Related Posts Plugin for WordPress, Blogger...

Wednesday, January 29, 2014

Air KBZ လိုင်းမှ လေယာဉ်တစ်စင်း စက်ချို့ယွင်းမှုကြောင့် ရန်ကုန်လေဆိပ်တွင် ပြန်လည်ရပ်နားခဲ့ရ

ဇန်န၀ါရီ ၂၈ ရက်၊ နံနက် ၈ နာရီခန့်က ရန်ကုန်-မန္တလေး-ဟဲဟိုး-ရန်ကုန် ခရီးစဉ်ပျံသန်းသော Air KBZ လေကြောင်းလိုင်းမှ ခရီးသည် ၆၅ ဦးလိုက်ပါလာသော K7-266 လေယာဉ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ခရီးစဉ်ပျံသန်းရန် လေဆိပ်ပြေးလမ်းပေါ်အရောက် System error ကြောင့် ဆက်လက်ပျံတက်ခြင်း မပြုနိုင်ဘဲ ရန်ကုန်လေဆိပ် လေယာဉ်ရပ်နားရာနေရာသို့ ပြန်လှည့်လာခဲ့ရကြောင်း သိရသည်။

“လေယာဉ်က ပြေးလမ်းပေါ်မှာ System error ကြောင့် ပျံမတက်နိုင်ဘဲ လေယာဉ်ရပ်နားရာနေရာသို့ ပြန်လှည့်လာခဲ့ရပါတယ်။ လေယာဉ်ရပ်နားပြီးချိန်မှ အပူလွန်ကဲပြီး မီးခိုးတွေ အူထွက်ခဲ့တာပါ။ ခရီးသည်တွေ တစ်ဦးမှ ထိခိုက်မှုမရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ အခုခရီးသည်တွေကို အခြားလေယာဉ်တစ်စင်းနဲ့ ပို့ဆောင်ပေးပြီးပါပြီ။ လေယာဉ်ကိုလည်း စစ်ဆေးမှုတွေ လုပ်ပြီးပါပြီ” ဟု Air KBZ လေကြောင်းလိုင်းမှ GM ကိုမြတ်သူက ပြောပြသည်။

“လေယာဉ်က ပြေးလမ်းပေါ်မှာ ဘရိတ်ရှူးငြိသွားလို့ မီးခိုးတွေ အူထွက်လာခဲ့တယ်။ ဒါကြောင့်မို့ ပိုင်းလော့က ဆက်လက်ပျံတက်ခြင်းမပြုဘဲ လေယာဉ်ရပ်နားရာကို ပြန်လှည့်လာခဲ့ပါတယ်။ လေယာဉ်ကို ရပ်နားပြီးချိန်မှာ မီးသတ်တွေနဲ့ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်” ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လေကြောင်းထိန်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U