
သရုပ်ဆောင်
 ခင်လေးနွယ်ကို သူမရဲ့လတ်တလော အနုပညာလှုပ်ရှားမှုတွေနဲ့ သူမရဲ့ 
တစ်ကိုယ်တော်အခွေအကြောင်းကို မေးမြန်းဖြစ်ခဲ့တဲ့အခါ ‘ခင်လေး 
အနုပညာလှုပ်ရှားမှုတွေ သိပ်ပြီး မလုပ်ဖြစ်တော့ပါဘူး။ လက်ရှိမှာ 
ရိုက်ကူးရေးတွေကို နားလိုက်ပြီ။ ခင်လေးရဲ့ တစ်ကိုယ်တော် အခွေအတွက် 
ဖြည်းဖြည်းနဲ့ မှန်မှန်ပဲ အသံသွင်းဖြစ်နေပါတယ်။ ခင်လေးရဲ့ တစ်ကိုယ်တော် 
အခွေအတွက် စိုးရိမ်စိတ်တွေတော့ ဖြစ်မိပါတယ်။ အခွေထွက်လာတဲ့အခါမှာလည်း 
သူများတွေ ကိုယ့်ကို ဘယ်လိုများဝေဖန်ကြမလဲ ဆိုပြီးတော့ စိတ်ပူမိတယ်။ 
ခင်လေးဘက်ကတော့ ဒီအခွေလေးနဲ့ ပတ်သက်ပြီး အကောင်းဆုံးဖြစ်အောင်လို့ 
တတ်နိုင်သလောက် ကြိုးစားနေပါတယ်။ ခင်လေးက အဆိုလိုင်းဘက်က မဟုတ်တဲ့အတွက် 
အရင်တုန်းကတော့ စီးရီးထုတ်ရင် ကောင်းပါ့မလားလို့ တွေဝေမိသေးတယ်။ 
အခုလောလောဆယ်မှာ သရုပ်ဆောင်အလုပ်တွေကို နားလိုက်ပေမဲ့ နောင်တရတ 
ဲ့စိတ်မျိုးတော့ မဖြစ်ပါဘူး။ ကိုယ့်အတွက် နစ်နာသွားတယ်ဆိုပြီးလည်း 
မခံစားရပါဘူး။ သရုပ်ဆောင်ပြန်လုပ်ဖို့  အစီအစဉ်လောလောဆယ် မရှိသေးပေမဲ့ 
အခြေအနေတွေက ဘယ်လိုပြောင်းလဲလာမလဲဆိုတာ မသိသေးတဲ့အတွက် 
ပြောလို့တော့မရသေးပါဘူး။ ခင်လေးရဲ့ တစ်ကိုယ်တော် အခွေကို 
ပရိသတ်ရှေ့ချပြဖို့ကတော့ လိုပါသေးတယ်။ ကြာဦးမှာပါ။ ဒီအခွေလေးနဲ့ 
ပတ်သက်ပြီး သိပ်ပြီးတော့ မပြောချင်သေးပါဘူး။ နီးမှပဲ ပြောတာကောင်းမယ်လို့ 
ထင်ပါတယ်။ ခင်လေး သက်မွန်မြင့်ရဲ့ မင်္ဂလာဆောင်မှာ 
သတို့သမီးအရံလုပ်ပေးဖို့ရှိမယ်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
                      -
                    
 
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့ 
ဒီဆိုဒ်ရဲ့  Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago




1:21 AM
 sayarchan.blogspot.com
 Posted in:  
0 comments:
Post a Comment