Related Posts Plugin for WordPress, Blogger...

Friday, January 31, 2014

Android Application ရေးသားနည်း (အပိုင်း ၂)


      Android Application ရေးသားဖို့အတွက်.. Software ၃ မျိုးလိုပါတယ်။
1. Java SE SDK
2. Android SDK
3. Eclipse IDE

     Java SE SDK Installation
- ပထမဦးစွာ.. Java SE SDK က..မိမိကွန်ပျူတာထဲတွင်ရှိမရှိကို..စစ်ဆေးရပါမယ်။
- Run > cmd ဖွင့်ပြီး java လို့ရိုက်လိုက်ပါ။ ရှိရင်တော့.. Java ရဲ့ version အကြောင်းကျလာပါလိမ့်မယ်။
- " java is not recognized as an internal or external command " ဆိုရင်တော့မရှိလို့ပါ။
- Java SE SDK မရှိရင်.. ဒီနေရာမှာဒေါင်းပါ
- download ဆွဲလို့ရလာရင်..အဆင့်ဆင့် run ပါမယ်။ Next တို့ Finish တို့နှိပ်ရုံပါပဲ။
သိပ်မခက်လို့.. run ပုံ run နည်းကို..မရှင်းပြတော့ပါဘူး..။ ^_^



     Android SDK Intallation
     Android SDK သည် Android Platform ပေါ်တွင်... Application များရေးသားလိုသူ Developer များအတွက်..အလွန်အသုံးဝင်သော.. software ဖြစ်ပါတယ်။ Android SDK တွင် နမူနာ project များ ၊ Source Code များ ၊ Development Tool များ ၊ Emulator ခေါ် window ပေါ်တွင် Android ဖုန်းကဲ့သို့အသုံးပြုနိုင်သည့်..ဖုန်းပုံစံငယ် နှင့် Android Application များတည်ဆောက်ရန်အတွက်.. လိုအပ်သော Libraries များပါဝင်ပါတယ်။ Java SE SDK ကို install မလုပ်ထားပါက.. Android SDk ကို install လုပ်ချိန်တွင်.. Warning Message နှင့် Error Message များကို..တွေ့ရတတ်ပါတယ်။ Java SE SDK ကို install လုပ်ပြီးမှ.. Android SDK ကို install လုပ်ဖို့အကြံပေးချင်ပါတယ်။

- Android SDK ကို ဒီမှာဒေါင်းပါ
- ရလာရင် double click နှိပ်ပြီး run လိုက်ပါ။
- Welcome to the Android SDK Tools Setup Wizard လို့ပေါ်လာရင် Next ကိုနှိပ်ပါ။
- Choose User နေရာမှာ.. ကြိုက်တာပေးပါ။
- Choose Install Location နေရာမှာ C:\User\user\AppData\Local\Android\android-sdk လို့ပေးပြီး Next ကိုနှိပ်လိုက်ပါ။
- Install > Next > Finish ဆိုရင် Android SDK ကို.. install လုပ်ပြီးပါပြီ။

***** ဆက်လက်ဖော်ပြပါမည် *****

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U