Android ဆိုရင်..လူတိုင်းစိတ်ဝင်စားကြပါတယ်။ IOS နဲ့
ယှဉ်လိုက်ရင်.. Android က...free ရတာများပါတယ်။ Open Source
ဖြစ်တဲ့အတွက်..စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်။ Android application
ရေးသားနည်းကို..အပြင်မှာဆိုရင်..
သိန်းချီပေးပြီး..သင်တန်းတွေတတ်နိုင်ပါတယ်။ ဒါပေမဲ့..
မတတ်နိုင်တဲ့သူတွေအတွက်.. သိသလောက်ကို..ဝေမျှလိုက်ပါတယ်။
ညီမလည်း..စာအုပ်တွေပဲဖတ်ပြီး..လေ့လာနေတဲ့သူတစ်ယောက်ပါ။ Android Application
ရေးနည်းမပြောခင်..အရင်ဆုံး Android အကြောင်းကို..မိတ်ဆက်ပေးချင်ပါတယ်။
Android ဆိုတာဘာလဲ
Android ဆိုတာ..ကြိုးမဲ့ဆက်သွယ်ရေးကိရိယာများအတွက်... ဦးတည်ပြီး ဒီဇိုင်းထုတ်လုပ်ထားသော ၊ အများနားလည်လွယ်ပြီး..မည်သူမဆိုယူသုံးနိုင်သည့်.. Open Source Platform တစ်ခုပါ။ Android ကို Google မှပြည့်စုံသည့်အဆင့်ရောက်အောင်.. မွမ်းမံပြီး.. Open Handset Alliance ( OHA ) မဟာမိတ် အုပ်စုမှ..ပိုင်ဆိုင်ပါတယ်။ OHA ၏ရည်ရွယ်ချက်က.
. wireless device များကို..ပိုမိုဆန်းသစ်ရန်နှင့်.. အသုံးပြုသူများအား..ပိုမိုစုံလင်ပြီးဈေးသက်သာသည့်.. wireless device များဖန်တီးပေးရန်ဖြစ်ပါတယ်။ Android သည် Linux ပေါ်တွင်..အခြေခံထားပါသည်။ Linux ပေါ်တွင်အခြေခံရခြင်းမှာ.. ပေါ့ပါးခြင်း ၊ portability ၊ လုံခြုံခြင်း security နှင့် features စုံလင်မှုတို့ကြောင့်ပါ ။

***** ဆက်လက်ဖော်ပြပါမည် *****
0 comments:
Post a Comment