်လုပ်ကိုင်ရကြောင်း ပြောပြပါတယ်။ ဒေသခံတွေကတော့ ရေရှည်မှာ ဘယ်လိုအသက်မွေး ရမလဲဆိုတာ စိုးရိမ်နေကြတယ်" ဟု ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက "အဲဒီရွာတွေမှာ အတည်တကျ မနေဖို့သွား လာရောက်ကွင်းဆင်းတာပါ။ ဒေသခံတွေကို အစိုးရက လျော်ကြေး၊ နစ်နှာကြေးတွေ၊ နေစရာတွေ ပေးထားပြီးဖြစ်လို့ ဆက်လက်နေထိုင်မယ်ဆိုရင် ပုဒ်မ-၁၈၈ နဲ့ အရေးယူလို့ ရပါတယ်" ဟု The Daily Eleven သို့ ပြောကြားသည်။

မြစ်ဆုံကျေးရွာတွင် နေထိုင်သူများအား သွားရောက်စစ်ဆေး စုံစမ်းရန် ပြီးခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်လာသည့် ၀န်ကြီးလေးဦး မြစ်ဆုံသို့ လာရောက်လည်ပတ်ချိန်တွင် ရွာဟောင်း၌ နေထိုင်သူများအား တွေ့မြင်ကာ သက်ဆိုင်ရာသို့ ပြောဆိုခဲ့ပြီး ယခုကဲ့သို့ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ အစိုးရ ၀န်ထမ်းများက ဆိုသည်။

မြစ်ဆုံဒေသမှ ရွှေ့ပြောင်းခဲ့သူများမှာ ကျေးရွာသစ်များတွင် စိုက်ပျိုးရန် မြေမကောင်းခြင်း၊ တိရစ္ဆာန်များ မွေးမြူရန် နေရာမရှိခြင်း၊ စားရေးနေရေးနှင့် ၀မ်းစာရှာဖွေရန် ခက်ခဲခြင်းတို့ကြောင့် မူလကျေးရွာများတွင် ပြန်လည်နေထိုင်ပြီး လုပ်ကိုင်စားသောက်ခွင့်ပြုရန် နိုင်ငံတော် သမ္မတနှင့် အစိုးရ ဌာနများ၊ ၀န်ကြီးဌာနများသို့ အသနားခံစာများကို လွန်ခဲ့သော နှစ်များတွင် ပေးပို့ထားကြောင်း သိရသည်။ ဒေသခံများမှာ ရွှေ့ပြောင်းကျေးရွာများတွင် ၀မ်းစာရှာဖွေ စားသောက်ရန် ခက်ခဲသည့်အတွက် အလုပ်လုပ်နိုင်သူ အများစုမှာ ရပ်ဝေးဒေသများသို့ သွားရောက်စီးပွား ရှာနေရကြောင်း ဒေသခံများက ဆိုသည်။

(မြစ်ဆုံဒေသ တန်ဖဲရွာအနီးတွင် ဒေသခံများ တစ်ပိုင်တစ်နိုင် ရွှေကျင်နေသည်ကို နိုဝင်ဘာလဆန်းက တွေ့ရစဉ်

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U