မန္တလေးတောင်ခြေ
 အတုမရှိ ကျောင်းတော်ကြီး အနီးရှိ သီပေါမင်း ကုသိုလ်တော် 
ရွှေနန်းတော်ကျောင်းကို World Momuments Fund က အမေရိကန်ဒေါ်လာ ငါးသိန်းကျော်
 အကုန်အကျခံ၍ ထိန်းသိမ်းမည့် အစီအစဉ်ကို အမေရိကန်ပညာရှင်များက 
ဖေဖော်ဝါရီလဆန်းပိုင်းတွင် စတင်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး 
ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန 
ဒုတိယညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ပြောကြားသည်။
ယင်းရွှေနန်းတော်ကျောင်းကို
 အမေရိကန် ပညာရှင်များက နည်းပညာနှင့် ဆက်စပ်သည့် အထောက်အကူ ပစ္စည်းများ 
အသုံးပြုမှု အနေအထား၊ ရွှေနန်းတော်ကျောင်းနှင့် ပတ်သက်သည့် ရှေး 
အထောက်အထားများ၊ ဌာန၏ အစဉ်အဆက် မှတ်တမ်းများ၊ လက်ရှိ ထိန်းသိမ်းမှု အနေအထား 
မှတ်တမ်းများကို ဆက်စပ် လေ့လာပြီးမှ ထိန်းသိမ်းမည့် အစီအစဉ်ဖြစ်သည့် ပုံဆွဲ
 မှတ်တမ်း ပြုလုပ်ခြင်း၊ ဓာတ်ပုံမှတ်တမ်း တင်ခြင်း၊ လေဆာ Scan ရိုက်ပြီး 
လေ့လာခြင်းတို့ကို ပြုလုပ်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ယင်းကဲ့သို့
 လေ့လာမှုများ ပြီးစီးသွားမှသာ ထိန်းသိမ်းခြင်း လုပ်ငန်းများကို 
စတင်လုပ်ကိုင်မည် ဖြစ်ကြောင်း၊ လုပ်ငန်းများ မစတင်မီ မန္တလေး ရှေးဟောင်း 
သုတေသနဌာနခွဲရှိ ပုံဆွဲ ကျွမ်းကျင်သူများက ရွှေနန်းတော်ကျောင်း 
ဇာတ်ကြီးဆယ်ဘွဲ့ကို ကြည့်ရှုပြီး ပုံများ စတင်ရေးဆွဲနေပြီး 
ဇာတ်ကြီးဆယ်ဘွဲ့ရှိ ပုံဆယ်ပုံအနက် ဇာတ်တော်ပုံ နှစ်ပုံကို ရေးဆွဲပြီးစီးပြီ
 ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“အမေရိကန်ပညာရှင်တွေ လုပ်ငန်း မစမီ ရှေးဟောင်းက ပုံဆွဲ လုပ်ငန်းတွေကို စနေပြီ” ဟု ၎င်းကဆိုသည်။
ရွှေနန်းတော်ကျောင်း
 လုပ်ငန်း စတင်ချိန်တွင် 3D ဓာတ်ပုံဖြင့် ရွှေနန်းတော် ကျောင်းအတွင်း 
အပြင်ကို မန္တလေး စက်မှုတက္ကသိုလ်နှင့် ပူးပေါင်း မှတ်တမ်းတင်ခြင်း၊ 
ရွှေနန်းတော်ကျောင်းရှိ အဆောင်များ မီးဘေးကာကွယ်ရေး လုပ်ငန်းများ 
စီမံဆောင်ရွက်ထားမှု၊ ကျောင်းအတွင်းသို့ မိုးရွာချချိန်တွင် မိုးရေများကို 
ရေမြောင်းများ ဖောက်၍ ထုတ်ခြင်း အစီအစဉ်များနှင့် ရှေးဟောင်း 
သစ်သားများနှင့် ပတ်သက်၍ ထိန်းသိမ်းခြင်း လုပ်ငန်းများကို ၂၀၁၅ ခုနှစ် အထိ 
အပိုင်းလိုက်၊ ကဏ္ဍအလိုက် ခွဲ၍ ပြုပြင် သွားမည် ဖြစ်ကြောင်း၊ ယင်းအစီအစဉ်များ
 ကို World Momuments Fund မှ အမေရိကန် ပညာရှင်များနှင့် 
ဆွေးနွေးထားကြောင်း ရွှေနန်းတော်ကျောင်း ထိန်းသိမ်း မွမ်းမံမည့် အစီအစဉ်တွင်
 ပါဝင်ရန်ရှိသော ပညာရှင်များက ပြောကြားသည်။
ရွှေနန်းတော်ကျောင်း 
ရှေးဟောင်း ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် မှတ်တမ်းယူခြင်း 
လုပ်ငန်းများသည် အလွန် အရေးကြီးကြောင်း မြန်မာမှု ဗိသုကာပညာရှင် တမ္ပဝတီ 
ဦးဝင်းမောင်က ဆိုသည်။
ရွှေနန်းတော်ကျောင်းသည် သာသနာပိုင် မြေပေါ်တွင်
 တည်ရှိသည့်အတွက် ပြုပြင်ခြင်း လုပ်ငန်းများထက် ရှေးမူမပျက် 
ထိန်းသိမ်းခြင်း လုပ်ငန်းများကိုသာ လုပ်ဆောင်စေလိုပြီး ဖြစ်နိုင်ပါက 
ယင်းရွှေနန်းတော်ကျောင်းသည် ၁၉ ရာစု လက်ရာဖြစ်သဖြင့် လေ၊ မိုး၊ ရေဒဏ်တို့ကို
 ခံနိုင်ရန် ရွှေနန်းတော်ကျောင်း တစ်ခုလုံးကို အပေါ်မှ အုပ်မိုးပြီး 
ထိန်းသိမ်းမှု လုပ်ငန်းများ ပြုလုပ်စေ လိုကြောင်း ရွှေနန်းတော်ကျောင်းနှင့် 
မျက်နှာချင်းဆိုင်ရှိ ဓမ္မစကြာကျောင်း ဆရာတော် သက်တော် (၆၅) နှစ်ရှိ ဦးဝိဇယ
 က မိန့်ကြားသည်။
ရွှေနန်းတော်ကျောင်းသည် မြနန်းစံကျော် နန်းတော်ရှိ 
မင်းတုန်းမင်းကြီး နတ်ရွာစံသော အဆောင်တော်ကို ဖျက်၍ သားတော် သီပေါမင်းက 
ပြန်လည် ဆောက်လုပ် လှူဒါန်းသည့် ကျောင်းဖြစ်ပြီး ယင်းကျောင်းတွင် သီပေါမင်း
 လက်ထက်မှစ၍ တပ်မတော် အစိုးရလက်ထက်ထိ ဆရာတော်လေးပါး ကျောင်းထိုင်ခဲ့ကာ ၁၉၉၄
 ခုနှစ်မှစ၍ မန္တလေးတိုင်းဒေသကြီး ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် 
စာကြည့်တိုက်ဦးစီး ဌာနသို့ လွှဲပြောင်း ပေးခဲ့ကြောင်း အဆိုပါ ဌာနထံမှ 
စုံစမ်း သိရှိရသည်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
                      -
                    
 
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့ 
ဒီဆိုဒ်ရဲ့  Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago




1:20 AM
 sayarchan.blogspot.com
 Posted in:  
0 comments:
Post a Comment